Chapter 7 အရမ်းကြည့်ကောင်းတယ်

47 11 0
                                    

ရုန်မျန် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ တော်တော်ကြာပြီ။

ကြောင်ပုံစံနဲ့ဆို ရုန်မျန်က အသက်ရှူရတာကအစ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။ သူ့မြင်ကွင်းက လူပုံစံနဲ့နေတုန်းကထက်တော့ တော်တော် နိမ့်သွားပေမဲ့ ကြောင်ပုံစံနဲ့ အိပ်ရတာက တကယ်ကို ပိုပြီးသက်တောင့်သက်သာရှိတယ်။

အထူးသဖြင့် သူ့တစ်ကိုယ်လုံး နူးညံ့သွားပြီး သူ့ကြောင်မွှေးလေးတွေနဲ့ ရစ်ထွေးထားတဲ့ ခံစားချက်ကို သူ ကြိုက်တယ်။ ဒါကြောင့် ရုန်မျန်က သူ့ရဲ့အမြီးကို တကိုယ်လုံးပတ်လိုက်ပြီး ဘောလုံးလေးလို ကွေးအိပ်တတ်တယ်။ ဒါကမှ လုံခြုံမှုရှိပြီး အထက်တန်းကျကျ အိပ်စက်တာလို့ခေါ်တာ..

ဒါပေမဲ့ ကြောင်လေးတွေက အရမ်းသတိရှိကြတဲ့ တိရစ္ဆာန်လေးတွေဖြစ်ပြီး လှုပ်ရှားမှုသေးသေးလေးခံစားမိတောင် သူတို့နားရွက်က ထောင်လာလိမ့်မယ်။

ရုန်မျန်က တံခါးအပြင်ဘက်က ခြေသံတွေကို ကြားလိုက်ရတယ်။

အဲ့တာက လျိုယွမ်ဖုန်း၊ သူက တံခါးဝမှာရပ်နေပြီး လက်နှစ်ဖက်ကိုပွတ်လိုက်ရင်း စောင်ထဲထုပ်ပြီး နေ,နေတဲ့ ရုန်မျန့်ကိုကြည့်လိုက်တယ်။ လျိုယွမ်ဖုန်းက ချွေးတွေပြန်နေပြီး သူကြောက်နေပုံက သူ့မျက်နှာမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

"အမ်၊ ရှောင်ရုန်..." သူက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။

အထူးသဖြင့် သားရဲနဲ့ သားကောင် ဆက်ဆံရေးတွေမှာ မွေးရာပါဗီဇတွေရှိတယ်။ လျိုယွမ်ဖုန်းက လူသားပုံစံပြောင်းထားတာတောင် ရုန်မျန့်ကြောင်ပုံစံကိုကြည့်ပြီး သူ ဘယ်လောက်ဖိအားတွေများနေလဲဆိုတာ သိသိသာသာကို မြင်နိုင်တယ်။

ရုန်မျန်က လျိုယွမ်ဖုန်း ဒီတိုင်းဆက်ရပ်နေရင် မူးမေ့‌လဲကုန်တာတွေ ဖြစ်ကုန်မှာစိုးလို့ သူ့အမြီးကို ရမ်းလိုက်ပြီး လူသားပုံစံ ပြန်ပြောင်းလိုက်တယ်။

လူပုံစံပြောင်းလိုက်ချိန်မှာ စောင်က နည်းနည်းသေးနေတာကြောင့် ရုန်မျန်ရဲ့ အပေါ်ပိုင်းက သားမွေးတွေလည်း ဖုံးအုပ်ထားတာမရှိတော့တာမို့ လေနှင့်ထိတွေ့သွားတယ်၊ အမွှေးတွေမရှိ‌တော့ သူ နည်းနည်းအေးသွားသလို ခံစားလိုက်ရတယ်။

ဖြည့်စွက်စာက တအားကောင်းတယ်( HIATUS❗)Where stories live. Discover now