Chapter 10

92 19 0
                                    

မနက်ခင်းတွင် ခြံထဲ၌ ရယ်မောသံတွေနဲ့ဆူညံနေသည်။ ပုံမှန်ဆို တံခါးပိတ်အိပ်လေ့ရှိသည့် ဂျီမင်းက ဒီနေ့တော့ ပိတ်ဖို့မေ့သွားတာကြောင့် အသံတွေကအတိုင်းသားကြားနေရသည်။ နဂိုကတည်းက နားပါးသည့်သူဖြစ်တာ‌ကြောင့်လည်း ဖြစ်နိုင်ပါသည်။

"ဘယ်ကအသံတွေပါလိမ့် ဂျီယွန်းများလား"

နာရီကိုတစ်ချက်မော့ကြည့်လိုက်ရင်း

"အခုမှ မနက်ခုနှစ်နာရီပဲရှိသေးတဲ့ဟာကို ငါပဲအိပ်ပုတ်ကြီးနေတာလား သူပဲစောစောနိုးနေတာလား"

အကြောဆန့်လိုက်ပြီး ပြတင်းပေါက်အနားကို အိပ်ချင်မူးတူးဖြင့်သွားကြည့်တော့

"ဂျီယွန်းကစကားပြောနေတဲ့ပုံလေးက ချစ်စရာ...ဘာမှမပြင်ဆင်ရသေးတဲ့ မျက်နှာလေးကိုက လှနေတော့တာ"

ဂျီယွန်းကိုပဲ အာရုံစိုက်နေရာမှ အရှေ့မှာ ဂျီယွန်းနဲ့စကားပြောနေတဲ့ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်တော့ ပြတင်းပေါက်ဘောင်ကို အလျင်အမြန်ဆွဲကိုင်လိုက်ကာ တစ်ကိုယ်လုံးပြုတ်ကျမတက် အရှေ့ကို တိုးထားပြီး

"နေပါဦး...နေပါဦး မနက်စောစောစီးစီး ငါ့ခြံရှေ့လာပြီးတော့...အော် သိပြီ ယွန်းဂျီယွန်းတို့က အဲ့တာကြောင့် အဲ့လောက်ကို မှိုရသလိုမျက်နှာနဲ့ ပြုံးဖြီးနေတာကိုး ဟက်!"

"ပုံစံကြည့်ရတာလည်းငါ့ထက်တော့ငယ်မယ့်ပုံ။ နေဦး zoom ဆွဲပြီး ဓာတ်ပုံရိုက်ထားမယ် ပြီးရင် အစ်မယောင်းဂျယ်ကို ပုံပြပြီးစုံစမ်းခိုင်းရမယ်။ နာမည်နဲ့အသက်ကနေစလို့ ဘယ်မှာနေပြီး ဂျီယွန်းနဲ့ ဘယ်လိုဆက်ဆံရေးဆိုတာအထိ"

ဂျီမင်းတစ်ယောက် မနာလိုအူတိုနေပြီး ပြတင်းပေါက်မှ လက်ကိုဆန့်ကာ ရှင်းရှင်းလင်းလင်းတောင် မမြင်ရသည့် မျက်နှာကို ချိန်၍ လက်ဖြင့် ဆုပ်ချေနေတော့သည်။ ထိုသူသာ အနားမှာရှိနေလျှင် မတွေးရဲစရာ။

ခြေထောက်ကို ဆောင့်ကာဆောင့်ကာနှင့် ကလေးတစ်ယောက် မုန့်မရသလို ဆူပုတ်ပြီး အိမ်အောက်ထပ်ဆင်းလာသည်။ အိမ်ထဲပြန်ဝင်လာသည့် ဂျီယွန်းက လက်မှာလက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်နဲ့။ ဂျီမင်းလည်းမြင်တော့ ဒေါသမဟုတ်သည့် သဝန်တိုမှုက ငယ်ထိပ်ဆောင့်တက်သွားပြီး

SHE'S MY WEBTOON CHARACTER || GOMGOMZ Where stories live. Discover now