- Unicode

1.1K 89 157
                                    

သည်နေ့တော့ ဆိုးလ်မြို့ကြီးဟာမိုးသည်းထန်စွာရွာနေတာကြောင့် လူအများသွားလာရန်ခက်ခဲပြီဖြစ်သည်။ညနေဆိုအမြဲသည်းထန်လွန်းသည့်
မိုးကြောင့်လူအများ မိုးရေထဲထီးတစ်ချောင်းဖြင့်
ပြေးလွှားနေခဲ့ကြသည်။မိုးမင်းကြီးက အညှိုးကြီးလိုက်တာ။

ဆိုးလ်မြို့အလယ်ရှိ ကော်ဖီဆိုင်လေးထဲတွင်တော့
ကောင်လေးတစ်ယောက်က ရွှေရောင်မျက်မှန်ကိုတပ်ထားပြီးစာအုပ်ဖတ်နေသည့်ကောင်လေးက Polo shirt အနက်တိုကိုဝတ်ထားလို့အဖြူရောင် Style pant ကိုဝတ်ထားသည့်သူက ခန္ဓာကိုယ်ကကြည့်ကောင်းပြီး ရုပ်ချောတာကြောင့် ဆိုင်ထဲရှိမိန်းကလေးများ မျက်လုံးကျနေကြ၏။

သူကမျက်နှာချောချော ကြည့်ကောင်း၊ခန့်ညားတဲ့ လူချောလေး ကင်မ်ထယ်ယောင်းပင်ဖြစ်သည်။
လူကြီးပုံစံသပ်တင်ထားသည့် ဆံပင်ကြောင့်
ပိုကြည့်ကောင်းနေတာအမှန်ပင်ဖြစ်လေသည်။
တည်ငြိမ်လွန်းလှသည့် မျက်နှာထားကြောင့်ရယ်၊
သူ၏ဆွဲဆောင်မှုရှိသည့် နှာတံထိပ်ကမှဲ့နက်အပြင်
မျက်ဝန်းညိုညို၊ဘယ်ဘက်မျက်လုံးအောက်ကမှဲ့နက်တွေကဆွဲဆောင်မှုအရှိဆုံး။ခန္ဓာကိုယ်ကပါ
တောင့်တောင့်တင်းတင်းနဲ့မို့ ပျားရည်ရောင်လို
တောက်ပသည့်အသားအရည်နဲ့အတူ ဆွဲမက်ဖွယ်ကောင်းသည့် အသံဩဩပိုင်ရှင်ဖြစ်သည်။

" Cappuccino ပူပူလေးတစ်ခွက်ရပါပြီရှင့်။
စောင့်ဆိုင်းရတဲ့အတွက် တောင်းပန်ပါတယ်။
အေးဆေးသုံးဆောင်ပါရှင့်။ "

စာအုပ်ဖတ်နေရင်း ဝိတ်တာမလေးကမှာထားသည့်ကော်ဖီကိုလာချပေးကာ နောက်ကျသည့်အတွက်
တောင်းပန်စကားကိုဆိုသည်။ထယ်ယောင်းလည်း
လူမှုရေးနားလည်တာမို့ ကောင်မလေးရဲ့စကားကို
အသိမှတ်ပြုသည့်အနေဖြင့် စာအုပ်ဖတ်နေရင်းမှ
ခေါင်းငြိမ့်လိုက်သည်။

ကောင်မလေးကပြန်လည် အရိုအသေပေးပြီးထွက်
သွားတော့မှ ထယ်ယောင်းကဖတ်လက်စစာအုပ်ကို
မှောက်ချလိုက်ရင်း Cappuccino ပူပူကိုကိုင်လို့
အပြင်ဘက်ကိုကြည့်ကာပြုံးနေမိသည်။

" ဟင်း...ထီးပါလာလို့တော်သေးတယ်။ "

ထယ်ယောင်းမိုးရွာနေတာကိုကြည့်လို့ ရယ်လိုက်ပြီးစကားဆိုလိုက်၏။မိုးရာသီကိုတော့သူနှစ်သက်သည်။ဘာလို့လည်းတော့သူမသိဘူး။
မိုးရွာနေရင် အလိုလိုနေရင်းဝမ်းနည်းစရာကောင်းလာသည်။ကိုယ်တိုင်ကအဲ့လိုတွေခံစားတက်သည့်စာရေးဆရာတစ်ယောက်မို့ပဲလား။ခံစားချက်ကို
ဦးတည်၍စာရေးနေတက်တဲ့သူမို့ သူသိသည်။

The words you whisper [ Complete ]Where stories live. Discover now