Chapter 1

190 8 0
                                    


စက်တင်ဘာလပင်ရောက်ပြီဖြစ်သော်လည်း နွေ၏အပူချိန်မှာအလုံးစုံလျော့ကျသွားခြင်းမရှိပေ။‌ကျောင်းအပြင်ဘက်ရှိ ခေါက်ဆွဲဆိုင်လေးသည်လူများဖြင့်ပြည့်ကြပ်နေသည်။ ဦးခေါင်းအထက်ရှိ လျှပ်စစ်ပန်ကာတစ်ခုသည် မျက်နှာများပေါ်သို့လေပူများမှုတ်ထုတ်နေပြီ ချွေးစအနည်းငယ်ပင်လျော့နည်းသွားခြင်းမရှိပါ။
ချင်းယီသည် ခေါက်ဆွဲဆိုင်၏ဝင်ပေါက်အနီးရှိစားပွဲတွင်ထိုင်ကာ ခေါက်ဆွဲစားနေသည်။ သူ၏ဦးရေပြားမှ ချွေးများစိမ့်ထွက်လာကာ တစ်နေရာတည်းတွင်စုစည်းသွားပြီး နဖူးပေါ်သို့စီးကျနေသည်။
စားပွဲပေါ်ရှိအရည်သွေးနိမ့် တစ်ရှူးတစ်ရွက်အားဆွဲယူကာနဖူး‌‌ပေါ်ရှိချွေးများအားသုတ်ပစ်လိုက်သည်။ အနံ့သင်းသင်းနှင့်ကောင်မလေးတစ်ယောက်သည် သူ၏စားပွဲတစ်ဖက်တွင်ထိုင်နေသည်။ ကောင်မလေးက သူမရဲ့လှပတဲ့မျက်လုံးလေးတွေကိုတဖျတ်ဖျတ်ခတ်ကာ လှပတဲ့အပြုံးလေးတစ်ခုနှင့်သူ့အားပြုံးပြကာနှုတ်ဆိတ်လျက်ထိုင်ကြည့်နေသည်။
ချင်းယီ ခေါက်ဆွဲအားငုံ့မစားမီ ကောင်မလေးအား တစ်ချက်ကြည့်လိုက်သည်။
ကောင်မလေးက စားပွဲအားလက်ဖြင့်ခေါက်ကာ
ချင်းယီအားမေးလိုက်သည်။
“ နင်ဆံပင်ညှပ်ထားတာလား "
တကယ်လည်း ချင်းယီမနေ့ကဆံပင်ညှပ်ခဲ့သည်။ သူ့ဆံပင်တိုတိုကြားမှ ဦးရေပြားပါမြင်နိုင်လောက်သည်အထိတိုနေခြင်းဖြစ်သည်။
“ ဘာလို့ အဲ့လောက်တိုအောင်ညှပ်လိုက်တာလဲ ”
ကောင်မလေးကသူ့အားအပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်ကာပြောသည်။
“ ဒါပေမယ့် နင်ကဘယ်လိုဆံပင်ပုံစံနဲ့ဖြစ်ဖြစ်လိုက်ပါတယ်၊ ဒီလိုအကျဉ်းသားဆံပင်ကေနဲ့တောင်တော်တော်မိုက်တယ် ”
ချင်းယီသည်သူမအားတစ်ချက်ပြန်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေကစူးစူးရဲရဲနှင့်နီရဲနေသည်။
ကောင်မလေးက လုံးဝကိုကြောက်ရွံ့ခြင်းမရှိ။ သူမ၏ပါးစပ်ကိုဟကာ တစ်ခုခုပြောရန်ပြင်လိုက်သည်။ ဒါပေမယ့် သူမ စကားမပြောလိုက်ခင်မှာတင် အရပ်ရှည်ပြီးသန်မာတဲ့အသွင်ပြင်က ပေါ်လာကာ ‌သူမပခုံးပေါ်လက်တင်လိုက်ပြီးဘေးနားကခုံပေါ်တွင်ထိုင်လိုက်သည်။
“ မင်းတို့ဘာတွေပြောနေကြတာလဲ ”
မေးလိုက်သူမှာ ယုပန်းဝမ်ဖြစ်သည်။ သူ့ရင်ဘတ်ပေါ်ရှိတီရှပ်မှာ ချွေးများဖြင့်စိုစွတ်နေသည်။ သူကကောင်မလေးကိုဆွဲကာသူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
ထိုကောင်မလေးမှာ သူ၏ချစ်သူ လုချင်းယွယ်ဖြစ်သည်။ သူမသည် အရပ်မရှည်သော်လည်း သူမ၏ရည်ရည်နဲ့အသွင်အပြင်မှာ အနီးနားရှ်ိကျောင်းတော်တော်များများတွင် အကောင်းဆုံးဖြစ်သည်။
ကောင်မလေးကသူမမျက်နှာကို ပန်းဝမ်၏လက်မောင်းပေါ်သို့မှီချလိုက်ပြီး
“ ချင်းယီကိုဘာလို့စားတာမပြီးသေးတာလဲလို့မေးနေတာ။ သူနဲ့တစ်ခုခုလုပ်ဖို့ ရှာနေတာလား ဟင် ”
ချင်းယီက ခေါက်ဆွဲပန်းကန်ကိုယူလိုက်ကာ အနည်းငယ်မျှကျန်သောခေါက်ဆွဲများအား ပါးစပ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်အား ဆောင့်ချကာ ပန်းဝမ်အားမျက်လုံးလှန်ကြည့်ရင်းမေးလိုက်သည်။
“ ဘာလဲ ”
ပန်းဝမ်က လုချင်းယွယ်အားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားဆဲဖြစ်ကာ
“ ဒီညကျူဟောက်နဲ့ချမှာ ကူညီပေး "
ချင်းယီအနည်းငယ်စိတ်မရှည်သလိုခံစားလိုက်ရသည်။ သူ့ဒေါသကိုထုတ်မပြမီ ပန်းဝမ်က စီးကရက်တစ်လိပ်အား သူ့ရှေ့စားပွဲပေါ်သို့ပစ်ပေးလိုက်သည်။ အဆီတဝင်းဝင်းနှင့်စားပွဲပေါ်က စီးကရက်ကိုစိုက်ကြည့်ကာသူ့ခံစားချက်တွေကိုမျိုသိပ်လိုက်ရင်း
“ မင်း ကျူဟောက်ကိုရန်စလိုက်ပြန်ပြီလား။ သတိထားနေ ကျောင်းကသိရင် မင်းတို့နှစ်ကောင်လုံး ကျောင်းထုတ်ခံရမယ် ”
ယုပန်းဝမ်ကအနှောင့်အယှက်ဖြစ်ပုံမပေါ်။ စီးကရက်အားမီးညှိပြီး မီးခြစ်ကို ချင်းယီရှေ့သို့ပစ်ချလိုက်သည်။
“ ငါ အဲ့ကောင်ကိုရန်မစပါဘူး။ သူက ကျန်းရှောင်လင်ကိုလိုက်ရှာနေတယ် ”
“ ဘယ်သူ? ”
ချငယီလေသံက စိတ်ထဲမပါပေ။
ယုပန်းဝမ်က ကျစ် စုတ်လိုက်ပြီး
“ မင်း သူ့ကိုမတွေ့ဖူးဘူးလား? ရွှီပင်းကသူ့ကိုချစ်မိသွားပြီးလိုက်နေတာနှစ်ဝက်လောက်ရှိပြီ ”
ချင်းယီက စီးကရက်ကိုကောက်ယူရန်လက်ဆန့်လိုက်ပြီးနောက် မီးခြစ်ကိုလှမ်းကိုင်ရင်းတုံ့ဆိုင်းသွားကာ၊ မသောက်ဘဲ စီးကရက်ကိုအိပ်ထဲပြန်ထည့်ကာ မသိမသာမေးလိုက်သည်
“ သူမက လှလား ”
ယုပန်းဝမ်ကပြုံးကာ
“ မင်းဘယ်လိုထင်လဲ ? ”
ထိုသို့မေးပြီးနောက် သူ့ရင်ဘတ်ရှေ့တွင် လက်ခလယ်ထောင်ပြသည်။
လုချင်းယွမ်ကသူ၏လက်ကိုဖြတ်ရိုက်လိုက်သည်။သူကပြုံးပြီး ချင်းယွမ်အားပိုမိုတင်းကြပ်စွာပွေ့ဖက်လိုက်သည်။ သူမသည်ပန်းဝမ်၏လည်ပင်းမှ ချွေးနံ့ဆိုးများအားသည်းမခံနိုင်တော့သလို ခေါင်းအားရှောင်လိုက်သည်ကို ချင်းယီသတိထားမိသည်။
ယုပန်းဝမ်ကတော့သတိထားမိပုံမပေါ်။ သူက စီးကရက်ပြာကိုခါလိုက်ပြီး
“ ဘာပဲဖြစ်ဖြစ် ဒီညတော့ချကြမှာပဲ၊ ကျန်းရှောင်လင်က ရပ်ကွက်သစ်တစ်ခုမှာကျူရှင်သင်နေတယ်။
ရွှီပင်းကည‌နေလာခေါ်တော့မှာ ၊ ကျူဟောက်လည်းလာမှာလို့ သူတို့ပြောတယ် ”
“ အာ ”
“  သေစမ်း”
ယုပန်းဝမ်ကပြောလိုက်တယ်။
“ ငါလူတစ်ဒါဇင်လောက် ကျူဟောက်ကိုသမ ဖို့ခေါ်ထားပြီးပြီ၊ ရွှီပင်းက ငါ့ရဲ့ညီအကိုလေ အဲ့ဒီကောင်ရှေ့မှာ သူ့ကိုမျက်နှာပျက်အောင်လုပ်လို့မဖြစ်ဘူး ”
ချင်းယီက သက်ပြင်းကြမ်းကြမ်းချလိုက်သည်။
ပန်းဝမ်က သူ့ကိုကြည့်ပြီး
“ ဘာလို့သက်ပြင်းချနေတာလဲ။ ငါပြောတာကို မင်းကြားလား ”
ဒီတစ်ကြိမ်တော့ချင်းယီခေါင်းငြိမ့်လိုက်သည်။
“ ကောင်းပြီ၊ ငါသိပြီ ”
သူမတ်တပ်ထရပ်လိုက်ပြီး ခေါက်ဆွဲဆိုင်အပြင်ဘက်သို့လျှောက်လာခဲ့သည်။
ပန်းဝမ်မှာမေးစေ့အောက်ပင်ချွေးများရွဲကျနေသည်။ သူကမထဘဲမော့ကြည့်ကာ
“ မင်း ဘယ်သွားမလို့လဲ ”
ချင်းယီက သူ့လက်နှစ်ဘက်ကိုဘောင်းဘီအိတ်ထဲသို့ထည့်လိုက်သည်။ ခေါက်ဆွဲဆိုင်ထောင့်တွင်ရပ်နေသော ချင်းယီ၏ပုံရိပ်မှာ သွယ်လျကာ အရှည်ပြီး မျက်လုံးထောင့်များမှာစူးရဲတောက်ပနေသည်။ သူ၏ဖြူဖျော့ဖျော့နှုတ်ခမ်းပါးများကလှုပ်ခါသွားသည်။
“  ငါနေ့လယ်အတန်းရှိတယ် အတန်းသွားတက်တော့မယ် ”
ထိုစကားကိုကြားတော့ ယုပန်းဝမ်ကရယ်လျက်
“ မင်း ဘာလို့အထက်တန်းမရောက်ခင်တည်းက
စာလုပ်ဖို့မတွေးတာလဲ။ အခုမှ ရှန်ဟိုင်းတက္ကသိုလ်တို့၊ပေကျင်းတက္ကသိုလ် ဝင်ခွင့်ရဖို့ကြိုးစားနေတာလား?
မင်းဒီကြောင်တောင်တောင်ကျောင်းမှာစာကြိုးစားနေတယ်ပေါ့ ”
ချင်ယီပြန်မဖြေခဲ့ပေ။
နေရောင်ခြည်ပြင်းပြင်းအောက်တွင် ကျောင်းဂိတ်ဝဆီသို့သာလျှောက်လာလာခဲ့သည်။
ယုပန်းဝမ်ပြောတာတကယ်မှန်တယ်။ သူ့အတွက်ခုမှစာကြိုးနေတာနောက်ကျနေပုံရတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ စာသာမလုပ်ရင်ဘာလုပ်ရမလဲဆိုတာ ချင်းယီမသိပါ။
ဒီမြို့လေးသည် ချုံဖန်းမြို့အနောက်တောင်ဘက်စွန်းရှ်ိဆင်ခြေဖုံးမြို့ငယ်လေးဖြစ်သည်။ ကောလိပ်သုံးခုနှင့်တက္ကသိုလ်များမှာလွန်ခဲ့သောဆယ်နှစ်က မြို့အနီးတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူသိနည်းသောတက္ကသိုလ်၊ကောလိပ်များသာဖြစ်သည်။ ချင်းယီသည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ဌာနခွဲတစ်ခုတွင်ပညာသင်ခဲ့သည်။ အခြားကျောင်းနှစ်ခုမှာတော့ သာမန်ကျောင်းတစ်ခုနှင့် ရုပ်ရှင်နဲ့ရုပ်မြင်သံကြားကျောင်းတို့ဖြစ်ကြသည်။
ဒီလိုကျောင်းတွေရှိလာခဲ့ပြီး ကျောင်းသား‌
တွေကကျောင်းတက်ဖို့‌ပြောင်းရွှေ့လာကြတဲ့နောက်မြို့ငယ်လေးဟာ တဖြည်းဖြည်းအသက်ဝင်စည်ကားလာခဲ့သည်။ ကျောင်းဂိတ်တံခါးကနေ လမ်းတလျှောက်ဈေးဆိုင်တွေရှ်ိနေပြီး ငယ်ရွယ်တဲ့ကျောင်းသားလေးတွေကိုနေရာတိုင်းတွင်တွေ့နိုင်သည်။
ယုပန်းဝမ်သည် ချင်းယီ၏အလယ်တန်းကျောင်း အတန်းဖော်ဖြစ်သည်။အတန်းဖော်များဖြစ်သည့်အပြင် ယုပန်းဝမ်၏ဖခင်မှာ ချင်းယီအဖေ၏ သူဌေးဖြစ်နေသည်။ သူတို့နှစ်ယောက်ဟာ ငယ်စဉ်တည်းကသိခဲ့ကြပြီး အလယ်တန်းကနေအထက်တန်းထိတတွဲတွဲဖြစ်သည်။ အပေါ်ယံကြည့်လျှင်တော့ သူတို့နှစ်ယောက်ဆက်ဆံရေးမှာ 100%ရင်းနှီးမှုရှ်ိပုံရသည်။ တကယ်တော့ ယုပန်းဝမ်ကသူ့မိသားစုအပေါ်အမြဲနှိမ့်ချနေခဲ့တာ ချင်းယီသိသည်။
မည်သို့ပင်ဖြစ်စေ တတိယအဆင့်ဖြင့်ကောလိပ်တွင်တက်ရောက်ခဲ့သောချင်းယီနှင့်မတူဘဲ လုဖန်းဝမ်သည် ပရောဖက်ရှင်နယ်ကောလိပ်တစ်ခုနှင့်ပင်မနီးစပ်နိုင်ပေ။ နောက်ပိုင်းမှာ ပန်းဝမ်အဖေက သားဖြစ်သူအတွက် ပိုက်ဆံမြောက်များစွာသုံးကာ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ဌာနခွဲကိုပို့လိုက်သည်။ သူနဲ့ချင်းယီဟာကျောင်းတူတူတက်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ရှုစောင့်ရှောက်နိုင်ဖို့အတွက်ပေါ့။
ဘယ်သူကဘယ်သူ့ကိုစောင့်ရှောက်တာ ?
တကယ်က သူတို့အချင်းချင်းက ဂရုတစိုက်စောင့်ရှောက်နေဖို့မလိုအပ်ပါဘူး။
သူကအတန်းတက်ဖို့စောနေသေးတယ်။ ချင်းယီသည်ကျောင်းဂိတ်ဝသို့အစောတလျှင်လျှောက်လာစဉ်
ဂိတ်တံခါးရှိလုံခြုံ‌ရေးကသူ့အားထပ်ခါထပ်ခါကြည့်‌နေ၏။ သူဆံပင်ညှပ်ပြီးကတည်းက လုံခြုံရေးအစောင့်က သူ့မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကျောင်းတံခါးသို့အဝင်၊အထွက်လုပ်သည့်အခါတိုင်း သူ့ကို အမြဲကြည့်လေ့ရှိသည်။
ချင်းယီသည်အလွန်ကြည့်ကောင်းသည်။ သူကအရပ်ရှည်ပြီးချောမောသော်လည်း ဘယ်တော့မှအပြုံးအရယ်မရှိ။မှုန်ကုတ်ကုတ်နှင့်သာ။
အဲ့ဒါဘယ်အချိန်တည်းကစခဲ့တာလဲ။ ဖြစ်နိုင်တာတော့ သူအလယ်တန်းတတိယနှစ်မှာကတည်းကဖြစ်မည်။ အဲ့ဒီတုန်းက အထက်တန်းကျောင်းသားတွေအပါဝင် ကျောင်းမှာဘယ်သူကမှ သူ့ကိုရန်မစရဲပေ။ ချင်းယီကလူတွေကိုလက်သီးသုံးပြီးသာဖြေရှင်းသည်။ အဲ့ဒါကလည်းသေအောင်နာသည်။ သူနှင့်ယုပန်းဝမ်သည် ကောလိပ်ရောက်သည်အထိနှစ်အတော်ကြာ ကြီးစိုးခဲ့သည်။
တစ်နေ့မှာတော့ ချင်းယီတစ်ခုခုကိုဆုံးရှူံးသလိုခံစားလိုက်ရသည်။ အတိတ်မှာတုန်းက ကြမ်းတမ်းခဲ့ပြီး သတ္တိရှိရှိတိုက်ခိုက်ခဲ့တာတွေကဘာအတွက်မှန်းသူ မသိတော့။ အခုတော့ သူအပြင်မှာလူမိုက်မလုပ်ချင်တော့ပေ။ တစ်ခုခုကိုကျွမ်းကျင်တတ်မြောက်အောင်သင်ယူချင်ပြီး သူ့အနာဂါတ်အတွက် လမ်းကြောင်းတစ်ခုရအောင်စီစဉ်ချင်သည်။
သူခေါင်းအေးအေးနဲ့‌တွေးတတ်လာတဲ့အခါ သူနဲ့ယုပန်းဝမ် အခုနေနေသောဘဝဟာ အလွန်ငြီးငွေ့ဖွယ်ကောင်းကြောင်းသိလာသည်။ သူ ယုပန်းဝမ်နဲ့ဆက်ပြီးတူတူမရှိချင်တော့ပေမယ့် ခဏလေးတောင်ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီနေ့လိုပေါ့။ ဒီနေ့ညမှာလည်း ယုပန်းဝမ်နဲ့ကျူဟောက်တို့ကို ကူညီပေးဦးမယ် ဘယ်သူမှမရသေးတဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့အတွက်နဲ့ပေါ့။

#End
Aug 5,2024

လောင်ကျွမ်းနေသောနှလုံးသားတစ်စုံ(မြန်မာဘာသာပြန်)Where stories live. Discover now