အပိုင်း ၈

1.7K 83 0
                                    


"သျှားနေသော်မောင်! နင်ငါ့ဖုန်းကိုပြန်ပေးဖို့အစီစဥ်ရှိ​သေးရဲ့လား"

ဟိုနေ့က ကျောင်းပိတ်ရက် ဘုရားသွားတုန်းက ရိုက်ထားတဲ့ သူနဲ့အစ်မတေး ပုံလေးကိုပြမိပါတယ် ဖုန်းတောင်ပြန်မပေးတော့ပဲ ပြုံးစိစိလုပ်နေတာ ကောက်ထုပြစ်ချင်စရာ။

"ရော့ ပြီးရင်ငါ့ကိုအဲ့ပုံတွေပို့ပေးနော်"

ဖုန်းကို လရိပ် လက်ထဲအတင်းထိုးထည့်ပေးပြီး ပုံပို့ခိုင်းတာကြောင့် လရိပ်မဲ့ပြုံးလေးပြုံးလိုက်ပြီး

"ဒီတိုင်းတော့ မရဘူးလေ"

"ငါကျွေးပါ့မယ် ကြိုက်တာမှာလိုက်"

လရိပ်လည်း အခွင့်ရေးရတာနဲ့ ဂုံးဆင်းဖို့ကြံတော့သည်။ မုန့်တွေဆို စားပွဲအပြည့်။

"နင်တို့၄ယောက် ငါ့ကိုတစ်ခုကူညီပါလား"

ခေါက်ဆွဲကို ငုံ့စားနေရင်း ခေါင်းထောင်လာပြီး ပါးစပ်မှခေါက်ဆွဲဖက်တမ်းလှမ်းကြီးနှင့် ရှိုင်းက

"ပြောကြည့်လေ ရင်ထဲပေါ့သွားတာပေါ့"

ဟန် လည်း ကျန်၃ယောက်ကိုကြည့်ကြည့်တော့ သေချာစူးစိုက်နားထောင်နေတာမလို့ ဆက်ပြောဖို့သာကြံမိသည်။

"ဒီလိုဟာ ငါ့ကိုအန်ကယ်သောက သူ့အိမ်ကိုလာဖို့ ခေါ်ထားတယ် သူ့အိမ်မှာသူကလွဲပြီး ဘယ်သူမှမရှိဘူး ပြီးတော့ သူ့အိမ်ကိုသွားရင်၁ရက်လောက်အနည်းဆုံးနေရမှာ ငါပျင်းလွန်းလို့သေမှာ အဲ့တာကြောင့် နင်တို့၄ယောက်လိုက်ခဲ့ပါလားဟင်"

မျက်နှာငယ်လေးနဲ့ အကူညီမဲ့နေသလိုလုပ်တော့ အားလုံးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကူညီဖို့ဆုံးဖြတ်လိုက်ကြသည်။ အကူညီကလည်း အရမ်းမှမခက်ပဲ။ ဟန်ကသျှားဘက်ကိုလှည့်ပြီး စားပွဲပေါ်မှာတင်ထားတဲ့ သူ့ရဲ့လက်ဖွေးဖွေးလေးတွေကို ဆုတ်ကိုင်လိုက်တော့ သျှား လက်လေးတုန်သွားသည်။

"သျှား နင်ကအစ်မတေးကို ရအောင်ခေါ်ခဲ့လေ သူပါတော့ပိုကောင်းတာပေါ့ ပြီးတော့ သူကအိမ်ရှင်လေ နင်ခေါ်ရင်ရပါတယ်ဟာ"

သျှား မေးလိုက်ချင်သည်။ ကိုယ့်အစ်မကိုမပြောပဲ သူစိမ်းကိုအကူညီတောင်းရသလားလ်ို့။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now