အပိုင်း၄

4 1 2
                                    

အပိုင်း၄

ထာဝရ.......ဆက်ထုံး

မောင်တို့ပွဲစျေးတန်းထဲကထွက်လာတော့၇နာရီခွဲတော့မှာဖြစ်သည်။ဒါကြောင့်ဘဲမောင်..ကျော်မာမီအတွက်ရယ်မမအတွက်ရယ်မေမေနဲ့ဖေဖေအတွက်ရယ်ဆိုပြီးမြန်မာမုန့်တွေဝယ်ခဲ့သည်။

ဒီပွဲမှာကအညာသားကျောဂုံးနဲ့ကရေကရာတွေလည်ရောင်သလိုခွက်ပြင်ရောင်းတဲ့အသည်တွေကလည်နေရာတိုင်းမှာရှိနေတော့မောင့်အတွက်ဝယ်ရတာအဆင်ပြေသည်။

နောက်ပြီးမမအတွက်ကြိမ်လေးတွေနဲ့လုပ်ထားတဲ့ကစားစရာလေးတွေနဲ့အိုးပုက်အနည်းငယ်ကိုလည်ဝယ်ခဲ့သေးသည်။မမကဒီအရွယ်ကြီးမကစားတော့ပေမဲ့မောင့်အိုးပုက်ပွဲသွားတာကိုသိပြီးသူမလိုက်ရ၍စိတ်ဆိုးနေတာကြောင့်ချော့မလို့ပင်ဖြစ်သည်။နောက်ပြီးမမကအခုလိုကစားစရာလေးတွေကိုလည်မမကနှစ်သက်လွန်းသူဖြစ်တာကြောင့်ပင်....

မောင်....
ပွဲတော်အပြင်ဘက်ကိုရောက်တော့စက်ဘီးစတင်းမှာစက်ဘီးရွေးလိုက်သည်။စက်ဘီးကိုစတင်ကအကိုကြီးကထုပ်လာပေးတော့မောင့်ဘေးမှာကျော်ကမရှိတော့ပါ..ဒါကြောင့်မောင့်
ကျော့်ကိုစိတ်ပူသွားရသည်။ဒါကြောင့်ဘဲစက်ဘီးကိုစတင်းကအကိုကြီးဆီမှာခဏပြန်ထားပြီးကျော်ကိုလိုက်ရှာဖို့ပြင်ရသည်။

ကျော်က..ဒီလိုပွဲမျိုးကိုမရောက်ဖူးတာရောနောက်ပြီးဒီအရပ်ကိုမရင်းနှီးတာရောကြောင့်မောင်စိတ်တွေပူလောင်နေမိသည်။

မောင်ပွဲစျေးဘက်ကိုပြန်ဝင်ဖို့လုပ်တော့မောင့်လက်ကိုတစ်ယောက်ကလာဆွဲသည်။မောင့်လှည့်ကြည့်လိုက်တော့ကျော်ဖြစ်နေသည်။

ကျော်....
မင်း...မင်းကိုငါကလူကွဲသွားပြီမှက်နေတာ..မင်းဘာလို့တစ်ယောက်ထဲလျှောက်သွားရတာလည်...မင်းမျတ်စီလည်နေရင်ဘယ်လိုလုပ်မလည်။

ငါက...အဝေးကြီးမသွားပါဘူးကွ
မင်းစက်ဘီးရွေးနေလို့ဟိုကအရုပ်သည်ဆီခဏသွားတာပါ...မင်းကိုလည်ငါလှန်းကြည့်နေပါတယ်ကွ....ရော့
ဒါလေးကိုမင်းအတွက်လက်ဆောင်ပေးချင်လို့သွားဝယ်နေတာ...မင်းနဲ့ငါဆင်တူလေး...လေ...ကြိုက်လား

ထာဝရဆက်ထုံးWhere stories live. Discover now