မိုးသည်ထန်စွာရွာနေသောမနက်ခင်းတစ်ခု
လေများလည်းအရမ်းတိုးဝှေ့နေကာ
သစ်ရွက်များပွတ်တိုက်သံ
မိုးချိန်းသံများ
မိုးကျသံများဖြင့် ဆူညံလွန်းလှသည်။ထိုအချိန်၌နိုးလာသူ ဆောင်းနွေရည်လှိုင်
"ကျစ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ အိပ်ကောင်းခြင်းမအိပ်ရဘူးဘဲ"
ထိုစဉ်အောက်ထပ်မှဆောင်းမေမေဖြစ်သူ ဒေါ်နွေနှင်းလှိုင်သည်ဆောင်းအားလှမ်းခေါ်သည်။သို့သော် မိုးအရမ်းပြင်းနေသောကြောင့် ဆောင်းသေချာမကြားရပေ။
ထို့ကြောင့်ဆောင်းလုပ်စရာရှိတာလုပ်ပြီးမှသာအောက်ဆင်းရန်တွေးလိုက်မိသည်။
ဆောင်းမျက်နှာသစ်ပြီးရေချိုးခန်းမှပြန်လာ
ဝရံတာအပြင်ဖက်အားငေးမိလိုက်ရာမှ တစ်ချိန်တုန်းက တစ်စုံတစ်ယောက်နဲ့အမှတ်တရလေးတွေအကြောင်းအရာလေးတွေက ဆောင်းမှတ်ဉာဏ်၌တန်းစီစွာပေါ်လာသည်တစ်ပြိုင်နက်တည်းဆောင်းလွမ်းသည်။အတိအကျပြောရမယ်ဆိုမောင့်ကိုလွမ်းသည်။
အခုအချိန်မောင်ဘာတွေများဖြစ်နေပြီလဲ
မောင့်အကြောင်းတွေဟာသတင်းအစအနနဲနဲမှတောင်ရှာမရခဲ့ပါ။ဆောင်းတွေးလက်စမများကိုဖျက်ကာ ဆောင်းအောက်ထပ်ကိုဆင်းလာခဲ့သည်။
"ဟေး ဒေါ်ဆောင်းနွေရည်လှိုင် ညည်းနဲ့လည်း ခေါ်မကြား အော်မကြားနဲ့တော် ဒီမအေတစ်ယောက်တည်းရှိတာပါနော်
အောက်မှာတစ်ခုခုဖြစ်နေရင်တောင် ညည်းမယ်သိမဲ့ပုံမပေါ်ဘူး""မေမေကလည်း ဆောင်းအခုလာပြီဘဲဟာကို
ပွစိပွစိနဲ့နော် မိုးသံကတစ်မျိုးမေမေကတစ်မျိုး ခုမှနိုးတာနော်မေ့သမီးက""အေးပါ အေးပါ ညည်းစားဖို့ Black Coffee နဲ့ကိတ်လေးစားပွဲမှာပြင်ထားပေးတယ်
"ဟုတ်မေမေ ဆောင်းအပေါ်ထပ်ယူသွားပြီးစားလိုက်မယ်"
"အေး ညည်းဟာညည်းစားချင်တဲ့နေရာယူသွားစား" ဟုပြောကာဆောင်းမေမေဧည့်ခန်းသို့ထွက်သွားသည်။
ဆောင်းလည်းကော်ဖီနှင့်ကိတ်ထည့်ထားသော ဗန်းလေးကိုယူကာ အပေါ်ထပ်ကဆောင်းအခန်းငယ်လေးစီသို့ချီတက်တော့သည်။