part-2(unicode) 💙

556 33 2
                                    

"မောနိပါ မာန်"

မာန်နားထဲ ကြားလာတာသူမ၏အသံလေးသည် ချစ်စရာကောင်းလှသည်...

မာန်အိပ်ယာက နိုးနိုးချင်းမာန်အခန်းထဲ မှာနူးနူးညံညံလက်တစ်စုံသည် မာန်၏ပါးပြင်ပေါ်နွေးထွေးစွာကျ​ရောက်လာ
သည်..မာန်ခံစားမိတာသူမ၏
နီဆွေဆွေနုတ်ခမ်းတစ်စုံဟာ မာန်ပါးပြင်ကိုထိလာသည်...
မာန်ရင်တွေခုန်နေသည်...
မာန်အိမ်မက် မက်နေတာလား? မာန် ကပြာကယာဖွင့်ကြည့်မိတော့..မမဟေ..မာန်ရဲ့ဟေ..သူမ မှ သူမ ပါပဲ...ဟေမှ ဟေစစ်...မာန် အိပ်ယာက နိုးချင်း မျက်လုံးကိုပွတ်သက်ကာထ ထိုင်တော့ မာန်ကိုအပြုံးချိုချိုလေးတွေနဲ့ ကြိုနေသောသူမပင်..ဟေရဲ့မျက်ဝန်းတွေဟာတောက်ပလွန်းတယ်...
မာန်ရဲ့ဟေ သည်အရမ်းကိုချစ်စရာကောင်းလှစွာသောဟေ သာဖြစ်၏...

"မမ ဘယ်တုန်းက ရောက်တာလဲဗျာ"

"မာန်လေ မမကိုလွမ်းနေတာ"

"ဟေ သိပါတယ် ကလေးရယ် ထတော့နော်"

မာန်သည်သူမကိုဖက်တွယ်လိုက်တိုင်းပြန်လည် ထွေးဖက်ထားသော ဟေ ရဲ့ စိတ်တွေကိုမာန်မဖတ်တက်ပါပေ..ဟေက မာန်ကိုချစ်နေတာလား..
ဟူသောအတွေးတွေက မာန်ဆီ နှစ်ဝင်နေသည်

မာန်က ဟေ က်ို ရင်ခွင်ထဲ ဆွဲယူကာ ဖက်ထားလိုက်သည်

"ဟေ ထွက်မပြေးပါဘူးကလေးရယ်"

"အင်းပါမမရယ်မာန်ပျော်လို့ပါနော်"

"ထတော့နော်ကလေးရေ
ဟေ.မင်းအကြိုက်...မုန့်ဟင်းခါးပူပူလေးကိုအီကြာကွေ့လေးနဲ့ လာပို့တာကွာ မင်းသာအိပ်ပုတ်လေးဖြစ်နေတာ တကထဲ...ထ..ကဲ မျက်နာသစ်တော့"

ဟေ က မာန်ကိုပြောပြီးအခန်းထဲ ကထွက်သွားပေမယ့် မာန်မှာတော့ ရင်ခုန်သံတွေဟာအစမတန်မြန်ဆန်နေသည်...ဒီအမျိုးသမီးရဲ့စွဲဆောင်မူ့တွေကြောင့်မာန်ကြာရင် ရုန်းထွက်မရမှာတောင်စိုးမိသည်....

"မမဟာလေ မာန်ကိုဆိုတကယ်ဖမ်းစားထားတယ်"

တကယ်ပါပဲမာန် မျက်နာသစ် အဝတ်လဲ ပြီးတာတောင် မမက မနက်စာ မစားဘဲစောင့်နေလေရဲ့..မမကဘယ်လိုမာနကြီးတယ်အနေအေးလှ
တယ်ပြောပေအုံးတော့..မာန်ရဲ့
မမက မာန်အတွက်တော့
ရေပြာအိုင်လေးပါပဲ...အမြဲတိတ်ဆိတ်ပြီးအေးမြနေတာလေ...လုံးဝ ကို အကြည်ဓာတ် လေးပေါ့...

ဟေသာနွယ်(GL)Where stories live. Discover now