☁️အပိုင်း(၁၀)☁️

1.6K 69 7
                                    

ရူး

အပိုင်း (၁၀)

"ဘယ်လို ယမင်းအသတ်ခံလိုက်ရတယ်"

"ဟုတ်တယ် ကိုဝေရန်။ ကျွန်မလဲသိသိခြင်း အကြောင်းပြန်ပေးတာ။ ကျန်တာတော့ ကျွန်မသေချာမသိဘူး"

သူမပြောသည့်စကားနှင့် မနက်က ထင်သ ပြောတဲ့စကားကို ဆက်စပ်နေမိသည်။ သူက ဂိုဏ်းမှာသာနေရတာမို့ အိမ်တော်က ကိစ္စတွေကိုသိပ်မသိ။ ဒေလီရာ‌ လွတ်သွားတာ လွှတ်ပေးတဲ့သူရှိလို့ဆိုတော့ ‌ယမင်းဟာ သေချာပေါက်မဖြစ်နိုင်။ ယမင်းကိုယ်တိုင်က သူလုပ်တာပါလို့ ဝန်ခံပြီး အပြစ်ခံယူသွားတော့ ဒီကိစ္စက မမလေးနဲ့များသက်ဆိုင်နေမလား။

ဒီလိုဆိုအခုမမလေးနားမှာ ကိုယ့်ဘက်ကလူတစ်ယောက်မှမရှိတော့တာမို့ ချက်ခြင်းဘဲ မမလေးအနား လူယုံတစ်ယောက်ပို့ဖို့အတွက် ဝေရန်စီစဉ်ရတော့သည်။ သခင်လေးသိရင်လဲ ကိုယ့်ပေါ့ဆမူကြောင့် ဆူခံရရုံအပြင်ဘာမှမတက်နိုင်တော့။

ဝေရန်ဖုန်းပြောပြီးတော့ ဝတ်ရည်ရှိမဲ့နေရာကို ထွက်လာခဲ့လိုက်သည်။ ဒီအိမ်မှာ သူမကိုခေါ်ထားဖြစ်တာ ကြာပြီ။ သို့ပေမဲ့ သူမက အခုအချိန်ထိ ကိုယ့်ကို စကားကောင်းကောင်းမပြော။ ကိုယ့်ဘက်က စပြောရင်တောင် အမြဲရှောင်ထွက်သွားစမြဲ။ မမလေးအနားပို့ဖို့လူဟာ သူမအပြင် စိတ်ချရမဲ့လူ  ထက်မရှိတာမို့ သူမဆီအပူကပ်ရအုံးမည်။

"ဘာလာလုပ်တာလဲ။ ကျွန်မကိုပြန်လွှတ်ဖို့မှမဟုတ်ရင် ရှင့်ကိုကျွန်မအနားမလာဖို့ပြောထားတယ်မလား။ မဟုတ်ရင်လဲ ကျွန်မကို သတ်လိုက်တော့"

လက်ထဲက ကြက်သွန်လှီးဓားကို ထိုးပေးတာကြောင့် သူ့မှာကြောင်နနဖြစ်ရ၏။ တစ်ကယ်ဆို သူမကို ပြန်လွတ်ပေးလို့ရပေမဲ့ အကြောင်းပြချက်မရှိဘဲ သူနေတဲ့နေရာမှာဘဲ ခေါ်ထားမိသည်။ ဒီကိုရောက်လာပြီးမှတော့  ပေးပြန်လို့မှမဖြစ်တော့ဘဲ။

"ကိုယ်ပြောစရာရှိတယ်။ မင်းဒေါသကိုအရင်လျှော့လိုက်"

"အို တစ်ပြားသားမှမလျှော့နိုင်ဘူး။ ရှင်လဲအာလာမချောင်နေနဲ့ ပြန်မလွှတ်သေးဘူးမလား။ ဝေးဝေးသွားလိုက်တော့"

You've reached the end of published parts.

⏰ Last updated: Jul 31 ⏰

Add this story to your Library to get notified about new parts!

Please don't leave me!Where stories live. Discover now