#Uni
ဆွံ့အသွားတဲ့ဝမ်ရိပေါ်ရဲ့မျက်နှာက သွေးမရှိတဲ့အတိုင်းပဲ။ရှောင်းကျန့်ဘယ်လိုကြောင့် သူ့ကိုဟော်တယ်ခေါ်လာရတာလဲ။
"ဆောရီး မှားသွားတယ်"
စပ်ဖြဲဖြဲရယ်ပြီးရှောင်းကျန့်ရဲ့ဟော်တယ်ကိုထိုးနေတဲ့လက်ညိုးလေးကနေရာပြောင်းသွားတယ်။
ရှောင်းစတူဒီယို
ရှောင်းမျိုးရိုးကဖွင့်ထားတဲ့စတူဒီယိုဆိုတော့ ရှောင်းကျန့်တို့မိသားစုဖွင့်ထားတဲ့စတူဒီယိုဖြစ်လောက်မယ်။ရှောင်းကျန့်ဆိုတဲ့ကောင်က ဒါမျိုးကိုမှမှားရလား။
"ထိုင်ဦးလေ"
အထဲရောက်တော့သပ်သပ်ရပ်ရပ်ပါပဲ။couchပေါ်မှာထိုင်ဖို့ရှောင်းကျန့်ကပြောတော့ဝင်ထိုင်လိုက်တယ်။အိစက်ပြီးနစ်ဝင်သွားတဲ့ ဆိုဖာရဲ့ စပရိန်ကအကောင်းစားကိုသုံးထားပုံရတယ်။
ရှောင်းကျန့်ကဗန်းတစ်ဗန်းကိုကိုင်လာတယ်။ဗန်းပေါ်မှာက လိမ္မော်ရည်ခွက်လေးနှစ်ခွက်ပါလာတယ်။သူ့ကိုဧည့်ခံဖို့အတွက်မီးဖိုချောင်မှာကိုယ်တိုင်ဖျော်လာပုံရတယ်။
"ဘာ...ဘာပြောမလို့လဲ"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုစကားပြောဖို့သိပ်မရဲဘူးဖြစ်နေတယ်။သူစကျောင်းတက်တဲ့ရက်ထဲကခုထက်ထိစကားပြောဖူးတဲ့လူဆိုလို့လက်ချိုးရေလို့ရတယ်။ဒါတောင် အင်းအဲလောက်ပဲပြောဖူးတာ။
"ငါ့ကိုကူညီပေးပါဝမ်ရိပေါ်"
ရှောင်းကျန့်ကသူ့ကိုဒီလိုမျိုး ခခယယအကူအညီတောင်းလာမယ်လို့ ရိပေါ်ဘဝမှာတစ်ခါမှအိပ်မက်မမက်ခဲ့ဖူးဘူး။ရှောင်းကျန့်လိုလူမှာ ပြဿနာအခက်အခဲဆိုတာရှိတတ်သေးတာပါလား။
"ဘာ...ဘာ...ဘာအတွက်လဲ"
ရိပေါ်ရဲ့စကားတွေကစွန့်အနေခဲ့တယ်။မွေးထဲကတစ်ဦးတည်းသောသား လူ့လောကနဲ့အဆက်အသွယ်သိပ်မရှိခဲ့တဲ့ရိပေါ်လိုကလေးတစ်ယောက်ကဒီလိုမျိုးဖြစ်တယ်ဆိုတာ မဆန်းလောက်ဖူးလို့ထင်မိတယ်။
လူဆိုတာပတ်ဝန်းကျင်နဲ့အလိုက်အထိုက်ရှိရမယ်တဲ့။လူတိုင်းအပေါ်ကောင်းပြီးစကားတွေ ရွှန်းရွှန်းဝေအောင်ပြောနေရမယ်လို့ဆိုလိုတာမဟုတ်ဘဲ communicationကောင်းကောင်းတစ်ခုတော့တည်ဆောက်ရမယ်လို့ အဘိုးဖြစ်သူကတော့ပြောခဲ့ပေမဲ့ အကဲပိုလွန်းတဲ့အဘွားကြောင့် ရိပေါ်ဘဝကအမြဲတမ်းအဲ့တာဝန်မှာ ရှုံးနိမ့်ခဲ့ရတယ်။