🖇
အဲ့ဒီနေ့က..
ရာသီဥတုက သာမန်မဟုတ်ဘဲ နွေးနေခဲ့တယ်။
ပြီးတော့ ကျွန်တော်လည်း အင်္ကျီကို အထူကြီး ဝတ်ထားမိတော့ စိတ်တွေက ရှုပ်ထွေးနေခဲ့တယ်။အဲ့ဒါကြောင့် သူဘာပြောတာလဲဆိုတာကို..
သေချာ နားမလည်ခဲ့ဘူး။ဆောင်းဟွန်း: " မင်းရဲ့ အဖြေက ဘာလဲ "
ဆောနူ: " ဟမ် "
ဆောင်းဟွန်း: " ငါပြောတာက မင်းက Graphic Designer အနေနဲ့ Design တွေကို ဆက်ဆွဲလို့ "
ဆောင်းဟွန်း: " မင်းရဲ့ အစားအသောက်နဲ့ ကုန်ကျစရိတ်တွေကိုက ငါဂရုစိုက်မှာမလို့ .. ငါ့အိမ်ကို လာခဲ့ "
ဆောင်းဟွန်း: " ပြီးတော့ အဲ့ဒီအစား... မင်း ငါပြောသမျှ အားလုံး လုပ်ရမယ် "
ဆောင်းဟွန်း: " အဖြေက ဘာလဲ "
————————————————
[နေ့စဥ် မိုးလေဝသ သတင်း]
အားလုံးပဲ မင်္ဂလာပါ .. ဒီနေ့ဟာဆိုရင် ဇွန်လ (10) ရက်နေ့ဖြစ်ပြီးတော့ နေ့လည် (1) နာရီ ကျော်သွားပါပြီ။
နေ့စဥ် မိုးလေဝသ သတင်းကနေ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အခုအချိန်မှာတော့ မိုးဟာ အဆက်မပြတ် ရွာသွန်းနေခဲ့ပါတယ်။
လမ်းလျှောက်တဲ့အချိန် သတိထားသွားလာကြပါ။ မနက်ဖြန်ကစပြီး ပိတ်ရက်အထိ နေရာတော်တော်များများမှာ မိုးဆက်လက်ရွာသွန်းနေဦးမယ်လို့ ခန့်မှန်းရပါတယ်။
စိုစွတ်မှုတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် တိမ်ထူပြီးတော့ ဆိုးလ်မြို့လယ်ခေါင်မှာလည်း မိုးရွာသွန်းနိုင်ပါတယ်။
ထီး ယူသွားကြဖို့အတွက် မမေ့ကြပါနဲ့.. ။တစ်နေ့လုံး မိုးလေဝသ သတင်းတွေ လာတဲ့ .. တိုက်ရိုက်လွှင့်တဲ့ ချန်နယ်တစ်ခုရှိတယ်။ ဒါကို တစ်နေ့လုံး ကြည့်တဲ့သူက ကျွန်တော့်အပြင် တခြားသူ ရှိသေးလို့လား..
သတင်းအဆုံးမှာ ဆောနူ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တယ်။
" မနက်ဖြန် .. မိုး ပိုပြီးတော့ ရွာမယ် "
ဆောနူရဲ့ စိတ်တွေက ရာသီဥတုနဲ့အတူ ထပ်တူကျနေသည်။ ဆောနူ မှိုင်မှိုင်တွေတွေနဲ့ သက်ပြင်းပဲ ချနေတော့သည်။
YOU ARE READING
𝑻𝒉𝒆 𝒅𝒂𝒘𝒏 𝒐𝒇 𝑺𝒖𝒎𝒎𝒆𝒓 𝑹𝒂𝒊𝒏 🌤️ (𝐒𝐮𝐧𝐬𝐮𝐧)
Fanfiction" အခုက စပြီးတော့ နေသာတဲ့ရက် မရောက်ခင် လုပ်ကြမယ် " " မင်းက အသင့်ပြင်ထားလိုက် " ထူးဆန်းတဲ့ အကြောင်းပြချက်ပဲ။ ဟုတ်တယ် .. သူ့မှာ ဒီလို အကြောင်းပြချက်တွေလည်း ရှိတယ်။ ဒါပေမဲ့.. ဘာလို့ နေသာတဲ့ရက် မတိုင်ခင်မှာပဲ လုပ်ရတာလဲ??? ကျွန်တော် မိုးရွာတာကို မုန်းတယ...