Reincarnation of Flowers

76 9 3
                                        


ပုရစ်သံ ကြောင်အော်သံ ခွေးဟောင်သံတွေ မျိုးစုံအောင်ကြားနေရတဲ့ သီးနှံစိုက်ခင်း ပန်းစိုက်ခင်းတွေကြားက အိမ်ကြီးတစ်လုံးရဲ့ အ‌ပေါ်ထပ် အခန်းပြတင်းပေါက်ဘောင်ပေါ်မှာ ခြေထောက်တစ်ဖက်အပြင်ကို တွဲလောင်းချထိုင်လို့ စာဖတ်နေတဲ့ ကောင်လေးတစ်ယောက်ရှိလေသည်။

"နေကြာပန်းခင်းထဲက ချစ်ခြင်းမေတ္တာတဲ့ အဟက် ဟာသတွေပဲ။ ငါ့မလည်း ပျင်းပျင်းရှိလို့ ကောက်ဖတ်မိတဲ့ စာအုပ်က မိန်းကလေးကြိုက်ကြီး ဖြစ်နေတာပါလား။ အားးး အိပ်တာပဲကောင်းတယ်။"

အိမ်က ဘိုး‌ေတာ်နဲ့ ရန်ဖြစ်လာလို့ အဖွားအိမ်ဆင်းလာပါတယ်။ အဖွားက ငါ့မြေး အဖွားအိမ်နေရင် စာတော့ဖတ်ရမယ်ဆိုတဲ့ စည်းကမ်းကြီးကို လက်ဆုပ်လက်ကိုင်ပြုထားလို့ အိမ်မပြန်ရပြီးရောသဘောနဲ့ ခေါင်းညိတ်လိုက်မိတာ မှားပြီထင်ပါတယ်။ သူ့စာကြည့်ခန်းထဲ အိပ်စရာနေရာပြင်ပေးပြီး အပီကိုချုပ်နေတော့တာပဲ။ ကျွန်တော်ဆိုတဲ့ Saint ကလည်း စာဖတ်ရတာ ငယ်တည်းကပျင်းလာတာ အခု အသက် ၁၇ အထိပဲ။ စာဖတ်ရမှာကြောက်လို့ အဖွားကို ချစ်ပေမဲ့ အဖွားအိမ်ဆို အလည်လာဖို့ တွန့်ဆုတ်တတ်ခဲ့သူက အခုတော့ စာအုပ်ကမ္ဘာထဲ လက်ပစ်ကူးရတော့မှာပါလား။

"ငါ့မြေး သူတော်ကောင်းလေး"

"အာ......ဖွားရာ လန့်တာဗျာ ဘာလို့ မျက်မှန်ကြီး နှာခေါင်းမှာချိတ်ပြီး လာပြူးကြည့်နေရတာလဲလို့"

အိပ်ပါမယ်ဆိုပြီး ကုတင်ပေါ်တက် နဖူးပေါ်လက်တင်မျက်လုံးလေးမှိတ်ထားတုန်း ဘေးကအသံကြားလို့ကြည့်တော့ ချစ်လှစွာသော အဖွားက ဘေးနားလာထိုင်ပြီး လူကို မိန့်မိန့်ကြီးပြုံးကြည့်လို့။ ပြီးတော့ နာမည်ကို ခေါ်တာလည်းကြည့်ဦး ငါ့မြေး သူတော်ကောင်းလေးတဲ့။ အမေ့ဗိုက်ထဲက ထွက်ပါပြီဆိုတည်းက အဖွားက Saint ဆိုတဲ့နာမည်ကိုပေးခဲ့တာပါ။ ဘာစိတ်ကူးနဲ့ပေးခဲ့မှန်းမသိပေမဲ့ နာမည်နဲ့လူက တလွဲရယ်။ ဘုရားသွားကျောင်းတက် တရားထိုင်ဆိုတာမျိုး ခုထိတစ်ခါမှမလုပ်ဖူးသလို လုပ်ချင်စိတ်ရယ်လည်း မရှိပါဘူး။ ယုံကြည်ခံယူထားတဲ့ ဘာသာတရားက ကိုယ့်ကြောင့် သူများမထိခိုက်မနစ်နာစေဖို့ရယ် မကောင်းတာမလုပ်မိအောင် တတ်နိုင်သမျှရှောင်ကြဉ်ဖို့ရယ်ပဲ။

You've reached the end of published parts.

⏰ Last updated: Jul 23, 2024 ⏰

Add this story to your Library to get notified about new parts!

Reincarnation of Flowers Where stories live. Discover now