𝖡𝖾𝗌𝗍 𝖢𝗈𝗅𝗈𝗎𝗋𝗌 𝖥𝗈𝗋 𝖸𝗈𝗎𝗋 𝖯𝗈𝗋𝗍𝗋𝖺𝗂𝗍

169 10 0
                                    

အချိန်က တဖြည်းဖြည်းနဲ့ညသန်းခေါင်ယံကိုကျော်သွားခဲ့ပြီ။ တရွေ့ရွေ့လည်ပတ်နေတဲ့နာရီလက်တံနှစ်ခုကလည်း စက်ဝိုင်းပုံစံနာရီကိုဒေါင်လိုက်ပိုင်းဖြတ်တော့မယ်။

ဧည့်ခန်းထဲကတီဗီရှေ့မှာ ခပ်လျော့လျော့ထိုင်ရင်း ဇာတ်လမ်းတွဲတစ်ပုဒ်ကိုကြည့်နေပေမယ့် အာရုံတွေကတော့ အခုချိန်ထိအိမ်ပြန်ရောက်မလာသေးတဲ့တစ်စုံတယောက်သောသူဆီမှာ..။

တစ်နေ့လုံးကောင်းကောင်းမနားရသေးတာကြောင့် ပင်ပန်းနေတဲ့မျက်လုံးတွေက တဖြည်းဖြည်းမှေးစင်းလာပေမယ့် သိစိတ်က မအိပ်လိုက်ဖို့ထိန်းချုပ်နေတယ်။

တကယ်ဆို ဒီလိုအပင်ပန်းခံခြင်းတွေက ဘာမှအဓိပ္ပာယ်မရှိမှန်းသိပေမယ့် ဆောင်းဟွန်းက အရူးလေးလို ထုံပေပေနဲ့ဆက်လုပ်နေတုန်းပဲ။ လောင်ကျွမ်းရမယ်မှန်းသိရက်နဲ့ မီးပုံထဲကိုဇွတ်အတင်းတိုးဝင်ချင်တဲ့ပိုးဖလံလေးလိုမျိုး...။

သတိလက်လွတ်အိပ်ပျော်သွားမှာစိုးတာကြောင့် တီဗီကိုပိတ်ပြီး အညောင်းပြေလမ်းထလျှောက်ဖို့လုပ်တော့ ခြံတံခါးဖွင့်သံနဲ့အတူ ခပ်ရေးရေးကြားလိုက်ရတဲ့ကားသံ...။

ဆောင်းဟွန်း လှစ်ခနဲပြုံးမိသွားတယ်။

ဟုတ်တာပေါ့။ တစ်ညနေလုံး၊ တစ်ညလုံးမျှော်နေခဲ့ရတဲ့သူ ပြန်လာပြီ..။

" 𝖤𝗏𝖺𝗇.."

အနက်ရောင် 𝗅𝖾𝖺𝗍𝗁𝖾𝗋 အိတ်ကို ညာဘက်လက်မှာဆွဲလို့အိမ်ထဲဝင်လာတဲ့သူအနားကို ဝမ်းသာအားရပြေးသွားလိုက်ပေမယ့် ပြန်ရလိုက်တာက အေးတိအေးစက်
အကြည့်တစ်ချက်သာ...။

တစ်စုံတခုကိုအလိုမကျသလိုမျိုး သိသိသာသာတင်းမာနေတဲ့မျက်နှာထားကြောင့် ရှေ့ဆက်ပြောဖို့တောင် နည်းနည်းလေးတွန့်ဆုတ်သွားရတယ်။ ဒါပေမယ့် ဆောင်းဟွန်း တစ်ညနေလုံး ကြိုးစားအားထုတ်ထားရတာလေးတွေကို အလဟဿမဖြစ်စေချင်ဘူး။ ဒါက ချစ်ခြင်းမေတ္တာကိုဖော်ပြဖို့ ဆောင်းဟွန်းလုပ်ပေးတတ်တဲ့တစ်ခုတည်းသောအရာပဲ။

" 𝖤𝗏𝖺𝗇 ညစာစားဦးမှာလားဟင်? ကျွန်တော် ပြင်ထားပြီးပြီ အကုန်လုံးအဆင်သင့်..."

𝖳𝗁𝗋𝗈𝗎𝗀𝗁 𝖳𝗁𝖾 𝖢𝗅𝗈𝗎𝖽𝗌: 𝖳𝗈 𝖳𝗁𝖾 𝖲𝗄𝗒𝗅𝗂𝗇𝖾Where stories live. Discover now