#Uni
"ရိပေါ်"
ထိုလူရဲ့ခေါ်သံကြောင့် ရိပေါ်ရဲ့တစ်ကိုယ်လုံးကရေခဲရိုက်ထားသလိုပဲ။ဘယ်လိုလုပ်ရမလဲဆိုတာသူမသိဘူး။စကားတစ်ခွန်းလောက်ပြန်ပြောလိုက်ချင်တယ်..။ဒါပေမဲ့ ဟုတ်ဆိုတဲ့စကားကိုပြန်ပြောဖို့ကို ရိပေါ်မှာခွန်အားမရှိဘူး။
"ဟုတ်..."
ကြိုးစားပြီးထွက်ဖြစ်အောင်ပြောလိုက်တာ ဟုတ်ဆိုတဲ့စကားတစ်လုံးထဲပါပဲ။ဒါလေးတစ်ခုကကိုရိပေါ်အတွက် a big deal ဖြစ်နေတယ်။
"တစ်တန်းထဲသားချင်းကိုပဲ အဲ့လိုကြီးမနေပါနဲ့"
ရိပေါ်ရဲ့ပုခုံးကိုခပ်ဖွဖွပုတ်ပြီး အရှေ့ကိုထွက်သွားတဲ့ရှောင်းကျန့်ဆိုတဲ့သူ။ပြောရင်သာတစ်ခန်းထဲအတန်းဖော်လို့သာပြောတာ ရိပေါ်အတွက်တော့တခြားကမ္ဘာကလူတစ်ယောက်လိုပါပဲ။ရှောင်းကျန့်က တမူထူးခြားတယ်လို့ ရိပေါ်ထင်သည်။
ရှောင်းကျန့်တဲ့...။အထက်တန်းကျောင်းသားဆိုပေမဲ့ တစ်ကျောင်းလုံးမှာ နာမည်ကြီးတယ်လို့ပြောရမယ်။သူ့ရဲ့အပြုံးတွေကြောင့်ပေါ့။ရိပေါ်အတွက်တော့ တခြားကမ္ဘာတစ်ခုကလူလိုပါပဲ။ရှောင်းကျန့်ကလှတယ်။နာမည်ကြီးတယ်။စာတော်တယ်။အားကစားမှာလဲထူးချွန်တယ်။communication ကောင်းတယ်...။ဒါတွေက စံပြကျောင်းသားတစ်ယောက်ရဲ့စံအရည်အချင်းတွေလို့ ပြောရမလား။
ရိပေါ်ကတော့မတူဘူး။အနေအေးတဲ့ရိပေါ်အတွက် အတန်းစထဲကသူငယ်ချင်းဆိုတာမရှိခဲ့ဘူး။ရှောင်းကျန့်ကသူ့ကိုအတန်းထဲမှာ ပထမဆုံးစကားလာပြောတဲ့လူလို့ပဲထင်တယ်။ရိပေါ်သတင်းတွေကထွက်တာဆိုလို့ မာနကြီးတယ်ဆိုတာပါပဲ။
အတန်းခေါင်းလောင်းသံကြောင့် ရေးကြီးသုတ်ပြာဝင်လာတဲ့ ရှောင်းကျန့်ကအတန်းထဲဝင်ဝင်ချင်း သူ့ကိုပြုံးပြတယ်။
"ရိပေါ် မင်းကျောင်းဆင်းရင်ဘာလုပ်စရာရှိလဲ"
ရုတ်တရပ်မေးလာတဲ့ ရှောင်းကျန့်ရဲ့အမေးကိုပြန်ဖြေဖို့ရိပေါ်မှာ အဖြေမရှိဘူး။သူ့ရဲ့ဦးနှောင်ကဘလာကျင်းနေတယ်။ဒီအခြေအနေကြီးကသူ့အတွက်အတော်လေးကို ကို့ရို့ကားယားနိုင်တယ်။