သားသားနှင့်သူ၏crush1

146 14 1
                                    

အခုတလောရစ်ခီရှန်တို့ထူးဆန်းနေတယ်။မျက်နှာလည်းမကောင်း။
ထမင်းလည်းမစား‌။စား‌ေတာ့လည်း‌‌ေကြာင်စာ‌ေလး။
အိမ်မှာမွေးထားတဲ့‌ေကြာင်ရှန်ပေါင်းပေါင်းလေးတောင်သူထက်စားအံုးမယ်။ဆမ်းသီးတော့ဆမ်းသီးပဲ။

ထိုကဲ့သို့တစ်ဉီးတည်းသောသားလေးမျက်နှာညိုးတာကိုမကြည့်ရက်သောရှန်မားမားးမှာအကြောင်းစုံကိုစုံထောက်လုပ်ပြီးစုံစမ်းရတော့တယ်။

"ဟယ်လို ကျန်းဟောင့် သားလေးရေ!
မင်းညီလေးရစ်ခီလေအခုတလောမျက်နှာလည်းမကောင်းဘူးထမင်းလည်းမစားဘူးဖြစ်နေတာသားရေ။
သားညီလေးကျောင်းမှာဘာကိစ္စများဖြစ်လို့လဲကွယ်"

      ...

"အော် ဟုတ်လား"

      ...

"ကျေးဇူးပဲနော်သားလေး"

      ...

"အေးအေးဖုန်းချလိုက်ပြီနော်"

အကြောင်းစုံသိပြီးသောရှန်မားမားမှာထိုဖြစ်ရပ်ကိုအလုံးစုံသိပြီးနောက်ဒီတိုင်းလက်ပိုက်ပြီးကြည့်‌မနေနိုင်တော့။

"ဒီလောက်ချစ်စရာကောင်းပြီးအလိုက်သိတတ်တဲ့ငါ့သားးလေးကိုဘယ်အိမ်ကသားငြင်းရဲတာလဲ။ရှန်မားမားအကြောင်းကောင်‌းကောင်းသိစေရမယ်"

ထိုအကြောင်းကိုအလူံးစုံမြင်လိုက်ကြားလိုက်ရတဲ့ရှန်ပါးပါးမှာချက်ချင်းပင်ဘုရားခန်းထဲပြေးဝင်ကာဘုရားစင်ရှေ့တွင်သူ့သားကို‌ငြင်းသွားတဲ့ကောင်လေးအတွက်အမွှေးတိုင်ကြိုထွန်းပေးလိုက်တော့တယ်။

"ရှန်ပါးပါးမနက်ဖြန်အတွက်အသင့်ပြင်ထားကျွန်မတို့ရှန်ရှန်လေးတို့ကျောင်းကိုချီတက်ကြမယ်"

The next day

ရှန်မားမားရှန်ပါးပါးနှင့်အတူရစ်ခီတို့ကျောင်းကိုရောက်နေခြင်းဖြစ်သည်။
ကျောင်ဆင်းချိန်ဖြစ်သောကြောင့်ကျောင်းသားများအလျှိုအလျှိုထွက်လာသည်ကိုမြင်ရသည်။
သူတို့သားလေးကတော့ကျောင်းမတက်နိုင်။
အသည်းကွဲနေသည်ထင်သည်။

စိတ်မပူနဲ့သားလေး၊သားးလေးရဲ့ကွဲနေတဲ့အသည်းတွေကိုအမေပြန်ချုပ်ပေးမယ်။

"မိန်းမ သားတို့ကျောင်းလာတဲ့ဒီလိုမျိုး all black ဝတ်ပြီးခိုးကြောင်ခိုးဝှက်လာဖို့လိုလို့လား"

ရှန်မားမားရဲ့အတွေးတွေဟာရှန်ပါးပါးခေါ်သံကြောင့်ရပ်တန့်သွားတော့တယ်

"ရှင်ဘာမှမသိပဲနဲ့မပြောပါနဲ့စောင့်ကြည့်နေပါ"

"ဟိုမှာဟိုမှာထွက်လာပြီကင်မ်ဂယူဘင်းဆိုတာအဲ့ကောင်လေးမလား"

"လာလာသွားမယ်နောက်ကလိုက်ခဲ့"

Gyuvin's pov

ဂယူဗင်းကျောင်းကပြန်လို့ကျူရှင်သွားတဲ့လမ်းမှာတစ်ခုခုသူ့နောက်လိုက်လာသလိုခံစားနေရတယ်။
သူ့နောက်ကိုလိုက်လာနေကျမြောင်လိုလိုကောင်လေးကလည်းဒီနေ့ကျောင်းမလာ။
သူ့ကိုဖွင့်ပြောထားပေးမယ့်ဒီကောင်လေးကိုစချင်လို့တမင်အဖြေမပေးသေးတာ။
ဒါပေမယ့်ကျောင်းတောင်မလာနိုင်တဲ့အထိဖြစ်သွားတာ‌တော့စိတ်မကောင်းပေ။

ဂယူဗင်းအတွေးလွန်နေရင်းနောက်ကလိုက်လာသည့်သူတွေကိုသတိမထားမိ။
ရုတ်တရက်ခေါင်းကိုလာထိခတ်သည့်နာကျင်မှူကြောင့်သာလှည့်ကြည့်မိလိုက်သည်။

"ခင်ဗျားဘယ်သူကြိးလဲ

"ဟားယောက်ျားကလည်းအဲ့လိုရိုက်တော့ဘယ်လိုလို့မေ့မှာလည်းဒီလိုရိုက်မှမေ့မှာ"

ထိုအသံကြားပြီးနောက်ပြန်လှည့်အကြည့်တွင်ခေါင်းကနာကျင်မှူနှင့်အတူမေ့မျောသွားတော့တယ်။

ငါသေလို့မဖြစ်ဘူးငါ့ရဲ့မြောင်မြောင်လေးကိုအဖြေပြန်မပေးရသေးဘူးကွ

Annoying son and his boyfriend Where stories live. Discover now