စာမြည်း

1.5K 154 12
                                    

ရေပန်းကို ဖွင့်ချလိုက်တာနဲ့ ဖွာကျလာတဲ့ ရေတွေက ကျောပြင်တလျှောက် စီးဆင်းသွားတယ်။ ဒီတော့မှ မနေ့ညက သူနဲ့ အဲဒီလူ အဆုံးစွန်ထိ သွားခဲ့တာဟာ အိပ်မက်မဟုတ်ကြောင်းကို ဟန်ဘင်းမှာ အတည်ပြုလိုက်နိုင်ပါတယ်။ ကျောပြင်မှ စပ်ဖျဉ်းဖျဉ်းခံစားချက်ကြီးက လက်တွေ့ဆန်လွန်းနေတယ် မဟုတ်လား။

မှန်ထဲကနေ မြင်ရသလောက် ကြည့်ကြည့်တော့ ကျောပြင်ပေါ်မှာ နီရဲနေတဲ့ အစင်းရာတွေ။

Shit .. ဒီလူ လက်သည်းတွေနဲ့ ဘယ်လောက်တောင် ကုပ်ခဲ့သလဲပဲ။ 

တကယ်လို့များ သူကသာ အပေါ်မှ အနိုင်ကျင့်ခဲ့ရတဲ့နေရာက မဟုတ်ရင် အဲဒီလူကြောင့် သူ့ခန္ဓာကိုယ်မှာ အစင်းရာ သေးသေးလေး ထင်တာနဲ့တင် ဟန်ဘင်း ပေါက်ကွဲမိမှာ။ “ခင်ဗျားလိုလူက ကျနော့်ကို ဒီလို လုပ်ခွင့်မရှိဘူး” ဆိုတာမျိုး။ ဒါပေမဲ့ အခုကတော့ သူလည်း အဲဒီလူ တကိုယ်လုံး နွမ်းကြေသွားအောင် လုပ်ပစ်ခဲ့တာမို့ အနိုင်အရှုံး တွက်မယ်ဆို သူက ရှုံးတဲ့ဘက်က မဟုတ်။ 

ဒါတောင် ဟန်ဘင်းမှာ မခံချင်ဖြစ်ခဲ့ရသေး။ အိပ်မောမကျခင် အဲဒီလူ ဆိုသွားတဲ့ စကားကြောင့်လေ။ 

“ကိုယ့်ရဲ့ ပထမဆုံးကို ရသွားတာက တော်ရုံကုသိုလ်ကံကောင်းမှုတော့ မဟုတ်ဘူးပဲ။ မင်း တသက်လုံး ဂုဏ်ယူနေသင့်တယ်” တဲ့။

ယုံချင်စရာ မကောင်းပေမဲ့ ညတုန်းက ကိစ္စတွေကို ဟန်ဘင်း အသေးစိတ် ပြန်စဉ်းစားကြည့်တော့ အံ့ဩစိတ်က တွဲပါလျက်သား။ နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်း နမ်းရှိုက်ပစ်ချိန် အဲဒီလူက ခြေမခိုင်တော့သလို သူ့ပေါ် တကိုယ်လုံး မှီကျလာပြီး တင်ပါးတွေကို အသာအယာဆုပ်နယ်စမှာတင် ပြင်းလာတဲ့ အသက်ရှူသံတွေ၊ ပြီးတော့ ရင်ဘက်ပေါ်ကို သူ လျှာဖျားခတ်တဲ့အခါ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး မျက်လုံးတွေမှေးစင်းကာ မိန်းမောကျသွားတဲ့ ပုံစံ။ 

တကယ်ကြီး အဲဒီလူက သူနဲ့မှ ပထမဆုံးလား။ 

မဖြစ်နိုင်တာ … ဘယ်လို တွေးကြည့်တွေးကြည့် အဲဒီလူက သန့်စင်လွန်းတဲ့ အဖြူထည်ရုပ်ထွက်မနေ။ ဘေးမှာ တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေတဲ့ မော်ဒယ်ကောင်လေးတွေဆိုတာ အဲဒီလူကို အကောင်လိုက်မြိုချချင်နေတဲ့ မျက်လုံးတွေနဲ့ချည်းပဲ။ အလှပဂေးလေးကို ဘေးမှာ ထားပြီး ဘယ်ကျားကမှ ဥပုသ်စောင့်မှာမဟုတ်ဘူး။ ပြီးတော့ အဆိုပါမော်ဒယ်ကောင်လေးတွေက အဲဒီလူရဲ့ညအိပ်ဖော်တွေဆိုတဲ့ သတင်းတွေက မကြားချင်မှ အဆုံးပဲ။ 

This Crazy Man, Mr. ZhangWhere stories live. Discover now