gyuhaoကို နိုင်ငံခြားficလေးတစ်ခုက ideaယူထားလို့ warning ပါ၀င်လို့အဆင်ပြေမှ ဖတ်ပေးပါရှင်🥺🤍
__
ကလပ်ရဲ့ ရှေ့တွင် ကခုန်နေသော ကောင်ငယ်လေးတစ်ယောက်...
၀တ်ထားသည့် ရှပ်အကျီ ဖြူဖြူပါးပါးက သေးသွယ်သော ခါးငယ်လေးအား ကလပ် မီးရောင်များအောက် ဖောက်ထွင်းမြင်နိုင်စေသည့်အလား...
ဒူးအထက်ရောက်နေသော ဂျင်းဘောင်းဘီလေးမှာလဲ ဖြူနုသောပေါင်တံသွယ်လေးအား ပြသနေသည်။
ယနေ့ ပြင်ထားသည့် မိတ်ကပ်ကလဲ ကြွေရောင် ပန်းမိတ်ကပ်နုနုကို နှုတ်ခမ်းဆီတင်ရုံသာ တင်ထားတာတောင် မထိရက်မကိုင်ရက်ချင်စရာ နုဖက်နေသည်။
ဖြူနုသော အသားရေဆိုတာ သွေးကြောစိမ်းများပင် ဖောက်ထွင်းမြင်နိုင်တဲ့အလား ထိုကောင်လေးက ဒီညရဲ့ မီးအိမ်လေးလို အစစ အရာရာ ပြီးပြည့်စုံနေသည်။
"ဘာလဲ မင်းအဲ့ကောင်လေးကို ကြွေနေပြီလား မင်ဂယူး?"
အသံကြောင့် တစ်ဖက်၀ိုင်းက အဖျော်ယမကာများနဲ့ ပြန်ရောက်လာသော လီဆော့မင်းကို မင်ဂယူးသောက်နေရာက မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်သည်။
အထာနပ်သွားတဲ့ ဆော့မင်းက နေရာလွတ်မှာ၀င်ထိုင်ရင်း ခွက်များအားအပြည့်ဖြည့်လျက် ဘာစကားမှမဆိုတော့ဘဲ တောင်မြောက်လေးပါးကိုသာ မျက်စိဆော့နေသည်။
မင်ဂယူးမျက်လုံးတွေကတော့ သူ့မျက်စိရှေ့တည့်တည့်က တရုတ်ကောင်လေးထံမှ အကြည့်တစ်ချက် မရွှေ့။
ကြာတော့ မနေနိုင် မထိုင်နိုင် ဆော့မင်းက ဖင်တကြွကြွဖြစ်လာကာ မင်ဂယူးနားပုလင်းတစ်လုံးနဲ့ကပ်လာသည်။
" ကြိုက်နေရင်သွားပြောလိုက်ပါ့လားကွာ...
မင်းဟာလေး တစ်ခြားတစ်ယောက်နောက်ပါသွားရင် ဘယ်လိုလုပ်မတုန်း""ဆောမြောင်ဟိုနားဘယ်သူမှ မကပ်စေရဘူး "
"မင်းကြည့်နေလိုက်"
စားပွဲ၀ိုင်းမှ ဖန်ပုလင်းများအား စိတ်ကြိုက်ချယ်လှယ်ရင်း မင်ဂယူးပြောလိုက်တော့ ဆော့မင်းက ပိုင်လိုက်ကြီးလားဆိုတဲ့အထာနဲ့ ဘာမှမပြောတော့။
YOU ARE READING
The Old Man
RomanceRelationship between age gap couple red flag × red flag (with warning) story of gyuhao