Chapter-1.1

3 0 0
                                    

Unicode

ရေချိုးခန်းရဲ့မှန်အရှေ့မှာ ဖုယွမ်ကျိုးမိနစ်ပေါင်းများစွာရပ်ပြီးတဲ့နောက်မှာတော့ သူတကယ်ပဲ အသက်ဆယ့်ခုနစ်နှစ်အရွယ်ကို ပြန်ရောက်လာခဲ့တယ်ဆိုတာကို လက်ခံလိုက်ရတော့တယ်။

မှန်ထဲကကောင်လေးက တူညီတဲ့မျက်နှာဖြစ်ပေမယ့် လှပပြီးတော့ငယ်ရွယ်တယ်။ ဒါပေမယ့်သူကအရမ်းကိုပြောင်းလဲသွားတယ်။ ကောင်လေးကတက်ကြွဖျတ်လတ်မှုတွေအပြည့်နဲ့ဖြစ်နေပြီးတော့ သူ့ရဲ့လှပတဲ့မျက်လုံးတွေကလည်း ထက်မြက်မှုတွေအပြည့်ပဲ။ သူ့ရဲ့အခုလက်ရှိစိတ်အခြေအနေကြောင့် စိတ်ဓာတ်ကျနေရင်တောင် သူ့ရဲ့ယုံကြည့်ချက်ရှိနေတဲ့ပုံစံကိုတော့ ဖုံးကွယ်ထားလို့မရဘူး။

သူ့ရဲ့ငယ်ရွယ်နေတဲ့ပုံကိုမြင်ပြီးတော့ ဖုယွမ်ကျိုးချဥ်လာသလိုခံစားရပြီး ငိုချင်တာကလွဲရင်ဘာမှမသိတော့သလိုမျိုးဖြစ်လာတယ်။

အဲ့ဒီဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့နှစ်တွေမှာ သူကကောင်းကင်ဘုံနတ်သားလေးဆိုတာကိုတောင် မေ့သွားခဲ့ပြီဖြစ်တယ်။

အဲ့ဒီအချိန်တွေမှာ သူ့ကိုယ်သူမှန်ထဲကိုကြည့်ဖို့တောင် မုန်းခဲ့တယ်။ ဘာလို့လဲဆိုတော့ သူမှန်ကြည့်လိုက်တဲ့အခါတိုင်း သူ့ရဲ့လူပုံစံမပေါက်တော့ပဲ သရဲအသွင်ဖြစ်နေတာကို မြင်ရလို့ပဲ။ သူကအရမ်းကိုပိန်ပြီးတော့ သူ့မျက်လုံးတွေကလည်း မျက်တွင်းကျခဲ့တယ်။ ပြီးတော့တစ်နေ့လုံးအသက်မရှိသလိုကြီးဖြစ်နေခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူအဲ့လိုဖြစ်ခဲ့တယ်။ တော်တော်များများကလည်း သူကိုယ်တိုင်ကြောင့်ပဲဖြစ်ခဲ့တာပဲ။ သူအဲ့ယောကျာ်းကိုစွဲလန်းသွားခဲ့တယ်။ သူကသူ့ကိုယ်သူပျက်စီးစေရုံတင်မကဘူး သူ့အမေကိုပါနှလုံးဖောက်စေခဲ့တယ်။ သူ့အဖေကတော့ကားမောင်းနေတုန်း ဟိုတွေးဒီတွေး တွေးနေခဲ့တာကြောင့်ကားအက်ဆီးဒင့်ဖြစ်သွားခဲ့တယ်။ သူ့ရဲ့အခင်ဆုံးသူငယ်ချင်းကလည်း သူနဲ့အဆက်အသွယ်ဖြတ်သွားခဲ့တယ်။

သတိမထားမိလိုက်တဲ့အချိန်မှာပဲ ဖုယွမ်ကျိုးသူ့ရဲ့မကောင်းတဲ့အမှတ်တရတွေကို ပြန်တွေးမိနေမိတယ်။ သူ့ခေါင်းထဲမှာပေါ်လာတာက သူ့အမေရုတ်တရက်ကြီး လဲကျသွားတဲ့ပုံရိပ်ကိုပဲ။ သူ့အဖေကတော့ ပြင်းထန်တဲ့အခြေအနေမှာဖြစ်နေပြီးတော့ သူ့မှာအေးစက်ပြီး စိတ်ပျက်နေတဲ့အကြည့်တစ်ခုကရှိနေတယ်။

omegaအဖြစ်ပြောင်းလဲသွားပြီးနောက်လူတိုင်းကငါနဲ့သေမတတ်လက်ထပ်ချင်နေကြတယ်Where stories live. Discover now