끼부르지마 ㅡ [ 1 ]

196 20 0
                                    

Black Cat နဲ့ Golden Retriever ။ ဒီလိုမျိုးပြောလိုက်တာနဲ့ အွီဒယ်ကောလိပ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းအထက် ကျောင်းသူအများစုက ဟန်ထယ်ဆန်းနဲ့ ကင်မ်အီဟန်ကိုပြေးမြင်မိကြမှာ။ 

Chic ဖြစ်ဖြစ် ဘာသိဘာသာနေတတ်တဲ့ စရိုက်နဲ့ ဟန်ထယ်ဆန်းရယ်၊ ထွေးပွေ့တတ်ပြီး လူတိုင်းအပေါ် နွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ ကင်မ်အီဟန်ရယ်။

music taste, outfit style, hobbies ကစလို့ daily life pattern ထဲရှိရှိသမျှ အရာအားလုံး တစ်စိုးတစ်စိလေးမှမကိုက်ညီတဲ့ သူတို့နှစ်ယောက်က Zico သီချင်းထဲကလိုပြောရမယ်ဆို " YouTube မှာ Subscribe လုပ်ထားတဲ့ Channel တွေကိုပဲကြည့်ရင်တောင် ဒီပေါင်းစပ်မှုက ကြာရှည်ခံနိုင်မှာမဟုတ်ဘူး " ဆိုတဲ့ အတွဲ။ ဒါပေမဲ့ ဆန်းကျယ်တဲ့ဖြစ်ရပ်တစ်ခုလိုမျိုး သူတို့အချင်းချင်း ပေါင်းလာတာဟာ ဆယ်စုနှစ်တစ်ခုထပ်မကဘူး။ မူလတန်းက စလို့ ကောလိပ်အထိဆိုပါတော့လေ...။

ကြောင်ရိုင်းလေး ထယ်ဆန်းနဲ့ သဘောကောင်းတဲ့ စီနီယာအစ်ကို အီဟန်ရဲ့ ပေါင်းစပ်မှုကို သဘောမတွေ့လှတဲ့ မိန်းကလေးတွေကလည်းအများသား။ ဘာ့ကြောင့်ဆို စီနီယာအီဟန်နား ကပ်မိလို့ ကြောင်ကုတ်ခံရတဲ့ မိန်းကလေးတွေ နည်းမှမနည်းတာ။

" ထယ်ဆန်းရာ... မင်းထပ်ပြီး အဲ့လိုလုပ်ပြန်ပြီလား "

" ဘယ်လို?? "

အတည်ကြည်ဆုံးလေသံနဲ့ အတတ်နိုင်ဆုံး ထိန်းညှိပြောလာတဲ့ အီဟန့်အမေးကို ထယ်ဆန်းက ခပ်ထေ့ထေ့လေး ပြန်ပြောဖြစ်တယ်။ အမှန်ဆိုရင် အီဟန်ဘာကိုဆိုလိုမှန်း ထယ်ဆန်းက သိပ်သိတာပေါ့။ တမင်တကာ အရွဲ့တိုက်တတ်တာက ဒါသူ့အကျင့်။

" မင်းအဲ့ကလေးမကို လိုက်နေပြန်ပြီမလား "

ထယ်ဆန်းက ပါးစပ်ထဲ ငုံခဲထားခဲ့တဲ့ လော်လီပေါ့ကို သွားနဲ့ နာနာလေးကိုက်ပြီး တုတ်ကိုလွှတ်ပစ်လိုက်တယ်။ နောက်တော့ ထုံးစံအတိုင်း သူ့ရဲ့ ဂျစ်ကန်ကန် အပေအတေအကြည့်နဲ့ အီဟန့်ကို ကတောကမျောကြည့်ရင်း ခပ်ဟဟပြောရှာသည်။ 

" မကျေနပ်ဘူးလား မင်းက "

" အင်း။ မင်းက အရမ်းလွန်လာနေပြီ။ "

끼부르지마 | 한탯 Where stories live. Discover now