_Be mine again_ |oneshot|

2K 199 16
                                    

─── ・ 。゚☆: *.☽ .* 𐙚⋆°。♡ 𐙚⋆☆゚. ───

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ဆိုသည့်စကားကို သူ ယခင်က လက်သင့်မခံချင်ခဲ့ပေ ။

မိမိနေထိုင်ရသည့် ပတ်ဝန်းကျင်၌ပင် မရေတွက်နိုင်သော လူပေါင်းများစွာရှိနေလေရာ ယနေ့ နံဘေးက ဖြတ်လျှောက်သွားသူတစ်ဦးကို နောက်အနာဂတ်တွင် ပြန်တွေ့ရဖို့ဆိုသည်ကပင် ခက်ခဲလှသည့်အရာဖြစ်သည် ။

လူတစ်ယောက်အတွက် ခင်မင်ရာ အသိုင်းအဝိုင်း ၊ ရင်းနှီးကျွမ်းဝင်သောသူများဆိုသည်မှာ လူ့အဖွဲ့အစည်းကြီးနှင့် ယှဉ်ပါလျှင် သေးငယ်လှသော လက်တစ်ဆုပ်စာ လူနည်းစုလေးသာဖြစ်၏ ။

ဤမျှ များပြားလှသော လူပေါင်းသိန်းသန်းချီထဲ အတူလက်တွဲအလုပ်လုပ်ဖို့ ပါတနာပေါင်းများစွာ ရှိနေသည့်ကြားမှ တိုက်တိုက်ဆိုင်ဆိုင် ဆောနူ မျက်နှာပင်မမြင်ချင်လောက်အောင် မုန်းရပါသည့် အနှီသူနှင့်မှ အလုပ်တွဲလုပ်ရဖို့ ကံကြမ္မာဖန်လာရလေသတဲ့ ။

လွန်ခဲ့သောတစ်နာရီက ဇာတ်ညွှန်းဖတ်ရန်အတွက် ဆောနူ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ရောက်နေခဲ့ခြင်းဖြစ်သည် ။

ဆောနူက debutထားတာ နှစ်နှစ်ကျော်သာရှိသေးသည့် runway modelတစ်ယောက်ဖြစ်သည် ။ သူ၏ တောက်ပသွက်လက်သည့် သွင်ပြင်အပြင် မျက်နှာအမူအရာမျိုးစုံကို သဘာဝကျကျ ပြောင်းလဲနိုင်သည်ကြောင့် သူ့ ပွဲဦးထွက်ကာစ ကာလတွေမှာပင် artist တချို့၏ music video များထဲ ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရသည် ။

ပြီးခဲ့သည့်နှစ်အတွင်း မိသားစုဒရာမာကား တစ်ကားနှင့် ဇာတ်လမ်းတွဲများတွင် cameoအနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့ရသည်က ၁၀ကြိမ်မျှ ရှိသည်ကြောင့် တက်သစ်စတစ်ယောက်အနေဖြင့် အတော်လေး အလားအလာကောင်းသည်ဟု ဆိုနိုင်လေသည် ။ ထို့ကြောင့် သူ၏ မန်နေဂျာက ဆောနူကို ဖြည်းဖြည်းချင်း actor လိုင်းသို့ ဝင်ရန် အကြံပေးလာသည် ။

အမှန်အတိုင်းပြောရလျှင် ဆောနူက ဤသို့အနုပညာလောကကို ဝါသနာကြောင့် ဝင်လာခြင်းမဟုတ်ဘဲ ကံထူးပြီး နာမည်ကြီးသွားခြင်းကြောင့် မရည်ရွယ်ဘဲ လုပ်ဖြစ်သွားခြင်းသာ ။ တက္ကသိုလ်ပြီးကာစအချိန်တွင် ဆောနူ၏ ဒီဇိုင်နာသူငယ်ချင်းတစ်ယောက်က သူ့ဝတ်စုံတွေအတွက် catalog ရိုက်ဖို့ အကူအညီတောင်းရာမှ စခဲ့သည်ဟု ဆိုရမည် ။ မထင်မှတ်ဘဲ ဝတ်စုံနှင့် ဓာတ်ပုံ conceptက ဆောနူ၏ ပုံစံနှင့် လိုက်ဖက်သွားရာ ထိုပုံများက အတော်လေး နာမည်ကြီးသွားခဲ့၏ ။

Sun Melts Ice Where stories live. Discover now