"အဒေါ်ကြီး အလုပ်တန်းလျား ကို ပြန်မှာမလားဟင် "
"ဟုတ်တယ် သခင်လေး အခုဘဲ ပြန်တော့မလို့ "
"ဒါဆိုလေ ကလေးလေး ကို ကျွန်တော်က ခေါ်ခိုင်းလိုက်တယ်လို့ "
"ဆော့မင် လေး က နေ့လည်ထဲ က သူငယ်ချင်းတွေ နဲ့ သွားဆော့ နေတာ ပြန်ရောက်ပြီလား မသိဘူး "
"ဟာ အပြင်ကကလေးတွေနဲ့ မဆော့ပါနဲ့ ဆို ရတယ် ကျွန်တော့် ဘာသာ ဘဲ သွားခေါ်တော့မယ် "
"ဟုတ် သခင်လေး "
ပြောပြီးပြီး ချင်း စိတ်ပူ တတ်လွန်းတဲ့
ရှုအာ က ဆော့မင် ကိုရှာဖို့ အင်္ကျီတောင်မလဲနိုင်ဘဲ အလုပ်တန်းလျားကိုပြေးရသည်။
နာရီဝက်ကြာအောင် ရှာလို့အပြီးမှာတော့
ကလေးတစ်သိုက်နဲ့ ဆော့ နေတာ ကို တွေ့ လိုက်ရသည်။
မြင်လို့ အသွား မှာ ပြေးရင်းလွှားရင်း ကလေးတစ်ယောက်က ဆော့မင်ကို ပစ်တိုက်လိုက်သည်မို့ ဒေါသ က ထောင်း ခနဲ။" အီဆော့မင် !! "
အသံကျယ်သွားတာကြောင့် ဆော့နေတဲ့ကလေးတွေရော လဲကျနေတဲ့ ဆော့မင် ပါ
သူ့ကိုလှမ်းကြည့်သည်။
ခြေလှမ်းကျဲ ကြီး များ ဖြင့် ဆော့မင် ရှိသည့်နေရာ ကို သွားပြီး ထူပေးလိုက်သည်။"ထ.... ဘယ်နား နာသွားသေးလဲ "
"မနာ ပါဘူး "
"ကိုကို့ ကို သေချာကြည့်ပြော"
"မနာပါဘူးဆို ကိုကို ရ"
" ပြန်ကြမယ် ပေတလူးလေး ဖြစ်နေပြီ"
" ဟုတ်"
တလမ်းလုံးအသံတိတ်လာတဲ့ကောင်လေးကိုရှုအာ ခနခန လှည့်ကြည့်မိသည်။နာလို့များ အသံတိတ်နေသလာ။
"ဆော့မင်လေး "
"ဗျာ"
"နာနေတာလား"
"မနာပါဘူး ဒါနဲ့ ကိုကိုက အခုမှ ပြန်ရောက်တာလား"
" ဟုတယ်ဗျ"
" ကိုကိုက ဘာလို့နောက်ကျမှ ပြန်ရတာလဲ"
" ကိုကိုက အထက်တန်းတတ်ရတာမို့လေ
ကျူရှင်ကတတ်ရသေးတယ် "" သား ကျူရှင်တတ်ရင် ပိုက်ဆံအများကြီးကုန်လားဟင်"
" မကုန်ပါဘူး ကလေးလေးရဲ့ ကျူရှင်တတ်ချင်လို့လား "
YOU ARE READING
Life For Him
Fanficအရာအားလုံးကို ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်က ဆော့မင်ကိုဘဲရွေးချယ်မှာ