23

151 5 0
                                    

Unicode.....

ဝမ်ရိပေါ် ရဲ့လည်ပင်းပေါ်ကနက်ကတိုင်ကို ရှောင်းကျန့်ကချည်ပေးနေပြီး ပါးစပ်ကနေလည်းတတွတ်တွတ်ပြောနေသည်။

ဝမ်ရိပေါ် ကျန့်ကောရဲ့ခါးသွယ်သွယ်လေးကိုဖက်ပြီး
ပါးအိအိလေးထဲကိုနှာခေါင်းနှစ်ဝင်သွားတယ့်အထိဖိနမ်းလိုက်၏။

" ဒီရက်ပိုင်းမိုးရွာမှာ Bမြို့ကိုသွားရင် ဂရုစိုက်နော် နှမင်းဟိုကိုရောက်ရင် ဟိုတယ်နဲ့ကုမ္ပဏီပဲအသွားအပြန်လုပ်ရမယ်နော် ငါ့ကောင်လေးကအရမ်းချောနေတော့ သူများတွေလာနွယ်နေမှာစိုးလို့"

"ဟုတ်ပါပြီဗျာ  ကျန့်ကောသာဂရုစိုက် မိုးရွာရင်လေအေးတယ် အတိုအပြတ်တွေမဝတ်နဲ့ နွေးနွေးထွေးထွေးလေး နေနော် "

" ငါမင်းကိုသိပ့်လွှတ်ချင်တာမဟုတ်ဘူး ဖြစ်နိုင်ရင်လိုက်ချင်တယ် ဒါပေမယ့် ဒီနေ့ ပါးပါးကိုစျေးဝယ်လိုက်ကူပေးရမှာမို့ ဟွန့်"

" ခရီးကပင်ပန်းမယ် အကြာကြီးလေယာဥ်စီးရမှာ ကားစီးတာတောင် ကျန့်ကောကခေါင်းမူးနေတာ "

" သိပါတယ် "
ဝမ်ရိပေါ် ကျန့်ကောရဲ့နူတ်ခမ်းလေးကိုတဖွဖွနမ်းလိုက်တယ်။

ရှောင်းကျန့် လည်း ဝမ်ရိပေါ်ကိုလေဆိပ်ထိလိုက်ပို့ပေးပြီးအိမ်ကိုပြန်လာခဲ့တယ်။
ဝမ်ရိပေါ်ကိုနှစ်ရက်သုံးရက်လောက်လွှတ်လိုက်ရတာသာ စိတ်ထဲမှာထင့်နေသည်။

ရှောင်းကျန့်ရှိနေတယ့်ကားရဲ့အနောက်မှာ အမည်းရောင်ကားတစ်စီးက လိုက်နေခဲ့တယ်။

အရမ်းကိုသိသာနေတာမို့ ရှောင်းကျန့်ရင်ထဲမှာထိန့်ကနဲပင်..

" သခင်လေး ကားခါးပတ်သေချာပတ်ထားပေးပါ "

မကြာခင်က ဝမ်ကျန်းကော်လဲပေးထားတယ့်ကားဒါရိုင်ဘာက သတိပေးလာသည်။
ရှောင်းကျန့် ကားခါးပတ်သေချာပတ်လိုက်ပြီး ခါးပတ်ကြိုးကိုတင်းတင်းဆုပ်ကိုင်မိသည်။

အနောက်က ကားကလိုက်မှီလာပြီး ဒုန်းခနဲ့ ရှောင်းကျန့်တို့ကားကိုဝင်တိုက်သည်။

" သခင်လေး ရရဲ့လား "

" ရတယ် "

ရှောင်းကျန့်အတော်လန့်တာမို့မျက်နှာမှာဖြူလျှော့နေပြီ။

I'm wait for you   { Completed }Where stories live. Discover now