✧˖°🌷📎⋆ ˚。⋆୨୧˚
သူက ဒီလိုမျိုး ထူးဆန်းတဲ့ စည်းကမ်းတွေချတယ်ဆိုတာထက်..
သူလိုအပ်တဲ့အချိန် ငါ့ဆီလာရှာမျိုးပဲ ဖြစ်လောက်မှာပါ။
အင်း~~~
ဘယ်တတ်နိုင်မလဲ။🖇
ဒီကလေးက တကယ့်ကို ငတုံးလေး ဖြစ်လေသည်။
တခါတလေ..
ဆောနူက ဆောင်းဟွန်း ဘာကို ရီတာလဲဆိုတာကို နားမလည်ပေမဲ့ တစ်ဖက်လူ ရီနေတာတွေ့ရင် အူတူတူလေးနဲ့ လိုက်ရီတတ်သည်။
ဆောင်းဟွန်း သူ့ကို စနောက်တဲ့အခါမျိုးတွေမှာလည်း ဆောင်းဟွန်း မျက်နှာက တည်နေတတ်တာကြောင့် အခုပြောတာက စတာလား? အတည်လား? သူ မခွဲခြားတတ်ပေ။ဆောင်းဟွန်း ဘာအမိန့်ပေးပေး တုန့်ဆိုင်းခြင်း မရှိဘဲ ချက်ချင်း လိုက်နာတတ်သည်။
ဒီကလေးက လွယ်လွယ်နဲ့ အလိမ်ခံရလောက်အောင် တုံးလွန်းသည်။˚˖𓍢ִ🍓✧˚.🎀༘⋆゚*𖧷₊˚˖𓍢ִ🍓✧˚.🎀༘⋆゚*
ဒီနေ့က ဆောင်းဟွန်း အလုပ်နားရက်မို့ သူ့ရဲ့ ကလေးငယ်နဲ့ တစ်နေကုန် အချိန်ဖြုန်းရမဲ့ နေ့ရက်တွေထဲက တစ်ရက်ဖြစ်လေသည်။
အာ...
သူ့ကလေးနဲ့ ညကျ ပွဲတစ်ခု အတူတက်ဖို့ ရှိတယ်။
တကယ်တော့ သူတို့ အတူတူ ရှိနေတာ ကြာပြီဆိုပေမဲ့..
ဆောင်ဟွန်း သူနဲ့လုပ်ငန်းတူ ပါတနာတွေရဲ့ ပွဲတွေကို ဒီကလေးနဲ့ အတူတူ တွဲမတက်ခဲ့ဖူးပေ။ဘာလို့ဆို ဒီကလေး အချစ်ဆုံးက သူ့ကွန်ပျူတာ အဟောင်းလေးမို့လို့လေ။ ဆောင်းဟွန်း ဘယ်အချိန်ကြည့်ကြည့် .. ဆောနူက သူ့အလုပ်ကွန်ပျူတာ စခရင်ရှေ့မှာ ထုထွင်းထားတဲ့အရုပ်လေးတစ်ရုပ်လို ထိုင်ခုံမှာ ဂဟေဆက်ထားသလို ငြိမ်ငြိမ်လေး ရှိနေတာလေ။
ဒီငတုံးလေးက သူ့ကိုယ်သူ Graphic Designer & Editor လို့တော့ ပြောတာပဲ။ ဒါကြောင့် တစ်နေကုန် တစ်နေခမ်း ကွန်ပျူတာ စခရင်ရှေ့ အမြဲထိုင်နေတတ်သည်။
အိမ်ရောက်ခါစက ဆောင်းဟွန်းက ဆောနူကို ကွန်ပျူတာ အသစ်တစ်လုံး ဝယ်ပေးမယ်လို့ပါ ပြောပါသေးတယ်။ အဲ့ကလေးက သူ့ရဲ့ကွန်ပျူတာ အဟောင်းကိုပဲ သွားယူပါရစေတဲ့ ..။
တခါတလေ လိုဂိုဒီဇိုင်းတွေ ဆွဲနေတတ်တယ်။
တချို့ရက်တွေမှာတော့ ဘရန်းတွေ ယူကျူ့ဗီဒီယိုတွေအတွက် တည်းဖြတ်ပေးနေတတ်သည်။
ဒါပေမဲ့ အဲ့ကလေး သူ့အလုပ်အပေါ် အာရုံစူးစိုက်နေချိန်ဆိုရင်တော့ ဆောင်းဟွန်းမျက်လုံးထဲ အဲ့ကောင်လေးရဲ့ ငတုံးလယ်ဗယ်က သုံးဆယ့်ငါးရာခိုင်နှုန်းလောက်တော့ လျှော့တယ်လို့ ပြောပေးလို့ ရပါတယ်။
YOU ARE READING
𝑻𝒉𝒆 𝒅𝒂𝒘𝒏 𝒐𝒇 𝑺𝒖𝒎𝒎𝒆𝒓 𝑹𝒂𝒊𝒏 🌤️ (𝐒𝐮𝐧𝐬𝐮𝐧)
Fanfiction" အခုက စပြီးတော့ နေသာတဲ့ရက် မရောက်ခင် လုပ်ကြမယ် " " မင်းက အသင့်ပြင်ထားလိုက် " ထူးဆန်းတဲ့ အကြောင်းပြချက်ပဲ။ ဟုတ်တယ် .. သူ့မှာ ဒီလို အကြောင်းပြချက်တွေလည်း ရှိတယ်။ ဒါပေမဲ့.. ဘာလို့ နေသာတဲ့ရက် မတိုင်ခင်မှာပဲ လုပ်ရတာလဲ??? ကျွန်တော် မိုးရွာတာကို မုန်းတယ...