13

428 35 15
                                    

Fot တစ်ယောက်အလယ်မှာဖြစ်ပြီးသူ့ဘေးနားနှစ်ယောက်က သူ့လက်ကိုတစ်ယောက်တစ်ဖက်ဆွဲထားနေသည်။

ပြီးတော့သူတို့နှစ်ယောက်အချင်းချင်းကြည့်တာက  ပေါက်ကွဲတော့မယ်အကြည့်နဲ့  တစ်ယောက်မျက်နှာကို တစ်ယောက်တစ်စေ့စေ့နဲ့ကြည့်နေတာပဲ ဒါကဘာပွဲလဲ ရန်ထသတ်မဲ့ပွဲဖြစ်နေပြီးလား။

" ဦးလေးးးးးကြီးးးး"

"ပြန်မယ် fot "

ဦးလေးကြီးအသံက အရင်နဲ့မတူကာခပ်တင်းတင်းဖြစ်နေတာမို့ fot ကြောက်လို့လာမသိ fot ဘာမှထပ်မပြောတော့ပါ။

"N' fot အခုတော့ ပြန်တော့နော် နောက်ကျနေပြီးမို့ နောက်မှတွေ့ကြရအောင်"

"နောက်မှဆိုတာမရှိ‌တော့ဘူးမို့  မတွေ့တာအကောင်းဆုံးပဲ"

Bright က fot နဲ့ပြောနေပင်မဲ့ fot ပြန်မပြောခင် gem ကကြာဖြတ်ပြောနေလိုက်သည်။

"ငါအထင်တော့ ခွန် gemini နဲ့ ကိစ္စတော့မဟုတ်ဘူး"

"အဟက်...ငါကိစ္စမို့လို့ ငါနဲ့ဆိုင်တာ"

"ဒါပေါ့....ငါလဲ N'fot ရင်းနှီးချင်တာကို မှားလို့လား"

"မင်း ဘာကြံနေလဲဆိုတာငါမသိများထင်နေလားးးငါသတိပေးပြီးနော် ငါ့အဆိုးလာမဆိုးနဲ့"

ကြာထဲမှာ fot ကတော့ သူတို့နှစ်ယောက်ဘာကြောင့်ပြောနေလဲဆိုတာ နားလဲမလည်သလိုသိပုံလဲမပေါ်ပါ။

"Fot..ပြန်မယ် ကားပေါ်တက်"

Fot လဲ gemသူ့ကိုကားပေါ်တက်ခိုင်းတော့ တစ်ကောက်ကောက်နဲ့တက်လိုက်သည် ဦးလေးကြီးကအရင်လိုနူးနူးညံညံမဟုတ်ပဲခပ်ကြမ်းကြမ်းဖြစ်နေတာ‌ေကြာင့် fot မသိစိတ်လေးကကြောက်မိသည်။

Fot ကားထဲမှာရောက်နေပင်မဲ့ သူတို့နှစ်ယောက်က အပြင်မှာရပ်ပြီးဘာတွင်ပြောနေကြတာလဲတော့မသိပါ။

ဦးလေးကြီးက ကားထဲပြန်ဝင်တာနဲ့တစ်ပြန်ထဲမောင်းထွက်လိုက်သည်လမ်းတစ်လျှောင်လုံး ဘာစကားမှမဆိုပါ။

ဒါနဲ့ fot ကဘာမှားလို့လဲ ဘာအမှားမှမလုပ်မိပဲနဲ့.....ဟင်းးးဦးလေးကြီးကသူ့ကိုအိမ်ပြန်မပို့ပဲ ဘာလို့ ကွန်ဒိုဖြစ်နေတာလဲ။

မာဖီယာဦးလေးကြီးနဲ့ခပ်ဆိုးဆိုးသခင်လေး🪥🌻Where stories live. Discover now