266 42 6
                                    

- inversely proportional -



"ဟျောင်း၊ ဟျောင်း အသိတွေထဲမှာ ကျွန်တော့်ရည်းစားအဖြစ် ဟန်ဆောင်ပေးနိုင်လောက်မဲ့လူ ရှိလောက်လား။ "

သုံးလလောက်နေမှ မျက်နှာချင်းပြန်ဆိုင်ဖြစ်တာကို စစချင်းဆောက်နဲ့ထွင်း မေးလာတဲ့ ဆောနူကြောင့် ဟီဆွန်း စားလက်စ ခေါက်ဆွဲတွေ ပြန်ထွက်မလို ဖြစ်သွားသည်။

"ရုတ်တရက်ကြီး၊ ဘာလို့လဲ။ "

"ပတ်ခ်ဆောင်ဟွန်းက relationship ဆိုတာကို လေးလေးနက်နက် မစဉ်းစားတတ်တာမလို့ သူရှုပ်တာကို မကြိုက်ရင် ကျွန်တော့်ကိုလဲ လိုက်ရှုပ်တဲ့လေ။ မလုပ်ရဲဘူးထင်ပြီးပြောတာ တကယ် လုပ်ရင် ဘယ်လို တုံ့ပြန်မှုထွက်မလဲသိချင်လို့။ "

ဆောနူက ခပ်လေးလေး ပြောလာတော့
ဟီဆွန်း သက်ပြင်းမသိမသာချမိသည်။
အရေးတကြီးပြောစရာရှိလို့ဆိုပြီး လာခေါ်ကတည်းက စိတ်ထဲထင့်နေပေမဲ့ အယောင်ဆောင် ရည်းစားရှာခိုင်းမယ်လို့မှ မထင်ထားတာ။ ပြီးတော့ အကြောင်းအရင်းကလဲ အချစ်ရေးအဆင်မပြေတာကြောင့်တဲ့လေ။

ဒီကြားထဲမှာ ဆောနူတို့ အချစ်ရေးက အဆင်ပြေတယ်လို့ပဲ သူထင်ထားခဲ့တာလေ။
ဆောနူ ပြောပြသလောက်တော့ ဆောင်ဟွန်းဆိုတဲ့ ကောင်လေးက အရင်ကတည်းက ဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်တတ်တဲ့လူဖြစ်ကြောင်းနဲ့ ဆောနူက တစ်ဖက်သတ်အရင်သဘောကျခဲ့တာပေမဲ့ မတော်တဆမှုကြောင့် ဆောင်ဟွန်းက ဆောနူကို သတိထားမိကာ ဖွင့်ပြောလာတာတဲ့။ ဟိုကောင်လေးဘက်က ဖွင့်ပြောတယ်ဆိုတော့ ဆောနူကို စိတ်ဝင်စားမှုရှိလို့ဆိုပြီး သူ သတ်မှတ်ခဲ့တာ။

ဆောနူဘက်က ဆောင်ဟွန်း နဲ့ ဆက်ဆံရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလာကတည်းက သူ့ဘက်ကလဲ အလုပ်ကို အကြောင်းပြကာ ရှောင်ထွက်နေခဲ့ပြီး အတတ်နိုင်ဆုံး ဆောနူနဲ့ ဝေးဝေးမှာနေခဲ့တာ ။ တကယ်တော့ ဘာမှမသိဘဲ ရိုးရိုးသားသားနဲ့ အရင်အတိုင်း ရင်းရင်းနှီးနှီးဆက်ဆံပေးတဲ့ ဆောနူကိုလဲ အားနာမိသလို သူ့ကိုယ်သူ လိပ်ပြာမလုံတာကြောင့် အပိုလုပ်ခဲ့မိတာပါ။

You've reached the end of published parts.

⏰ Last updated: Aug 23 ⏰

Add this story to your Library to get notified about new parts!

INVERSELY PROPORTIONAL Where stories live. Discover now