1

3.4K 10 0
                                    

ဘဝကြီးကသာယာလား ဆိုတော့ လူတိုင်းအတွက် သာယာပေမဲ့ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ ကြွေ့ လိုလူအတွက်တော့ နေ့ရက်တိုင်းက ပျင်းစရာအတိ....

မပြည့်စုံတဲ့ဘဝနဲ့ လုပ်သမျှအဆင်မပြေတဲ့အခြေနေမျိုးမှာ ကံကြမ္မာကြီးကိုပဲ မပြစ်တင်ရမလား ၊ အသုံးမကျခဲ့တဲ့မိဘတွေကိုပဲအပစ်တင်ရမလား ကြွေမသိ..

ကြွေသိတာက ဒီနေ့ အဒေါ်မိသားစုကို ငွေအပ်နိုင်ဖို့..

ဘဝပေးကံကြောင့်ယောက်ျားလေးဖြစ်လာပေမဲ့ ယောက်ျားလေးနဲ့မတူရက်လွန်းအောင် ပျိုမြစ်နေတဲ့ သူ့ခန္ဓာကိုသူစိတ်တိုင်းမကျ ။ အဲ့လို နုရက်နေလွန်းလို့လည်း ပညာမတက်တဲ့ သူ့အတွက်အလုပ်ကြမ်းလုပ်ဖို့ ဘယ်အလုပ်ရှင်မှ မငှားချင်ကြ။

"ကြွေ ညနေခါ နင်ပြန်လာရင် နင့်ညီလေးအတွက် သူလိုချင်တဲ့ နာရီ ဝယ်ဖို့မမေ့နဲ့ ။နင့်ညီက ကျောင်းမှာစာတော်ပီး လူတိုင်းက လေးစားရတဲ့သူ နည်းနည်းမှ မျက်နှာငယ်ခံလို့မဖြစ်ဘူး"

အဖေ့ညီမ ဒေါ်မြသန်းကကြွေ့ကိုခေါ်စောင့်ရှောက်ပေးထားပီး တစ်အိမ်လုံးတာဝန် ကြွေ့ ကိုသာလွှဲထားတက်သည်

သူခိုင်းသမျှကို ကြွေမငြင်းမိပါ ဘာလို့ဆို သူ့ကြောင့်ပဲ နေစရာရှိလာတာလေ..

"ကြွေ သားအလုပ်သွားတော့မယ်ဆို ဦးလေးကားနဲ့တစ်ခါတည်းလိုက်ခဲ့လိုက်တော့ သားလုပ်တဲ့ဘားရှေ့မှာ ဦးလေးချပေးခဲ့မယ်"

"ဟုတ်ဦးလေး ဒါဆိုသားလိုက်ခဲ့မယ် ခနစောင့်နော်"

သွေးသားတော်စပ်တဲ့အဒေါ်က အပြောကြမ်းပီး ရက်စက်သလောက် သူ့ယောက်ျား တစ်နည်းအားဖြင့် အဒေါ်နဲ့ပတ်သတ်ပီးတော်စပ်လာတဲ့ ကြွေ့ဦးလေး ဦးသောင်းဟန်ကတော့ တည်ငြိမ်ပီး လူကြီးလူကောင်းပီသသူဖြစ်သည်။

"ကြွေ သားအဒေါ်က အပြောကြမ်းသလောက် စိတ်ထားကောင်းတဲ့သူပါကွယ် သူပြောသမျှတွေကိုသားစိတ်ထဲမထားပါနဲ့ သားညီလေးအပေါ်မှာလဲ စိတ်မပျက်ပါနဲ့ကွယ် ဒီအိမ်ကိုသားရောက်လာတဲ့အချိန်ကစပီး သားက မိသားစုဝင်ပါပဲ"

"သားစိတ်ထဲမထားပါဘူး ဦးလေး ၊ရန်နိုင်ကလည်း သားညီလေးပါ သူလိုအပ်တာမှန်သမျှ ဖြည့်စီးပေးဖို့ ကျွန်တော်ဆုံးဖြတ်ပီးသားပါ တကယ်ဆို ဦးလေးတို့မိသားစုကသာ သားအတွက်ကျေးဇူးရှင်တွေပါ"

ကြွေWhere stories live. Discover now