Intro
I've Been Waiting for You Since: 1946
ဒီ Ficဟာကျွန်မစိတ်ကူးထဲကပုံစံမျိုး ပုံဖော်
ရေးထားတာဖြစ်တဲ့အတွက် ဒီထဲမှာပါမယ့် နိုင်ငံ၊ မြို့၊လူအမည်၊ ယဥ်ကျေးမှု၊ အကြောင်းအရာတွေအကုန်လုံးဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်ကြောင်းကြိုပြောပါရစေ။Ficရဲ့ Main leadဟာ Normalဖြစ်တာကြောင့် Normalမကြိုက်တဲ့သူတွေအနေနဲ့ဇာတ်လမ်းကိုအရသာမတွေ့ဖြစ်တဲ့အခါ Dropလို့ရပါတယ်။ Plusအနေနဲ့ပြောချင်တာကတော့ second lead ဟာ BLပေါ့နော်။ဒါ့ကြောင့် အမျိုးစုံကြိုးခုန်နေမယ့်ဒီFicလေးကို ongoingလိုက်ပြီးဖတ်ရှုပေးကြပါဦးရှင်💛။
THOON
{31.3.23}×××××
Unicode(1946)ခုနှစ်။
Camelliaနိုင်ငံ၊ Laverdela မြို့။
ညနေငါးနာရီနှင့်လေးဆယ့်ငါးမိနစ်၊ အာဂွန်ကိုလိုနီအစိုးရလက်အောက်။Laverdelaသည်နိုင်ငံ၏မြို့တော်၊ အချက်အချာကျရာမြို့ပီပီလွန်စွာစည်ကားသိုက်မြိုက်လေသည်။ ထိုမြို့တွင်ဆင်းရဲသားမရှိသလောက်ပင်ရှားပါးလှ၏။ လူကုံထန်အသိုင်းဝိုင်းဆွေကြီးမျိုးကြီးများ ဂုဏ်၊ အာဏာချင်းပြိုင်ရာမြို့အဖြစ်ထင်ရှားသည်။ ကျိကျိတက်ချမ်းသာသော်လည်းလူမုန်းအများဆုံးမြို့ပင်။ ထိုမြို့နေလူများသည် အာဂွန်ကိုလိုနီအစိုးရလက်ပါးစေများသာဖြစ်သည်။
Camelliaပြည်သူများမှာမုန်းတီးသည်ထက်ရွံရှာကြသည်။ Laverdelaမြို့သည်တိုင်းပြည်ဆင်းရဲတွင်းရောက်နေချိန်တစ်သီးတစ်ခြားနိုင်ငံတစ်ခုလိုပြုမူသောသစ္စာဖောက်လောက်ကောင်များနေထိုင်ရာသာဖြစ်၏။ ကိုယ်ကျ်ိုးအတွက်သာကြည့်ပြီး ပြည်သူရှင်မှာထက်အာဏာရှင်မှာကိုပိုကြည့်တတ်ကြသည်။
မှောင်ရီပျိုးစအချိန်ဖြစ်သည်မို့လမ်းမီးတိုင်များအစီအရီထွန်းညှိကြလေပြီ။ လမ်းမီးတိုင်များမည်မျှပင်တောက်ပစေကာမူ နန်းတော်တစ်မျှကြီးမားခမ်းနားလှသည့် လမ်းဘေးဝဲရာမှ အနောက်တိုင်းပုံစံအိမ်တော်ကြီးကိုတော့မယှဥ်နိုင်သည်မှာဧကန်ပင်။ မော်ကြည့်လိုက်ရုံနှင့်ကြက်သီးဖြန်းဖြန်းထချင်စရာသိပ်ကောင်းပါရဲ့။ "လင်္ကာနေသန်စံအိမ်"။
YOU ARE READING
I've Been Waiting for You Since: 1946
Romanceအစ်ကိုကနေကြာတွေသဘောကျတယ်ဆိုတုန်းက ကျွန်မမှာနေကြာတွေဖြစ်ချင်လို့ခိုးငိုခဲ့ရသေးတယ်။ " မင်းသိသလား အဝါရောင်ဆိုတာပျော်ရွှင်ခြင်းတဲ့" "အင်း ဒါ့ကြောင့်ကျွန်မနေကြာတစ်ခင်းကိုအပိုင်ပေးမယ်လေ" တိုက်ရိုက်မဟုတ်ပါပဲ ဝင်္ကဝုတ္တိနဲ့ဖော်ပြတဲ့ချစ်ခြင်းမေတ္တာတွေ။ ဤမြေက...