Zawgyi//
Gemini တစ်ယောက် အလုပ်က ပြန်ရောက်ထဲ အိပ်ယာထဲက အမုထိ မထရသေးပေ။ ဆရာဝန် လာတဲ့ တစ်ချိန်လေမှာသာ လွှတ်ပေးသည့် လက်တစ်စုံ။ ဆေးထိုးမယ်လို့ ဆရာဝန်က ပြောတာတောင် မထိုးဘူးဆိုပြီ ဇွတ်ငြင်းသည်။ ထိုကြောင့် သောက်ဆေးတွေသာ ပေးခဲ့သည်။
အခုတော့ ဆေးသောက်ပြီ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည်။ ထို့အချိန်မှသာ Geminiတစ်ယောက် ရေချိုးရသည်။
Fourth-
Gem!!Gem!!.....Fourth တစ်ယောက် အိပ်နေရင် ယောင်ကာ Geminiအား အော်ခေါ်နေသည်။
Gemini-
Fourth ဒီမှာ ရှိတယ်နော်...ဘာမှမဖြစ်ဘူးနော်.....Geminiတစ်ယောက် Fourth ရဲ့ ခေါင်းလေးအားကိုင်ကာ ဖြေးဖြေးခြင်း ချော့ပြောနေသည်။ Fourthရဲ့ ဘေးတွေ ဝင်ထိုင်ကာ အလုပ်လုပ်နေခဲ့သည်။
အချိန်တစ်နာရီမျှကြာပြီ နောက်တွင် Fourthလေး နိုးလာခဲ့သည်။ လှုပ်လာသော ခန္ဓာကိုယ်လေးကြောင့် Geminiလုပ်လက်စ အလုပ်တွေကို ရပ်လိုက်ပြီ Fourthလေးရဲ့ ခေါင်းကို လက်ကလေနဲ့ ပုတ်ပေးနေရင် မေးလိုက်သည်။
Gemini-
Fot နိုးပြီလာ ခေါင်းမူးတာတို့ ရှိလာဟင်....Fourth-
ဟင်းအင်း။ Gem....ငါ ဗိုက်ဆာတယ်။Gemini-
ကြီးကြီးကို ဆန်ပြုတ်အပူပြန်နွေးခိုင်းလိုက်မယ်နော် ခနစောင့်....Fourth-
အွန်း.....ထို့နောက် Gemini အခန်းထဲက ထွက်သွားသည်။ Fourthတစ်ယောက် လှဲနေရာကနေ ထ ကာ အသားကို ဆွဲလိမ် လိုက်သည်။
Fourth-
အာ့.....အိမ်မက်မဟုတ်ဘူးပဲ။ Gem မင်းငါအပေါ်ကို အခုတလော ကောင်းပေနေသလိုပဲ။ စိတ်ချပါ Gem ငါမင်းကို စိတ်ပျပ်အောင်မလုပ်ဘူး။နောက်ဆုံးစကားလေးကို Gemini ကြားလိုက်သည်ကို Fourthမသိပေ။ Gemini စိတ်ထဲတွင် ဝမ်းနည်းသလို မျိုးလေးဖြစ်လာခဲ့သည်။ Geminiလည်း သူကိုယ့်သူ ဘာဖြစ်နေလဲ ဆိုတာကို ပြန်မေးကြည့်ပေမဲ့ အဖြေဟာ ထွက်မလာခဲ့ပေ။ Fourthရဲ့ စကားကို ကြာလိုက်ရတော့ ဝမ်းနည်းမှုနဲ့အတူ သူအပေါ်မှာ မကောင်းတဲ့ သူတစ်ယောက်လို့ပါ စိတ်ထဲဖြစ်ပေါ်လာသည်။