"ဒီကျောက်တုံးကဓားကိုဆွဲထုတ်နိူင်တဲ့ဘယ်သူမဆိုဘုရင်အစစ်အမှန်ဖြစ်သည်"
ရီနာသူဖတ်လတ်စစာအုပ်လေးကိုချပြီးတော့အေးစက်နေပြီဖြစ်တဲ့coffeeလက်ကျန်လေးကိုမော့သောက်ပြီးနောက်သက်ပြင်းလေးတစ်ခုချကာရေရွတ်မိသည်
"တကယ်မရိူတဲ့အရာတွေကိုဘာလို့လက်ခံနေတဲ့သူတွေရိူနေကြသေးလဲမသိဘူး"
ရီဒါ[sunshineဆေးရုံကြီးတစ်ခုရဲ့အတော်ဆုံးဆရာဝန်တွေထဲကတစ်ယောက်ဆေးပညာသည်ရှေးခေတ်အဆက်ဆက်တိုးတက်လာခဲ့ပြီးနောက်တိုးတက်သည့်ခေတ်တွင်တော့စက်ပစ္စည်းကိရိယာရဲ့အကူအညီများစွာဖြင့်လူအသက်ပေါင်းများစွာကိုကယ်တင်နိူင်ခဲ့သည်ဆရာဝန်တစ်ယောက်အနေနဲ့ရီနာလူနာပေါင်းစုံကြုံဖူးသည်ဆေးရုံထဲပျော်ရွှင်စွာထွက်သွားကြတဲ့လူနာတွေရိူသလိုဆေးရုံကနေထွက်မသွားနိူင်ခဲ့ကြတဲ့လူနာတွေနဲ့လဲကြုံခဲ့ဖူးသည်ဆေးပညာအရလက်လျော့လိုက်ရသည့်အချိန်မျိူးတွေလူနာရှင်တွေရဲ့ယတြာတွေကိုးကွယ်မူနဲ့ပတ်သက်တာတွေမျိူးစုံကိုရီနာတွေ့ခဲ့ဖူးသည်အရင်ရှေးခေတ်ကတည်းကစက်ပစ္စည်းမစုံလင်သည့်ခေတ်ကတည်းကလူနာတွေသည်ရောဂါအတွက်ဆေးအစားနတ်တွေမှော်တွေအင်းတွေကိုအသုံးပြုကျသည်ကိုလဲရီနာစာအုပ်တွေထဲဖတ်ဖူးသည်ရီနာအတွက်ကတော့ဆရာဝန်တစ်ယောက်အနေနဲ့လူနာတွေရဲ့ယုံကြည်မူကိုဘာမှမပြောလိုသော်လဲသူကိုယ်တိုင်တော့ဒီလိုအရာတွေတကယ်ရိူသည်ကိုမယုံကြည်နိူင်ပေသူမအတွက်ကတော့မှော်ဆရာMerlin တို့Alice and wonderlandတို့လိုမျိူးသည်ညအိပ်ရာပုံပြင်သပ်သပ်သာ]
တစ်နေ့အရေးပေါ်လူနာကိုကုသနေရသောကြောင့်ရီနာတစ်ယောက်ညနက်မှပဲဆေးရုံကနေပြန်လာခဲ့သည်ဆရာဝန်တစ်ယောက်အနေနဲ့ဆေးရုံမှာအိပ်လို့ရသည့်အခန်းတွေထားပေးထားသော်လဲသူမအတွက်ကတော့သူမအိမ်ကအိပ်ယာလေးကိုအစားမထိုးနိူင်ချေညနက်နေပြီဖြစ်သောကြောင့်ရီနာရဲ့ကားလေးအိမ်ပြန်ရာလမ်းသည်ကားတစ်စီးတစ်လေမှလွဲတိတ်ဆိတ်ပြီးလမိုက်ညဖြစ်သောကြောင့်ကားမီးရောင်ရိူသောလဲပိုပြီးညကမှောင်နေသည်ကားကိုဂရုတစိုက်မောင်းနေတုန်းမှာတင်
ဝုန်း....
ရီနာသူမရဲ့ကားရှေ့စက်ခေါင်းဖုံးပေါ်သို့တစ်စုံတစ်ခုပြုတ်ကျလာတာကိုတွေ့လိုက်သည်သိသိချင်းbreakအမြန်နင်းလိုက်သော်လဲထိုအရာသည်စက်ခေါင်းဖုံးပေါ်ကျပြီးအရှေ့သို့လိမ့်ကျသွားသည်
"WTF....ဘာကြီးလဲဟ လူလား...ငါလူကိုတိုက်မိတာလားမဟုတ်ပါဘူးကားလမ်းမှာလူကအရှင်းကြီးပါပြီးတော့ငါတိုက်မိတာမဟုတ်ပဲငါ့ကားပေါ်ပြုတ်ကျလာသလိုပါလူလားသစ်ကိုင်းလားမသိတော့ဘူးshit....ဒါမှန်းသိရင်ဆေးရုံမှာပဲညအိပ်ပါတယ်"
ရီနာရုတ်တရတ်ပူထူပြီးဘာလုပ်ရမလဲမသိဖြစ်နေစဉ်နောက်မှပဲအခြေအနေထွက်ကြည့်ဖို့သတိရပြီးအမြန်အမြန်ကားထဲမှထွက်ကာသူမကားပေါ်ပြုတ်ကျလာသည့်အရာကိုဘာလဲကြည့်မိသည်
လူမဟုတ်ပါစေဆုတောင်းသော်လဲရီနာဆုတောင်းမပြည့်ခဲ့သူမကားရှေ့မှာရိူနေသည်ကလူ လူကိုမှတစ်ယောက်တည်းမဟုတ်နစ်ယောက်
တစ်ယောက်ကလှဲလျောင်းနေပြီးတစ်ယောက်ကတော့အဲ့လူကိုပွေ့ဖတ်ထားသည်ပိုထူးဆန်းသည်ကနစ်ယောက်မှာတစ်ယောက်ကရှေးခေတ်ကအဝတ်အစားတွေဝတ်ထားပြီးတနည်းပြောရရင်ရှေးခေတ်ကရဲမတ်အဝတ်အစားပုံစံဖြစ်သည်နောက်တစ်ယောက်ကတော့ပိုးသားလိုနူးညံ့တဲ့အသားအရည်ကိုပါးလွှာပေမယ့်တန်ဖိုးကြီးမားတဲ့အဝတ်အစားမျိူးကိုဝတ်ထားသည်ရှေးခတ်ကအထက်တန်းစားလိုလိုမျိူးပြီးတော့နစ်ယောက်လုံးသွေးတွေနဲ့
"ဟင်သွေး...ဟုတ်သားပဲသွေးတွေထွက်နေတာပဲသူတို့"
ရီနာတစ်ယောက်အတွေးထဲနစ်မျောပြီးသွေးတွေမြင်မှပဲသတိပြန်ကပ်သည်စစ်သည်အဝတ်အစားနဲ့မိန်းကလေးသည်ပုခုံးမှာသွေးတွေထွက်နေပြီးအထက်တန်းစားအဝတ်အစားနဲ့မိန်းကလေးသည်ဗိုက်မှသွေးများထွက်နေပြီးအဝတ်အစားလေးမှာအနီရဲနေသည်
ပုံစံတွေမှာcosplayလိုလိုဘာလိုလိုနဲ့စစ်သည်ဆိုတဲ့သူရဲ့လက်ထဲမှာလဲဓားကအစစ်လားအတုလားမသိကိုင်ထားတာတွေ့တော့ရီနာသွားရမလားတွန့်ဆုတ်နေမိသည်ဒါပေမယ့်ဆရာဝန်တစ်ယောက်အနေနဲ့သူမကျော်မသွားနိူင်ပါဒီသူတွေကိုအဲ့ဒါမို့လို့အနားကိုဖြည်းဖြည်းချင်းတိုးသွားပြီးတော့အတက်နိူင်ဆုံးတည်တည်ငြိမ်ငြိမ်လေးမေးမိသည်
"ဒီမှာနစ်ယောက်စလုံးဒဏ်ရာတွေနဲ့ဘယ်လိုဖြစ်တာလဲမသ်ိဘူးကားနဲ့တိုက်မိသွားသေးလားမသိဘူးဒဏ်ရာတွေနဲ့ဆေးရုံသွားဖို့လိုတယ်နော်"
အဲ့လိုပြောတော့စစ်သည်အဝတ်အစားနဲ့သူကမော့ကြည့်လာသည်
"လှသည်...မဟုတ်ဘူးလှတယ်ဆိုတာထက်သူ့အလှကဖော်ပြဖို့စကားရှာရခက်သည်တည်ငြိမ်တဲ့မျက်ဝန်းတွေလေးနက်တဲ့အကြည့်တွေနဲ့သူမကိုရန်သူလားမိတ်ဆွေလားခွဲခြားနေတဲ့ပုံစစ်သည်တစ်ယောက်ရဲ့ပုံစံကမိန်းကလေးတစ်ယောက်ဖြစ်နေတဲ့သူမအလှကိုလဲဖုံးမသွားပါအဝတ်အစားအလှအပတွေလဲမလိုလောက်ပါဘူးသေချာကြည့်မိတော့နူတ်ခမ်းလေးတွေကဖျော့တော့နေသည်သူမသွေးထွက်လွန်နေပြီဒါတောင်မှသူ့ကိုယ်သူထက်တစ်ခြားသူကိုပိုဂရုစိူက်နေသည်"
ရီနာအကဲခတ်လို့မဆုံးခင်မှာတင်စစ်သည်မိန်းကလေးထံမှတစ်ခုခုပြောတာကြားလိုက်သည်ကံဆိုးစွာနဲ့သူမမကြားဖူးတဲ့ဘာသာစကားဖြစ်နေသလိုဘာမှလဲနားမလည်ခဲ့ပါ
"ရှင်အဆင်ပြေရဲ့လားဆေးရုံသွားဖို့လိုတယ်နစ်ယောက်လုံး"
ရီနာအနားကပ်လာပြီးထပ်မေးလိုက်သည်ဒီတစ်ခါလဲစစ်သည်မိန်းကလေးကသူမနားမလည်သောစကားတွေနဲ့ထပ်ပြောပြန်သည်
"ခနနော်phoneထဲကtranslator appဖွင့်လိုက်အုန်းမယ်"
ရီနာပြောပြောနဲ့ဖုန်းကိုထုတ်ဖို့လုပ်ပေမယ့်ဖုန်းကကားထဲမှာကျန်ခဲ့သည်ကိုအခုမှသတိရသည်ရီနာကိုယ့်နာဖူးကိုယ်ရိုက်ကာ
"သေလိုက်ပါတော့ငါ့နှယ် ဟိုလေခနနော်ဖုန်းလေးသွားယူလိုက်ဦးမယ်နော်"ရီနာပြောပြောနဲ့လှည့်ပြန်ယူဖို့လုပ်စဉ်ရုတ်တရက်သူ့လက်ကိုတစ်ယောက်ယောက်ကလာကိုင်ပြီးစောင့်ဆွဲတာခံလိုက်ရပြီးသူ့မျက်နှာလဲပြန်အလှည့်မှာ
နူးညံ့တဲ့အရာတစ်ခုကိုခံစားလိုက်ရသည်တစ်ခါတည်းမှာတင်ပူနွေးတဲ့စီးဆင်းမူတစ်ခုပြီးတော့ချိူမြိန်မူလိူင်းတွေလိုမျိူးတစ်ငြိမ့်ငြိမ့်စီးဆင်းသွားသလိုခံစားရသည်
ဟုတ်ပါတယ်ဆရာဝန်မလေးရီနာတစ်ယောက်မျက်နှာပြန်အလှည့်မှာတင်စစ်သည်မိန်းကလေးရဲ့အနမ်းနဲ့မိတ်ဆက်မိသွားခြင်းဖြစ်သည်
ရီနာတစ်ယောက်ဘာမှကိုမတုန့်ပြန်လိုက်ရခင်မှာတင်ထိုစစ်သည်မိန်းကလေးမှနမ်းနေရာမှခွါလိုက်ပြီးတော့သူမကိုစကားပြောတာကြားလိုက်ရသည်
ဒီတစ်ခါတော့ရီနာရှင်းရှင်းလင်းလင်းနဲ့ကိုနားလည်လိုက်သည်
unknown-"သူမကိုကယ်တင်ပေးပါကျေးဇူးပြုပြီးငါတောင်းဆိုပါတယ်"
Arthur note ဒါလေးကိုဖတ်ပြီးသွားရင်ကျွန်တော့်wallမှာပဲတင်ထားတဲ့မျဉ်းပြိုင်နစ်ခုရဲဲဲ့ချစ်ခြင်းအပိုင်း၁ကိုလဲဖတ်ကြည့်ကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်ရေးချင်တဲ့ပုံစံကိုနားလည်ပြီးတော့pov teamရွှေးမလားဘာလားလုပ်လို့ရပါမယ်🩵🩵🩵
YOU ARE READING
အေဒီ၃ရာစုမှအချစ်
Fantasyဆရာဝန်မလေးရီနာတစ်ယောက်မထင်ထားခဲ့တဲ့လူနာနဲ့တွေ့ဆုံမိရာကနေသူမဘဝကိုပြောင်းလဲစေမယ့်အရာတွေဖြစ်လာသောအခါ