❕1❕

1.4K 46 2
                                    

                           Unicode....

ဟွာအန်း မြို့ ကြီး လယ်ခေါင်မှာ နန်းတော်တဖွယ် တည်ဆောက်ထားသော စီးပွားရေး တစ်ခုဖြစ်တဲ့ (**) Club က Wang မိသားစု အပိုင်ဆိုတာ မသိသူ မရှိတဲ့ အလျောက် နာမည်ကြီး၏။

ဆယ့်စုနှစ် တစ်ခုကြားထိ နာမည်ပျက်မရှိ ရပ်တည်ထားနိုင်တာ ကောင်းခြင်းတွေ နဲ့တော့ မပါဘူးဆိုတာ တပ်အပ်ပြောနိုင်သည် ။ wang မိသားစုက မျိုးရိုးစဉ်ဆက် ချမ်းသာကြလူတွေဖြစ်တဲ့ အလျှောက် မာန်မာနလဲ ကြီးကာ ဩဇာအာဏာပြင်းထန်လေး၏။

Wang မိသားစု ချမ်းသာကြွယ်ဝမူ ပြီးရင် ကျုံး မိသားစုက ဒုတိယ စာရင်းဝင် ချမ်းသာသူတွေဖြစ်၏။ သူတို့ မိသားတွေက အရင်ထဲက wang မိသားစု နဲ့ ဆက်ဆံရေးပြေလည်ကာ ငယ်စဉ့်ထဲကလဲ သားသမီးတွေ ကို ခင်ခင်မင်မင် ထားနိုင်သေးကြပြန်သည် ။

တိတယ စာရင်းဝင် ချမ်းသာသူကတော့ ကျင်မိသားစုဖြစ်ပြီး ။ ကျုံးမိသားစုလိုပဲ ကျင်မိသားစုကလဲ wangမိသားစု နဲ့ စီးပွားရေးပြေလည်ကြသူများဖြစ်ကြသည် ။ ထိုသို့ ချမ်းသာတဲ့ မိသားစုတွေထဲက ကလေးတွေဖြစ်တဲ့ သခင်လေးတွေကလဲ ငယ်စဉ့်ခါထဲက ရင်းနှီးမူရှိကာ အမြဲတတွဲတွဲရှိကြသူ ဖြစ်ကြတာကြောင့် ထိုသခင်လေးတွေကလဲ မိသားစု နောက်ခံ အင်အားကြောင့် ရဲတင်းကာ မိုက်ရိုင်းနေကြပြီး အရာရာကို ဘာမထင်လုပ်တက်ကြသေး၏။

တစ်ဦးတည်းသော သခင်လေးတွေဖြစ်ကြတဲ့ အတိုင်း အလိုလိုက်ခံရကာ ဖူးဖူးမူတ်ခံရတဲ့ သခင်လေးတွေဖြစ်တဲ့အတိုင်းပါပဲ သူတို့ လုပ်သမျှကို ဒိုင်ခံ ဖြေရှင်းပေးနိုင်ကြတဲ့ နောက်ခံ အင်အားရှိ၍ ဇွတ်ထိုး လုပ်တက်ကြတဲ့ အပြင် ...အပျော်အပါးမက်ကာ ၊ ကာမကိုလဲ အလွန်းမက်၍ လိုက်စားတက်ကြပြန်သေး၏။

သူတို့ မျက်စိထဲမှာ လှတယ် ချောတယ် လို့ မြင်ပြီးဆို သူတို့ အိပ်ယာထဲ အတင်းဆွဲခေါ်တက်သေးတဲ့ သ‌ခင်လေးတွေက သူတို့ ကိစ္စပြီးတာနဲ့ ငွေဆိုနဲ့ ဖိပြီး အနိုင်ယူ‌တက်သေးပါသည် ။

ဒီလို အထိန်းကွပ်မရှိ ၊ မိဘ နောက်ခံတွေနဲ့ မိုက်ရိုင်းနေကြတဲ့ သခင်လေး သုံးယောက်ကြောင့် ဘဝမပျက်ဖူးတဲ့ လူငယ်လေးတွေဆို ရှားပါးလာခဲ့လာပါပြီး ။ သူတို့ မျက်စိထဲအာရုံစိုက်မိသွားတဲ့ ကျား ၊မ မဆို ဒူး နဲ့ မျက်ရည် မသုတ်ရဘူးဆိုတာ တစ်ရာမှာ တစ်ယောက်သာ ရှိမည်ထင်တယ် ...။

oh' My Night lust..Where stories live. Discover now