အပြင်ဆင်တိုင်းဟာ အဖြူရောင်များကိုသာ တခမ်းတနား စီချယ်ထားသည်မှာ အဖြူရောင် စိန်ချယ်ကမ္ဘာငယ်လေးတစ်ခုအဖြစ် သီသန့်တည်ရှိနေသည့်အလား။ဘေးနှစ်ဖတ်ရှိ ဧည့်သည်တော်များဟာ တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို သုံးဆောင်နေကြကာ စကားစမြည်းပြောဆိုနေကြသည်။
တခဏအတွင်း ဆူညံသံများဟာ ရပ်တန့်သွားရကာ လူတိုင်း၏ မျက်လုံးများသည် တံခါးပေါက် အ၀င်ဝဆီသို့သာ။ အနီရောင်ကော်ဇောနှင့် လိုက်ဖတ်စွာ အနက်ရောင်သတို့သား ၀တ်စုံလေးဟာ ခန်းမမီးရောင်အောက် စီချယ်ထားသော ၀တ်စုံပေါ်ရှိ စိန်ပွင့်လေးများဟာ လက်ကနဲ့။ ထို့လူ့နောက်တွင် ကျရောက်လာသော အဖြူရောင်အရိပ်ကလေးကြောင့် ငေးခနဲ့။
"သွားရအောင်..."
"အင်း.."
လာသမျှလူတိုင်းကို လိုက်နှုတ်ဆတ်ပြီး တစ်ခြား ကြင်စဦးမောင်နှံတွေလို လှည့်လည် မိတ်ဆတ်ပေးဖို့ရန် နှစ်ယောက်စလုံးအတွေးထဲမရှိကြ။ထို့အစား မဂ်လာဆောင်ကိုသာ အမြန်အဆုံးသပ်စေရန် သာ လုပ်ဆောင်ရသည်။အရစ်ရှည်လွန်းသော အောဝါဒများကို နှစ်ယောက်စလုံး မျက်မှောင်ကျုံ့ထားကာ မှာတမ်း ချွေနိုင်လွန်းသော သူကို မျက်မှုန်းကျိုးနေရသည်။
"Host..."
"အင်း..."
"ပြန်သင့်ပြီထင်တယ်...ကြာကြာနေရင်..Hostအတွက်မကောင်းဘူး..."
"ခဏလေးဘဲ..သူပျော်နေတာလေး ကြည့်ချင်သေးတယ်.."
နဂါးပေါက်လေး၏ စိတ်ထဲတွင်
'ဘယ်နားလေးကို ပျော် ကျောက်တုံးသာ အရည်ပျော်ချင်ပျော်မယ် Hostလူကြီးကတော့ မပျော်လောက်ဘူး သောက်ခွေး!!'
အခုတလော ဆဲတတ်လာသော အကျင့်လေးကို ပြင်ဖို့ရန်း အရင်ဆုံးကိုယ့်ကို ကိုယ်ဆုံးမရပြန်သည်။
***********
"ကျေနပ်ပြီလား...ရှောင်ကျန့်..."
ဆိုဖာ အနက်ရောင်ပေါ်တွင် ခြေချိတ်ထိုင်နေသူကို မျက်မှောင်ကုတ်ရင်း လက်တစ်ဖတ်က လည်ပင်းတွင်စည်းထားသော စိန်အနားကွပ်များဖြင့် စီချယ်ထားသော နတ်ကတိုင်ကို ကြိုးလျှော့လိုက်သည်။
YOU ARE READING
Role {System} (Complete ✓)
Romanceyi zhan or zhan yi Roleခွဲလို့ မရအောက်ရေးမှာဖြစ်ပါတယ် seme to seme မျိုးလေးပါ။ yi zhan လား zhan yiလားဆိုတာ ညဇီးကွက်လေးတွေ စိတ်ထဲခွဲဖတ်လို့ရပါတယ်နော် ကိုယ်ကတော့ seme to seme လေးရေးကြည့်မလို့☺️☺️ Start date=21.10.2023 End date= 9.5...