Rina Chapter 2

29 3 0
                                    

ရှင်တို့ဘဝမှာဒီတိုင်းထားလိုက်မိရင်အကောင်းသားဆိုပြီးနောင်တရခဲ့မိတာတွေရိူခဲ့ဖူးလား
ကျွန်မလား ကျွန်မလဲအဲ့လိုနောင်တရမယ့်အရာတစ်ခုထဲဝင်ပါမိပြီဆိုတာကြိုသိခဲ့မိရင်ကောင်းမယ်အခုလဲcosplayလိုလိုဘာလိုလိုနဲ့ဘယ်ကမှန်းမသိတဲ့သူစိမ်းနစ်ယောက်ပြီးတော့ရည်းစားဆိုတစ်ခါမတောင်မထားဖူးသေးတဲ့ကျွန်မရဲ့first kissကိုလဲယူသွားသေးတယ်အဲ့ဒါကိုဒေါသမထွက်ရပဲဒီသူစိမ်းနစ်ယောက်ကိုဆေးရုံလိုက်ပို့ပေးနေရတယ်
ဒါတောင်ကားစက်နိူးလို့အသံထွက်တာကိုမင်းရဲ့အကောင်ကငါတို့စီးတာမကြိုက်ဘူးလားဆိုပြီးထပြောသေးတဲ့သူကရိူသေးဒီလောက်ပုခုံးမှာဒဏ်ရာရနေပြီးတစ်ယောက်ကြတော့လဲသတိလစ်နေပြီ
ရီနာတစ်ယောက်ဆရာဝန်တစ်ယောက်ရဲ့လူနာတိုင်းကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ဒဏ်ရာရနေတဲ့သူစိမ်းနစ်ယောက်ကိုကားပေါ်တင်ကာsunshineဆေးရုံထံသို့ပေါင်းလာခဲ့သည်
စိတ်ထဲမေးခွန်းပေါင်းများစွာရိူနေသောလဲဒီအချိန်ဒဏ်ရာရနေတဲ့သူအတွက်ပြန်ဖြေနေရတာကပင်ပန်းစေလိမ့်မည်တွေးပြီးမမေးဖြစ်ဒါပေမယ့်ဆရာဝန်တစ်ယောက်အနေနဲ့သူတို့ဒဏ်ရာမှာဝမ်းဗ်ိုက်ထိထားပြီးသတိလစ်နေတဲ့မိန်းကလေးသည်သွေးထွက်မများနေခြေကြည့်ရသည်မှာပုခုံးထိထားတဲ့သူက သူ့ကိုယ်သူထက်ပင်ထိုမိန်းကလေးကိုစိတ်ပူပြီးတော့သွေးတိတ်စေရန်ဖိပေးထားသည့်ဟန်ပေါ်သည်ကားရှေ့ကနေလိမ့်ကျပြီးသူမထွက်ကြည့်သည့်တိုင်အောင်ထိုမိန်းငလေးကိုပဲဂရုစိူက်နေတဲ့သူတို့ရဲ့ဆက်ဆံရေးမှာလဲမသေးလောက်ပေဒါပေမယ့်ဒီတိုင်းထားလျှင်ပုခုံးကနေသွေးထွက်လွန်ပြီးဆေးရုံမရောက်ခင်စိုးရိမ်ရတာကြောင့်ရီနာကားခနရပ်လိုက်သည်
unknown"ဟေ့မင်းရဲ့မြင်းလားဘာလားတော့မသ်ိဘူးဘာလို့ရပ်လိုက်တာလဲမင်းပြောတော့ငါတို့ကိုကုပေးဖို့ဘာရုံဆိုလားအဲ့ကိုခေါ်သွားမှာဆို"
ရီနာmind"အံ့ဩပါရဲ့ဒီလောက်တောင်သေမလိုဖြစ်နေတာတောင်ဒီလိုလေသံနဲ့ရန်တွေ့နိူင်သေးတယ်"
ရီနာ-"ဒီမှာရှင့်ပုခုံးကသွေးထွက်လွန်နေတာကိုဒီတိုင်းထားရင်ဆေးရုံမရောက်ခင်ရှင်သေ သွားနိူင်တယ်အဲ့တော့ရှင့်ဒဏ်ရာကိုပတ်တီးအရင်စီးဖို့လိုတယ်ကျွန်မမြင်းပေါ်..အဲ...အဲ ကားပေါ်မှာအသင့်ဆောင်ထားတာရိူလို့ရှင်ကံကောင်းသွားတယ်မှတ်"
ရီနာတစ်ယောက်ထိုမိန်းကလေးထက်လေသံနစ်ဆလောက်မြှင့်ပြောလိုက်မှပဲထိုမိန်းကလေးမှာငြိမ်ကျသွားသည်
ရီနာတစ်ယောက်ပတ်တီးစည်းပေးရန်ကားရှေ့ခုံမှထွက်လာပြီးတော့နောက်ခန်းကတံခါးကိုဖွင့်ပြီးထိုမိနိးကလေးအနားရောက်လာသည်
ပတ်တီးစည်းဖို့အရင်ဆုံးသွေးတွေစိုနေတဲ့အဝတ်ကိုဖယ်ပြီးဒဏ်ရာအတိမ်အနက်ကိုကြည့်ဖို့လိုသည်
ရီနာ-"ဒီမှာပတ်တီးစည်းဖို့..ဟို..ဟို ရှင့်အဝတ်တွေ.."
ရီနာစကားပင်မဆုံးသေးထိုမိန်းကလေးမှာသူ့ရင်ဘတ်ကကြိုးတစ်ချောင်းကိုဆွဲလိုက်ရာသူမအင်ကျီကအောက်သို့လျောကျပြီးတော့အပေါ်ပိုင်းအသားရေလေးမှာလင်းလက်သွားသည်
ရီနာ mind"WTF....ဒါလူအသားရေကောဟုတ်ရဲ့လားငါ့ထက်တောင်အသားရေက ကြည်နေကောပဲပြီးတော့ဘာလို့မာဆယ်တွေနဲ့တောင့်တင်းနေရတာပါလိမ့်cosplayကိုseriousထားတယ်နဲ့တူတယ်
ဟမ်..ငါဘာတွေတွေးနေတာပါလိမ့်စိတ်ထိန်းရီနာစိတ်ထိန်း"
ရီနာ-"ရှင်...ရှင်ဘာလို့အပေါ်ပိုင်းတစ်ခုလုံးကိုချွတ်....ချွတ်လိုက်တာလဲ...လက်...လက်..နေရာနားကဟာလေးပဲဖြဲမလိုလေ"
ရီနာပြောတော့ထိုမိန်းကလေးမှဘာတွေပြောနေတာလဲပုံစံနဲ့ပြန်ကြည့်နေသောကြောင့်သက်ပြင်းချကာမျက်နှာကိုတက်နိူင်သမျှဒဏ်ရာပေါ်မှာပဲအမြင်ရိူနေအောင်သတိထားပြီးပတ်တီးစည်းလိုက်ရသည်
ပတ်တီးစည်းပြီးတာနဲ့ဘာမှမပြောပဲအမြန်ကားရှေ့ခန်းကိုတက်တာအမြန်ကားကိုမောင်းရသည်
ဆေးရုံကိုဘယ်လိုဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်
ဆေးရုံရောက်တော့ညနက်နေပြီဖြစ်သောကြောင့်တာဝန်ကျသူနာပြုလေးတစ်ယောက်လောက်ပဲကောင်တာတွေရိူနေသည်သူမကိုမြင်တော့
သူနာပြု-"doctorဘယ်လိုလုပ်ပြီးပြန်ရောက်လာတာလဲပြီးတော့...."
သူနာပြုလေးမှာသူမကိုပြောပြီးသူမအနောက်ကလူသားနစ်ယောက်ကိုကြည့်ရင်းတစ်ခုခုမေးချင်နေဟန်သေချာတာပေါ့ညလည်ခေါင်မှာရူးကြောင်ကြောင်အဝတ်အစားနဲ့ဒဏ်ရာတွေနဲ့လူနစ်ယောက်ကိုခေါ်လာတဲ့သူမကို သူမသာဆိုရင်လဲမေးခွန်းတွေထုတ်မိမှာပဲဒါပေမယ့်ပြန်ဖြေဖို့မအားပဲအဲ့ဒါမို့လို့
ရီနာ-"နောက်မှပဲပြောတော့မယ်စံပယ်ရေအခုဒီလူနာကိုအရင်ဒဏ်ရာသွေးတိတ်အောင်ချူပ်ဖို့လိုလို့ကျမကိုအကိုက်အခဲပျောက်ဆေးနဲ့လိုအပ်တဲ့ဆေးတွေပြင်ထားပေးပါလား"
စံပယ်"ဟုတ်ဟုတ် doctor"
ရီနာသူတို့နစ်ယောက်ကိုအခန်းတစ်ခုသို့ခေါ်ကာသတိလစ်နေတဲ့သူကိုတော့ကုတင်ပေါ်လှဲစေပြီးပုခုံးကဒဏ်ရာနဲ့မိန်းကလေးကိုတော့ထိုင်ခိုင်းပြီးပတ်တီးဖြည်ပေးဖို့လုပ်တော့လှဲနေတဲ့မိန်းကလေးကိုသာအကြည့်ဖြင့်ညွှန်ပြသည်ကြည့်ရတာအဲ့မိန်းကလေးကိုပဲအရင်ကုစေချင်တဲ့ပုံပဲ
ရီနာ mind"ဟွန်း.....ဘာလဲဟဒီကfirst kissကိုမပြောမဆိုယူသွားပြီးတစ်ခြားသူကိုတော့ဖြစ်ပျက်နေလိုက်တာများမသာကြီး"
ရီနာမျက်စောင်းတစ်ချက်ထိုးကာသတိလစ်နေတဲ့မိန်းကလေးကိုစမ်းသပ်ကြည့်တော့ဒဏ်ရာမှာရှပ်ထိရုံလောက်ပင်ဒါပေမယ့်ရှပ်ထိသည့်ဒဏ်ရာနဲ့ဘာလို့သတိလစ်တဲ့ထိဖြစ်လဲဆိုတာတော့သူမအတွက်ထူးဆန်းနေသည်သွေးထွက်လွန်အောင်လဲဟိုမသာကြီး....ကသေချာဖိပေးထားလို့သွေးလဲအရမ်းမဆုံးရူံးနေပါဘူးထားပါအရေးကြီးတာကအခြေအနေကိုတွေးနေဖို့မဟုတ်ဘူးအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲ
ရီနာတစ်ယောက်ထိုမိန်းကလေးရဲ့ဒဏ်ရာကိုသန့်ရှင်းပေးကာဆေးတစ်လုံးထိုးပေးဖို့ပြီးတော့ချူပ်ဖို့အပ်ကိုသေချာပိုးသတ်ပြီးတော့ချူပ်ဖို့ပြင်တော့ရုတ်တရတ်သူမလည်ပင်းနားကျရောက်လာသည့်ဓားတစ်စုံကိုင်ထားသူမှာသူမရဲ့အနမ်းသူခိုး
unknown-"မင်းဘယ်သူလဲဆိုတာငါမသိဘူးငါ့ဒဏ်ရာကိုသက်သာအောင်စည်းပေးတာလဲငါအသိအမှတ်ပြုတယ်ဒါပေမယ့်မင်းလက်ထဲကလက်နက်နဲ့ဒီတစ်ယောက်ကိုထိခိုက်အောင်လုပ်ဖို့ဆိုရင်ငါခွင့်လွတ်မှာမဟုတ်ဘူးမင်းလက်ထဲကလက်နက်ကိုချလိုက်ပါ"
ရီနာmind"လက်နက်တဲ့လား...ငါကိုင်ထားတာကအပ်လေးပါဒါကလဲဒဏ်ရာချူပ်ပေးဖို့လေ..အား.....သည်းမခံနိူင်တော့ဒီလောက်ဖြစ်ပျက်နေတာကို"
ရီနာတစ်ယောက်ကြောက်ရမည့်အစားသူမရှေ့ဒီလောက်သေမလိုဖြစ်နေတဲ့သူကြီးကိုဒေါသတွေထွက်ကာတစ်ဖက်က ကိုင်ထားတဲ့ဆေးသေတ္တာဘူးနဲ့ခေါက်ချလိုက်သည်
"ဂွတ်"
"ဂွတ်"
"ဂွတ်"
ထိုအခါကျမှာအားဆိုတဲ့အသံနဲ့အတူဓားကိုလွှတ်ချပြီးခေါင်းကိုပွတ်နေတဲ့မိန်းကလေး
ရီနာ"ဒီမှာ...ရှင်ဘယ်သူလဲဘယ်ကလဲကျွန်မမသိဘူး ကျွန်မကဆရာဝန်ဒီလူနာကိုကောရှင့်ကိုကော ကယ်ဖို့လုပ်နေတာအဲ့ဒါကိုဒီလောက်ဖြစ်ပျက်မနေနဲ့ငြိမ်ငြိမ်ထိုင်နေအသံတစ်ခုထပ်ထွက်လာမယ်ဆိုရင်ဒီထက်ပိုနာမယ်"
ရီနာအဲ့လိုပြောမှပဲငြိမ်ကျသွားတဲ့မိန်းကလေး
ရီနာလဲသက်ပြင်းချကာသတိလစ်နေတဲ့မိန်းကလေးဒဏ်ရာကိုသေချာလေးချူပ်ပေးလိုက်သည်
စိတ်ချရသည့်အနေအထားရောက်မှသူမလက်ချက်နဲ့ငြိမ်နေတဲ့မိန်းကလေးနားသွားကာ
ရီနာ"ဒီမှာသူ့ဒဏ်ကိုသေချာကျွန်မချူပ်ပြီးပြီပိုးလဲသတ်ပြီးပြီနောက်အချိန်တစ်ခုကြာရင်သူသတိရလာလောက်တယ်အခုရှင့်အလှည့်ရှင့်ဒဏ်ရာကိုချူပ်ပေးမယ်ပုခုံးထိပဲဖြဲလိုက်အင်ကျီကိုအကုန်ချွတ်စရာမလိုဘူး"
ရီနာပြောတော့တစ်ခုခုပြန်ပြောမည့်ဟန်ပြင်နေတဲ့သူမကိုလက်ထဲကဆေးဘူးကိုပြလိုက်တော့ပြန်ငြိမ်သွားသည်
သူ့ဒဏ်ရာကိုလဲသေချာချူပ်ပေးပြီးနောက်လိုအပ်တဲ့ဆေးများပေးရန်ဆေးကောင်တာကိုပြန်သွားစရာရိူတာမို့လို့
ရီနာ"ကျွန်မရှင်တို့ကိုလိုအပ်တဲ့ဆေးသွားယူပေးမယ်ဒီမှာပဲနေနေခဲ့ဦး"
ရီနာလဲပြောပြောဆိုဆိုနဲ့အခန်းထဲမှထွက်ကာစံပယ်ထံမှဆေးတွေကိုယူရန်ကောင်တာသို့သွားရသည်ပုံမှန်ဆိုရင်လူနာရှင်တစ်ယောက်ယောက်ကဆေးလာယူရတာဖြစ်သော်လဲဒီထောင့်မကျိူးတဲ့သူပုံစံနဲ့ကမဖြစ်တော့သူမကိုယ်တိုင်လာယူရသည်သို့သော်ဆေးကောင်တာကမြေညီထပ်ဖြစ်တာရယ်သူမရိူနေတာကပထမထပ်ဆိုတော့ဓာတ်လှေကားသုံးဖို့ကလဲသရဲကားကြည့်ပြီးကတည်းကညဘက်ဓာတ်လှေကားတစ်ယောက်တည်းမစီးရဲတဲ့သူမအတွက်လှေကားကနေပဲဆင်းလာရသောကြောင့်အချိန်အနည်းငယ်ကြာခဲ့သည်
ဆေးကောင်တာရောက်တော့
ရီနာ-"စံပယ်ရေဆေးတွေရပြီလားမသိဘူး"
စံပယ်-"ဟုတ်doctor doctorတစ်ခုခုဖြစ်လို့လားdoctorဒဏ်ရာရထားတာရိူလို့လား"
ရီနာ-"ဟမ်...ငါ့အတွက်မဟုတ်ဘူးလေငါနဲ့အတူပါလာတဲ့လူနာအတွက်လေ"
သူမပြောတော့စံပယ်တစ်ယောက်စဉ်းစားရခက်တဲ့ပုံစံနဲ့ပြန်ပြောလာသည်
စံပယ်"ဟို...doctorတစ်ယောက်တည်းပဲဝင်လာတာလေဆေးရုံထဲကို"
ရီနာ-"စံပယ်မနောက်ပါနဲ့ငါ့နောက်မှာပါလာတဲ့လူနာနစ်ယောက်လေcosplayဝတ်စုံလိုလိုနဲ့လေ"
စံပယ်တစ်ယောက်ရီနာကိုစဉ်းစားရခက်နေတဲ့မျက်ဝန်းတွေနဲ့သာပြန်ကြည့်နေသောကြောင့်ရီနာလဲဒေါသထွက်ကာဆေးတွေကိုယူပြီးထိုလူသားနစ်ယောက်ရိူရာအခန်းသို့အမြန်ပြန်လာခဲ့သည်
သို့သော်အခန်းတံခါးကိုဖွင့်လိုက်ပေမယ့်မည်သူတစ်ဦးမှမရိူသောအခန်းတစ်ခုကသာသူမကိုကြိုဆိုနေသည်...
Author Note
ဒီအပိုင်း၂လေးကိုဖတ်ပြီးတဲ့သူအနေနဲ့လဲအပိုင်း၁ကnoteမှပြောထားတဲ့အတိုင်းပဲပြန်ရှင်းပြပေးပါ့မယ်ဗျသေချာအေဒီ၃ရာစုမှအချစ်နဲ့မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းကဇာတ်လမ်းတစ်ခုတည်းကိုမှpovကွဲသွားမှာပါအဲ့ဒါမို့လို့ဒီမှာအပိုင်း၂တင်ပြီးရင်မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းကိုလဲတစ်ရက်တည်းမှာupdateတင်နိူင်အောင်ကြိုးစားပေးပါမယ်စာဖတ်သူအနေနဲ့ဘယ်ဟာကိုအရင်ဖတ်ဖတ်
တစ်ခုတည်းရဲ့povကိုပဲတောက်လျှောက်ဖက်မယ်ဥပမာအေဒီ၃ရာစုမှအချစ်ကိုပဲတောက်လျှောက်အရင်ဖတ်မယ်ဆိုရင်တော့ရီနာpovကနေပဲmodernခေတ်မှာဖြစ်ပျက်နေတာရီနာရဲ့အတွေးတွေကိုသိနိူင်ပြီးတော့တစ်ဖက်လူရဲ့အတွေးတွေpovတွေကိုရီနာလိုပဲသိနိူင်မှာမဟုတ်ပါဘူး
မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းကိုပဲအရင်တောက်လျှောက်ဖက်မယ်ဆိုတဲ့သူတွေအနေနဲ့လဲနန်းတွင်းရဲ့လှည့်ဖျားမူတွေမှော်ဝင်ပစ္စည်းတွေကြောင်းပိုသိနိူင်ပြီးတော့ရီနာရဲ့အတွေးတွေpovတွေကိုမြင်နိူင်မှာမဟုတ်ပါဘူး
နစ်ခုလုံးဖတ်မယ့်သူဥပမာအေဒီ၃ရာစုမှအချစ်အပိုင်း၁ဖတ်ပြီးမျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းအပိုင်း၁ကိုဖတ်အေဒီ၃ရာစုမှအချစ်အပိုင်း၂ဖတ်ပြီးတဲ့သူကလဲဒီနေ့မှာပဲတင်နိူင်အောင်ကြိုးစားမယ့်မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းအပိုင်း၂ကိုဖတ်လိုက်လုပ်မယ်ဆိုရင်တော့third personအနေနဲ့နစ်ဦးလုံးpovကိုenjoyနိူင်ပါမယ်
အဲ့တော့ကိုယ်ကthird personအနေနဲ့ဖတ်ချင်လားmodernခေတ်ရီနာpovကိုပဲအရင်ဖတ်သွားချင်လား
ရှေးခေတ်မှော်ဝင်ပစ္စည်းတွေနဲ့မျဉ်းပြိုင်နစ်ခုရဲ့ချစ်ခြင်းကpovကိုပဲဖတ်သွားချင်လားရွှေးနိူင်အောင်ပါ

အေဒီ၃ရာစုမှအချစ်Where stories live. Discover now