"ဦးငယ် ... တကယ်ပဲ ကျွန်တော့်ကို ဆွဲမထားချင်ခဲ့ဘူးနော်"
ခွမ်း...
လက်ထဲကိုင်ထားသည့် အစိမ်းပုပ်ရောင်ဆေးရည်တွေထည့်ထားသည့် ဆေးခွက်ကို နံရံမှာ ချိတ်ထားသည့် ပန်းချီကားချပ်တွေဆီ ပစ်ပေါက်လိုက်သည်။
အနီရောင်မီးလုံးထွန်းညှိထားသဖြင့် နီမှောင်နေသည့် အခန်းထဲမှာ ပန်းချီကားတွေကလည်း အမည်းရောင် အစိမ်းရောင်တွေချည့်မို့ ပိုလို့ နက်မှောင်နေလေသည်။ သူ့မျက်ဝန်းတွေထဲ ငွေ့ရည်ဖွဲ့နေတာတွေကြောင့်လည်း ဘာမှမမြင်ရဘဲ ပိုမှုန်ဝါးမှောင်မိုက်နေသည်။
ဆေးစက်တွေပြန့်ကုန်တာကြောင့် ဆေးတွေပေပွနေတဲ့ ပန်းချီကားတွေကို အဝတ်စနဲ့ ပြန်လိုက်သုတ်လိုက်သည်။ ဒါပေမယ့်လည်း ပျက်စီးသွားပြီဖြစ်တဲ့ ပန်းချီကားတွေက ဆေးပြန်ပြင်ဆွဲမှရတော့မည်ထင်သည်။
ရှောင်းကျန့်က လွှင့်ပစ်လိုက်သည့် ဆေးခွက်ကို ပြန်ကောက်ယူလိုက်ပြီး ဆေးရည်တွေထပ်စပ်လိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း သူ စိတ်တိုတိုနဲ့ ပစ်ပေါက်ထားသည့် ပန်းချီကားတွေကို stand မှာ ပြန်တပ်ရင်း အရောင်တွေ ပြန်ပြင်ခြယ်မှုန်းနေသည်။
"ဦးငယ်က ငါ့ကို ဘယ်တုန်းကမှ မလိုချင်ခဲ့ပါဘူး"
သူ့မျက်ဝန်းမှ မျက်ရည်တွေ စီးကျလာနေသည်။ သုတ်ဖယ်ခြင်းမပြုဘဲ ဝေဝါးနေသည့် အနေအထားနဲ့ပဲ ပန်းချီပုံကို ပြန်ဆွဲနေသည်။ ဒီလူသားရဲ့ပုံရိပ်တွေကို မမြင်ရရင်တောင် အတိအကျ သူကရေးဆွဲနိုင်လေသည်။
"ဦးငယ်က ငါ့ကို အမြဲစွန့်ပစ်ဖို့ပဲ ရွေးချယ်တယ်"
ဆွဲပြီးသွားတဲ့ ပန်းချီကားကို နံရံမှာ သွားပြန်ချိတ်လိုက်ပြီး နောက်တကားဖြုတ်ယူလိုက်သည်။
"ဦးငယ်ကို ချစ်ရတာ ပင်ပန်းနေပြီ"
ဒုန်း ဒုန်း...
ရှောင်းကျန့်က လွတ်သွားတဲ့ နံရံကို လက်သီးနဲ့ ၂ ချက်ဆင့်ထိုးပစ်လိုက်သည်။ လက်ဆစ်တွေ ပေါက်ပြဲသွားပြီး သွေးစို့လာသော်လည်း ခံစားချက်ကင်းမဲ့နေသည်။ ဒူးထောက်ထိုင်ချလိုက်ရင်း နံရံကို မှီထားလိုက်သည်။
YOU ARE READING
Liquor (ချစ်ဆိပ်ရည်)
Fanfictionအရက်ဆိုတာ သောက်မိရင် ဖြတ်ရခက်သလိုမျိုးပဲ အချစ်ဆိုတာကလည်း စ မိရင် နောက်ဆုတ်ဖို့မလွယ်တော့ဘူး။ သိပ်ချစ်မိသွားရင် သိပ်ပိုင်ဆိုင်ချင်လွန်းတော့ ချစ်ဆိပ်ရည်တွေထဲကူးခတ်ရင်း စုံးစုံးမြှုပ်သွားရတော့တာပါပဲ။ Start Date: 20230728 End Date: