🐾🐾🐾

480 87 5
                                    

"ကျုံးကျုံးရား ပြတင်းပေါက်ကိုဘာလို့လက်နဲ့ကုတ်နေတာလဲ"

ဆောနူကမီးဖိုခန်းထဲကနေoatmealသွားယူနေတုန်း သူ၏ကြောင်ကလေးဖြစ်သူက ပြတင်းပေါက်ကိုလက်လေးနှစ်ဖက်ဖြင့်ထောက်ကာ မတ်တပ်ရပ်ရင်း ပြတင်းပေါက်မှန်ကိုကုတ်ခြစ်နေလေသည်။

"meow meow meow"
(အပြင်မှာ အပြင်မှာ ကြောင်လေးရှိတယ်)

ကြောင်ကလေးကျုံးကျုံးပြောနေတာကိုလည်း သခင်ဖြစ်သူကနားလည်သဘောပေါက်နိုင်ဖို့ခက်လှပါသည်။

"ဗိုက်ဆာလို့လား ဘာဖြစ်လို့လဲ ပုံမှန်ဆိုဒီလိုမဟုတ်တာကို"

ဆောနူကလည်းသူ့၏ကြောင်လေးဘာကိုအလိုရှိမှန်းမသိသည့်အခါ ဘာလုပ်ပေးရမလဲကိုမတွေးတတ်ပါ။

ထိုအချိန်မှာပဲ ကျုံးကလေးကပြတင်းပေါက်ကိုလက်လေးဖြင့် ၄ခါခြစ်ရင်း အိမ်၏တံခါးမကြီးစီပြေးလို့သွားသည်။

"အပြင်ထွက်ချင်လို့လား မရဘူးနော် မိုးတွေရွာနေတယ်လေ"

"meow meow meow meow"
(အပြင်မှာရှိတယ်လို့ အတူနေတာကြာနေပြီကိုအခုထိ ဘာလို့နားမလည်နိုင်ရတာလဲ ကြောင်ကလေးအပြင်မှာရှိတယ်ဆိုနေ)

ကျုံးကလေးကတံခါးနားပတ်ပြေးရင်းအော်နေသည့်အခါ ထိုကြောင်ကလေးအားဆောနူကကောက်​ပွေ့ရင်း

"မိုးရွာနေတယ်လို့ ကျုံးကမိုးစိုတာကိုလည်းမကြိုက်ဘဲနဲ့ ကိုကိုပြမယ်လာ"

မိုးရွာနေကြောင်းသိအောင် တံခါးမကြီးကိုဖွင့်လိုက်သည်နှင့် ဆောနူလက်ထဲမှကျုံးကလေးကတွန်းထိုးလို့လာခဲ့သည်။

ဆောနူအောက်သို့ချပေးလိုက်သောအခါ စောနကပြတင်းပေါက်၏အောက်ဘက်သို့အတင်းပြေးသွားတော့သည်။

"meow~~~"

ကျုံးကလေးသွားရာကိုကြည့်မိတော့ ကျုံးနှင့်ရွယ်တူခန့်ကြောင်ဝါလေးတစ်ကောင် မိုးမိပြီးအေး၍ခိုက်ခိုက်တုန်နေလေသည်။

"အယ် ကြောင်လေး"

"meow meow meow"
(အိမ်ထဲထည့်ရအောင်ပါ သူချမ်းနေပြီ)

"ကျုံးကဒီကောင်လေးရှိတာကိုသိတာလား ကိုကိုတို့သူ့ကိုအိမ်ထဲထည့်ရအောင်နော်"

Meowz and their ownersWhere stories live. Discover now