နောက်နေ့ဟိန်းကမှူးကိုလာခေါပါတယ်
"မှူးဆိုတဲ့မိန်းကလေးကိုခေါ်ခဲ့စမ်း""ဟုတ် ဟုတ်ကဲ့ပါဗျ"
"ဟော့ကောင်ကြာမနေနဲ့ ငါကအခုဆိုအခုပဲ မင်းခေါ်တာကြာနေရင်မင်းမေအလောင်းကိုမင်းယူဖို့သာပြင်ထား"
မှူးကိုသွားခေါ်ပါပြီ မှူးကတစ်ယောက်ထဲသူမမိသားစုရဲ့အကြွေးတွေကိုဆပ်နိုင်ဖို့အတွက် အလုပ်ရှာနေပါတယ် ဒါပေမယ့်တစ်ခုကအလုပ်တွေအားလုံးဟာသူမကိုသဘောကျပေမယ့်လက်မခံတာတစ်ခုပါပဲ
"ဟူးးး ဘာအလုပ်မှလဲအဆင်မပြေဘူး"
"သမီးရေဟိန်းဆီကလူတစ်ယောက်လာခေါ်တယ် လိုက်သွားလိုက်ဉီးနော်"
"ဟာ...မ လိုက်ချင်ဘူးရယ်"
"လုပ် လုပ်ပါဗျာ ကူညီပါ''
ဒီလိုနဲ့ဟိန်းက၃မိနစ်စောင့်ကြည့်ခဲ့သော်လည်းမှူးကမလာခဲ့ပါဘူး
"တောက်...စ် ယီးပဲ $သူတောင်းစားကမလာနိုင်သေးဘူး ဟော့ကောင်တွေသွားခေါ်ချေ"
"ဟုတ်ကဲ့"
ဒီလိုနဲ့မှူးကိုအတင်းသူမမိဘတွေကရောလူတွေကပါသွားဖို့ဝိုင်းပြောကြပါတယ်သူမလဲမတက်သာတစ်ဆုံးသွားခဲ့ရပါတယ်
"ဒီဘက်မှာပါဗျ"
ဒီလိုနဲ့ဟိန်းမှူးကိုပထမဆုံသွားခေါ်ခိုင်းတဲ့သူကမှူးရဲ့လက်ကိုကိုင်ပြီးကားပေါ်တင်ပေးခဲ့ပါတယ်အဲ့တာကိုဟိန်းကမြင်သွားပါတယ်
"တောက်..စ်''
ကား ပေါ်ကိုမှူးလည်းရောက်ရောမှူးရဲ့ခါးသေးသေးသွယ်သွယ်လေးကိုဟိန်းကဖတ်လိုက်ပါတယ်
"ဟယ်..ဟယ်..လွှတ် လွှတ် တောင်းပန်ပါတယ် အရမ်းနာနေပြီ အဲ့လိုတွေတကယ်မကြိုက်ဘူး
အဟွတ်..အဟွတ်.."ဟိန်းရဲ့ ယောင်္ကျားအားကြီး၊သန်မာတဲ့သူ့ရဲ့လက်တွေကြောင့်မှူးဟာငိုနေရပါပြီ
"ဟ ဟားး ဟားး လွှတ် ဟုတ်လား
ဟားးဟားး ဒါဆိုမင်းကားပေါ်တက်တုန်းကဟိုခွေးကောင်ရဲ့လက်ကိုဘာလို့ကိုင်ခဲ့သေးတုန်း တောင်းပန်တယ်ဟုတ်လား မတောင်းပန်နဲ့ကွ အရာရာတိုင်းကတောင်းပန်တိုင်ရကြေးဆိုရင် မင်းမိဘအကြွေးတွေကိုငါမယူတော့တာကြာကောပေါ့ ဟားဟား"