Delulu became trululu

494 86 0
                                    

"ကောင်လေး မင်းငါ့မြေးနဲ့ပတ်သက်ပြီး ဘာတွေရည်ရွယ်ထားလဲ"

အဖွားကမျက်ခုံးများတွန့်ချိုးလို့သိလိုစိတ်ဖြင့် ဂျုံဆောင်းအားမေးလာခဲ့သည်။

ဒီလိုစကားမျိုးတွေပထမဆုံးကြားရတုန်းကတော့ ဂျုံဆောင်းကတုန့်ပြန်ဖို့အချိန်တော်တော်ယူခဲ့ရပါသေးသည်။ လွန်ခဲ့တဲ့သုံးပတ်ခန့်မှာ ဂျုံဆောင်းက နွားနို့ပုလင်းပို့ဆောင်ရေးမှာအလုပ်ဝင်ခဲ့ပြီး မစ္စစ်ယန်းနှင့်စတင်တွေ့ဆုံခဲ့သည်။

မစ္စစ်ယန်းဟာ အသက်၈၀ကျော်အရွယ်လောက်ရှိပြီး နယ်မြို့လေးမှာတစ်ယောက်တည်းနေသည့် အဖွားအိုဖြစ်သည်။ အရမ်းဖော်ရွေတတ်ပြီး တစ်ခါတစ်ရံမှာ ဂျုံဆောင်းအတွက်ပါမုန့်ချိုလေးတွေလုပ်ကာထည့်ပေးလေ့ရှိပြီး တစ်ခါတစ်ရံမှာလည်း ဂျုံဆောင်းအားသူ့စကားပြောဖော်လိုမျိုး စကားများပြောလေ့ရှိသည်။

ထိုထဲကမှပြောလေ့ရှိသည့် ဇာတ်ကောင်လေးမှာ မစ္စစ်ယန်း၏မြေးဆိုသူဖြစ်သည်။ ဂျုံဆောင်းအားတွေ့တိုင်းသူ့မြေးလေးအကြောင်းပြောလေ့ရှိပြီး တစ်ခါမှကိုပျက်ကွက်လေ့မရှိပါ။ ဂျုံဆောင်းက အဖွားပြောလေ့ရှိသည့် ဂျောင်ဝန်းဆိုသည့်မြေးဆိုသူမှာ တကယ်မရှိသော စိတ်ကူးယဉ်ဇာတ်ကောင်ဟုသာမှတ်ယူထားသည်။

အသက်အရွယ်အရ အထီးကျန်လာသောအခါ သူမ၏စိတ်ကူးထဲမှာ စိတ်ကူးယဉ်ဇာတ်ကောင်အားမြေးလေးအဖြစ်ဖန်တီးထားပုံရပါသည်။

ဒါပေမဲ့ ခက်နေသည်က အဖွားဟာ ဂျုံဆောင်းအား သူ့မြေးနှင့်ပတ်သက်ပြီး 'ဂျောင်ဝန်းထမင်းကောင်းကောင်းစားရဲ့လား' 'မင်းတို့ရောချိန်းတွေ့နေကြပြီလား' 'ငါတို့ဂျောင်ဝန်းလေးက တကယ်ချစ်ဖို့ကောင်းတဲ့ကလေးမလို့ သူ့ကိုကောင်းကောင်းဆက်ဆံရမယ်နော်' ဟူသည့်စကားများအားမရိုးရအောင်ပြောလေ့ရှိသည်။

အစပိုင်းတွင်တော့ဂျုံဆောင်းက အဖွား၏စိတ်ကူးယဉ်ဆန်မှုကိုငြင်းရန်ကြိုးစားခဲ့ပါသေးသည်။ သို့ရာတွင် အဖွားကလည်းထိုအရာတွေအပြင်စိတ်အနှောက်ယှက်မပေးတာမလို့ ဂျုံဆောင်းက သူ့စကားတွေနောက်သံယောင်လိုက်ပေးဖို့သာ ဆုံးဖြတ်ခဲ့လိုက်သည်။

Delulu became trululuWhere stories live. Discover now