끼부르지마 ㅡ [ 2 ]

129 18 0
                                    

" ထယ်ဆန်း ငါတို့ pc room သွား... "
" နိုး ကောင်မလေးနဲ့ ချိန်းထားတယ် "

" ထယ်ဆန်း ငါတို့ ငါးပြတိုက်... "
" အာ ကောင်မလေးနဲ့ ဒိတ်လုပ်ရဦးမယ် "

" ထယ်ဆန်း အိမ်အတူတူပြန် "
" ဒီနေ့တော့ပြန်နှင့် ငါကကောင်မလေးကို လိုက်ပို့ပြီးမှ ပြန်မှာ "

ရှီးး ဘားးးးး။ စောက်ကျိုးနဲ။ ဟန်ထယ်ဆန်းက သူ့ကို စောက်ရမ်းတွေ ပညာပြနေပြီ။

သူကလွဲ ဘယ်သူ့မှ အာရုံထဲမထည့်တတ်တဲ့ လူက အခုနောက်ပိုင်းရုတ်တရက်ကြီး ပေါင်းသင်းဆက်ဆံရေးကောင်းလာပြီး လူတိုင်းအပေါ်ကို သဘောကောင်းကောင်းနဲ့ ချိုမြိန်ပြနေတာပဲ။ အဲ့တာထပ် အဲ့မိန်းမကလေးအပေါ် ဇွတ်ကောင်းပေးပြီး သူမှသူဖြစ်နေအောင် ချုပ်နှောင်ထားတဲ့ပုံကလေ.. ဝါးးးးးး... တောက်ခ်!!!

အမှန်ဆိုရင် ပြောင်းလဲသွားတဲ့ ဟန်ထယ်ဆန်းက ခြေလည်း ညိမ်ပြီး လူဝင်ဆံ့လာပြီးတော့ အကောင်းဘက်ကို ပြောင်းလဲလာတာမို့လို့ အီဟန်ကဝမ်းသာပေးသင့်တယ်။ ဒါပေမဲ့ အသွေးသားထဲကကို သွေးတွေ ပွက်ပွက်ဆူနေသလိုမျိုး တစ်စက်လေးမှ ဝမ်းမသာနိုင်ဘူး။ စောက်ရေးလည်းမပါဘူး။ သူ့ကိုပေးနေကြအချိန်တွေထဲကနေ သူများကို ခွဲပေးနေတာကို လုံးဝမကြိုက်ဘူး။

အဲ့မိန်းကလေးပုံတွေ highlight လုပ်ထားတဲ့ ထယ်ဆန်းရဲ့ အင်စတာအကောင့်ကို ကြည့်ရင်း စိတ်မပါပဲ ဟက်ခနဲ ထရယ်လိုက်၊ ပါးစောင်ကို လျှာထိုးရင်း အံကြိတ်လိုက်နဲ့ အိပ်ရာပေါ်လူးလိမ့်နေတဲ့ အီဟန်က ကျောင်းရဲ့ တည်ညိမ်တဲ့ နတ်သားလေး အင်းမေ့နဲ့တော့ အတော်လေးကွဲထွက်နေတယ်ဆိုတာ အသေအချာပဲ။

လက်ရှိ ဟန်ထယ်ဆန်းကို သူမကြိုက်ပါဘူး။ ဟန်ထယ်ဆန်းကို ဟန်ထယ်ဆန်းရဲ့ ပုံစံအတိုင်းပဲကြိုက်တယ် ပြောင်းလဲသွားတဲ့ ဟန်ထယ်ဆန်းကို သူလုံးဝမကြိုက်ဘူး။

ထယ်ဆန်းဆိုတာက အီဟန်ကလွဲ မသိတဲ့ လူပဲဖြစ်နေသင့်တာ ဟုတ်တယ်မလား...?? ဒါကအမြဲတမ်းဒီလိုပဲဖြစ်လာခဲ့ပြီး နောက်လည်းဒီလိုပဲဖြစ်သင့်တာ။

.

" အခု မင်း အိမ်ရှေ့ရောက်နေတယ် မအိပ်သေးဘူးဆိုရင် ခဏ ထွက်လာခဲ့ "

You've reached the end of published parts.

⏰ Last updated: Aug 31 ⏰

Add this story to your Library to get notified about new parts!

끼부르지마 | 한탯 Where stories live. Discover now