White Lotus

49 1 0
                                    

28th December 2011
11:11

" ငါတို့ကွာရှင်းကြဖို့အချိန်တန်ပြီထင်တယ်။ "

"..."

အပြင်ဘက်မှနှင်းတွေကျနေတဲ့မြင်ကွင်းကိုကြည့်ရင်း ပုံဏ္ဍရိတ်အသက်ရှုအောင့်ထားမိသည်။နောက်ဆုံးတော့ သူ အနှစ်နှစ်အလလ မြိုသိပ်ထားခဲ့ရတဲ့ ဒီစကားစုကို ထုတ်ပြောလိုက်​မိ​လေပြီ။ နောင်တရလားဆိုတော့။ ဟင့်အင်း။ ဒီ့အတွက် သူ့မှာ ဘာခံစားချက်မှမရှိတော့ဘူး။ လက်ခံဖို့ခက်ခဲပေမယ့်လည်း မောင့်အား သူ လက်လွတ်နိုင်ခဲ့ပြီလို့ထင်တယ်။ သေချာရဲ့လားဆိုတော့။ သေချာသလောက်ပါပဲ။ ဘာလို့ဆို မောင် ငါ့အပေါ်ပေးခဲ့တဲ့ဝေဒနာတွေက နည်းမှမနည်းဘဲလေ။ ချစ်ရဲ့လားလို့တော့ မမေးပါနဲ့။ မောင်ကိုချစ်လို့ပဲ ဒီစကားတွေကို သူထုတ်ပြောရတာပါ။ မောင့်ပျော်ဖ်ု့အတွက် ငါကနာကျင်ပေးရမယ်လေ။ ဒီဘဝမှာ ငါ့ရဲ့ဝဋ်ကြွေးက မောင်ပဲ။

ထို့နောက် အပြင်ဘက်မှမြင်ကွင်းအားလစ်လျူရှုရင်း လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသော အငွေ့တစ်ထောင်းထောင်းနဲ့ကော်ဖီခွက်ကိုငုံ့ကြည့်ကာ ကျဆင်းသွားတဲ့မျက်ရည်တစ်စက်နှင့်အတူ အသက်မျှင်းမျှင်းရှုထုတ်လိုက်မိသည်။ ထိုခဏတွင် သူ၏နှလုံးသားထဲမှလေးလံမှုအားလုံးပေါ့ပါးသွားခဲ့သလိုနာကျင်မှုဆိုတာလည်းရှိမနေခဲ့။ခြုံပြောရရင် ယခုကျသည့်မျက်ရည်ကပင် ​မောင်ဆိုတဲ့လူအတွက် နောက်ဆုံးဖြစ်ခဲ့လေသည်။

" ဒါပဲမလား။ "

​မောင်သည်ဖုန်းကိုအကြည့်မပျက် သူ့အားပြန်​ဖြေလေ၏။ ထိုကဲ့သို့အရေးမစိုက်သည့်ပုံစံကပင် ​မောင့်ရဲ့ ဆွဲဆောင်မှုဟုပြောရမည်။ ဤသည်ကိုကြည့်ရင်း ပုံဏ္ဍရိတ် ခပ်နွမ်းနွမ်းတစ်ချက် ပြုံးလိုက်မိသည်။ နောက်ဆုံးတော့ စွန့်လွှတ်ခြင်းဆိုတဲ့စကားက သူ့အတွက်ဖြစ်တည်လာပုံပင်။

အရင်တုန်းကပုံဏ္ဍရိတ်ကတော့ မောင့်ရဲ့အခုပုံစံကိုကြည့်ပြီး ဝမ်းနည်းသိမ်ငယ်ကောင်း သိမ်ငယ်နေပေလိမ့်မည်ပင်။ သူကတော့ အရင်ကလိုမဟုတ်တော့ပေ။ ထိုလူ့ကိုဆွဲလည်းဆွဲမထားတော့သလို လက်လွတ်၍ပင်ပေးနိုင်ခဲ့လေပြီ။

DIARY OF A FLOWERWhere stories live. Discover now