အပိုင်း၁

22 5 0
                                    

ထာဝရဆက်ထုံး
အပိုင်း၁

ဒီနေ့....ကျောင်းဖွင့်ရက်မို့ဘယ်နေရာကိုဘဲကြည့်ကြည့်အဖြူအစိမ်းဝတ်စုံလေးတွေနဲ့မျတ်စီပဒေသာဖြစ်လွန်းနေသည်။

မောင့်အတွက်ကတော့ကျောင်းသွားရန်အသင့်ပင်ဖြစ်နေပြီဖြစ်သည်။မောင်တတ်နေတဲ့ကျောင်းကအထက၂၀မှာဖြစ်သည်။မောင်တို့အိမ်နှင့်ကျောင်းကအနည်းငယ်ဝေးသဖြင့်စက်ဘီးလေးနှင့်သွားရသည်။

သား...မောင်ရေ
ဒီမှာမေမေ...ထမင်းချိုင့်ပြင်ပေးထားပြီးပြီနော်
ကျောင်းသွားဖို့နောက်ကြနေအုန်းမယ်...ကိုယ်ကကျောင်းသားဟောင်းဆိုပေမဲ့ကျောင်းစဖွင့်တဲ့နေ့မှာတော့စောစောသွားသင့်တယ်နော်....

ဟုက်...မေမေ
သားက..အားလုံးပြင်ပြီးပါပြီဗျ...
ကျောင်းသွားဖို့လည်အဆင့်သင့်ဖြစ်နေပါပြီဗျ

မောင်....မေမေရှိရာမီဖိုးခန်းဘက်ကိုလာပြီးမေမေကိုချွဲနေမိသည်။မောင့်မှာမွေးချင်းမောင်နှမရယ်လို့တော့မရှိပါ...မေမေဘက်ကအမတစ်ယောက်သာရှိပြီးဖေဖေဘက်မှာတော့ညီငယ်လေးတွေရှိပါတယ်...ဒါပေမဲ့လည်မောင်ကမမနဲ့သာရင်းနှီးပြီးညီငယ်လေးတွေနဲ့တော့အနေဝေးလို့သိပ်မတွေ့ရပါ....

အခုလည်ဆယ်တန်းကျောင်းသူဖြစ်တဲ့မမအလာကိုစောင့်နေခြင်းဖြစ်သည်။မောင်တို့တတ်နေတဲ့ကျောင်းကမြို့ထဲဘက်ရောက်တာမို့ဒီရပ်ကွက်ကသူတွေကသွားမတတ်ကြပါ...ဒီရပ်ကွက်မှာလည်ကျောင်းရှိတာမို့အနီးအနားကကျောင်းကိုဘဲတတ်ကြတာများသည်။

မောင်တို့မောင်နှမနှစ်ယောက်သာထူချွန်ပြီးမြို့ထဲကျောင်းကိုသွားတတ်ကြခြင်းဖြစ်သည်။မောင့်မမ ရုပ်လေးလှသလိုနာမည်လေးကလည်လှလွန်းသူဖြစ်သည်။ဒါကြောင့်ရပ်ကွက်ထဲမှာဆိုလည်ချိုသဲကျောင်းမှာဆိုလည်ချိုသဲဆိုပြီးနာမည်ကြီးသူဖြစ်သည်။

မောင်ကလည်မမကိုဆိုရင်အရမ်းနှမျောလွန်းသူမို့ရပ်ကွက်ထဲမှာလည်လူမိုက်ကျောင်းမှာလည်လူဇော်သာဖြစ်နေသည်။

မောင်ရေ....မောင်
ကျောင်းသွားဖို့ပြင်ပြီးပြီလား....

လာပြီ...လာပြီမမ
မမကလည်နောက်ကြလိုက်တာ...
မောင်ကမမကိုစောင့်နေတာ...ထုပ်ထားတဲ့ရှိုးတောင်ဘယ်ပြေးသွားပြီလည်မသိတော့ဘူး

ထာဝရဆက်ထုံးWhere stories live. Discover now