"ကျုံးကျုံးရား ပြတင်းပေါက်ကိုဘာလို့လက်နဲ့ကုတ်နေတာလဲ"
ဆောနူကမီးဖိုခန်းထဲကနေoatmealသွားယူနေတုန်း သူ၏ကြောင်ကလေးဖြစ်သူက ပြတင်းပေါက်ကိုလက်လေးနှစ်ဖက်ဖြင့်ထောက်ကာ မတ်တပ်ရပ်ရင်း ပြတင်းပေါက်မှန်ကိုကုတ်ခြစ်နေလေသည်။
"meow meow meow"
(အပြင်မှာ အပြင်မှာ ကြောင်လေးရှိတယ်)ကြောင်ကလေးကျုံးကျုံးပြောနေတာကိုလည်း သခင်ဖြစ်သူကနားလည်သဘောပေါက်နိုင်ဖို့ခက်လှပါသည်။
"ဗိုက်ဆာလို့လား ဘာဖြစ်လို့လဲ ပုံမှန်ဆိုဒီလိုမဟုတ်တာကို"
ဆောနူကလည်းသူ့၏ကြောင်လေးဘာကိုအလိုရှိမှန်းမသိသည့်အခါ ဘာလုပ်ပေးရမလဲကိုမတွေးတတ်ပါ။
ထိုအချိန်မှာပဲ ကျုံးကလေးကပြတင်းပေါက်ကိုလက်လေးဖြင့် ၄ခါခြစ်ရင်း အိမ်၏တံခါးမကြီးစီပြေးလို့သွားသည်။
"အပြင်ထွက်ချင်လို့လား မရဘူးနော် မိုးတွေရွာနေတယ်လေ"
"meow meow meow meow"
(အပြင်မှာရှိတယ်လို့ အတူနေတာကြာနေပြီကိုအခုထိ ဘာလို့နားမလည်နိုင်ရတာလဲ ကြောင်ကလေးအပြင်မှာရှိတယ်ဆိုနေ)ကျုံးကလေးကတံခါးနားပတ်ပြေးရင်းအော်နေသည့်အခါ ထိုကြောင်ကလေးအားဆောနူကကောက်ပွေ့ရင်း
"မိုးရွာနေတယ်လို့ ကျုံးကမိုးစိုတာကိုလည်းမကြိုက်ဘဲနဲ့ ကိုကိုပြမယ်လာ"
မိုးရွာနေကြောင်းသိအောင် တံခါးမကြီးကိုဖွင့်လိုက်သည်နှင့် ဆောနူလက်ထဲမှကျုံးကလေးကတွန်းထိုးလို့လာခဲ့သည်။
ဆောနူအောက်သို့ချပေးလိုက်သောအခါ စောနကပြတင်းပေါက်၏အောက်ဘက်သို့အတင်းပြေးသွားတော့သည်။
"meow~~~"
ကျုံးကလေးသွားရာကိုကြည့်မိတော့ ကျုံးနှင့်ရွယ်တူခန့်ကြောင်ဝါလေးတစ်ကောင် မိုးမိပြီးအေး၍ခိုက်ခိုက်တုန်နေလေသည်။
"အယ် ကြောင်လေး"
"meow meow meow"
(အိမ်ထဲထည့်ရအောင်ပါ သူချမ်းနေပြီ)"ကျုံးကဒီကောင်လေးရှိတာကိုသိတာလား ကိုကိုတို့သူ့ကိုအိမ်ထဲထည့်ရအောင်နော်"