Hawaii memories

426 87 2
                                    

Hawaii memories

ဖုန်းကို တစ်စိမ့်စိမ့်ကြည့်နေတဲ့ ကောင်လေး
တစ်ယောက်ရဲ့ မျက်နှာမှာ အလိုမကျမှု
များစွာရှိနေပါသည်

အဲ့ကောင်လေးကတော့ နာမည်ကျော် Kpop
Group ဖြစ်တဲ့ BTS အဖွဲ့ဝင်အငယ်ဆုံးလေး
Jeon Jung Kook ပါ

မျက်နှာမသာမယာ ဖြစ်နေရတဲ့အကြောင်းအရင်းကတော့ သူ့ရဲ့တစ်ဦးတည်းသော
ချစ်ရသူလေး ကင်မ်ထယ်ဟျောင်း ကြောင့်
ပါပဲ

အလုပ်ကိစ္စကြောင့် ဟာဝိုင်အီကိုသွားတာ
အခုထိကို မဆက်သွာလာဘူး

အချစ်က အရမ်းကိုနေနိုင်တာပဲ
တစ်ဦးတည်းသော ချစ်သူဖြစ်တဲ့ ဒီကောင့်ကိုမဆက်သွယ်ပဲ ပစ်ထားတယ် အခုထိလဲ
ဖုန်းမဆက်ဘူး

ဖုန်းဆက်လဲ လူကြီးမင်းနဲ့တိုးနေတယ်
ကြာရင် လူကြီးမင်းနဲ့ ဂျွန်ဂျောင်ဂုက ညားပါတော့မယ်

ဂျွန်ဂျောင်ဂု အတွေးများနေတဲ့အချိန် ဖုန်းက လင်းလာသည်

- မောင် အိပ်နေပြီလား
မအိပ်သေးရင် အချစ်ကို ဖုန်းခေါ်လိုက် 😜

ဂျွန်ဂျောင်ဂုကို ကင်မ်ထယ်ဟျောင်းက
လွယ်တယ်ထင်နေပုံပဲ

ပစ်ထားတုန်းက ပစ်ထားပြီး အခုမှ
မအိပ်သေးရင် ဖုန်းခေါ်လိုက်ဆိုပဲ

ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်က ဖုန်းခေါ်ဆိုတိုင်း
ခေါ်မယ်ထင်လို့လား

"အချစ်လေးရေ မောင်လွမ်းနေပြီ
ဘယ်တော့ ပြန်လာမှာလဲ..."

"ထယ် အလုပ်ကိစ္စတွေ မပြီးသေးဘူးလေ
ဟာဝိုင်အီကို ထယ်ရောက်တာ 3ရက်တောင်
မပြည့်သေးပါဘူးကွာ "

"ဒီကကောင်က လွမ်းနေပြီလေ
သုံးရက်က သုံးနှစ်တောင် ကြာသလို ခံစားနေရတာကို..

ထယ်က အရမ်းရက်စက်တာပဲ "

"ထယ်လဲ မောင့်ကိုလွမ်းတာပါပဲလေ
မောင်ရယ်

အလုပ်ကိစ္စကမပြီးသေးတော့ ပြန်လာလို့မရတာ..."

ထယ်ဟျောင်းတစ်ယောက် ပြောနေရင်း ပြန်ပြောသံမကြားရလို့ ကြည့်လိုက်တော့ မောင်တစ်ယောက် ဖုန်းကိုချသွားခဲ့ပြီ

ဒီကောင်လေး စိတ်ဆိုးသွားပြီထင်တယ်​
ကိုရီးယားပြန်ရောက်မှပဲ ချော့တော့မယ်လို့
စဥ်းစားထားလိုက်တော့သည်

...
Next Day

ကင်မ်ထယ်ဟျောင်းတစ်ယောက် အိပ်နေရင်း
ဖုန်းသံကြားလို့ နိုးလာရသည်

ဘယ်လိုလူက စောစောစီးစီး ဖုန်းခေါ်တာ
ပါလိမ့်

အမည်မသိဖုန်းပေမဲ့ အသိထဲကဖြစ်နိုင်တယ်
ထင်ပြီး ကိုင်လိုက်တော့ အံ့သြနေရသည်

"ထယ်ဟျောင်းဂီးဟျောင်း အချစ်ရေ

မောင် ဟာဝိုင်အီရောက်နေပြီ အချစ်က
ဘယ်မှာလဲ..."

"ဂျွန်ဂျောင်ဂု နောက်နေတာလား .."

" အချစ်ပဲ မောင့်ကိုလွမ်းတယ်ဆိုလို့လ
လိုက်လာခဲ့တာလေဗျာ "

ဂျွန်ဂျောင်ဂုကြောင့် ထယ်ဟျောင်း အံ့ဩ
နေရသည်

လွမ်းတယ်လို့ပြောလိုက်မိလို့ ချက်ချင်း
လိုက်လာတာတဲ့

You've reached the end of published parts.

⏰ Last updated: Aug 13 ⏰

Add this story to your Library to get notified about new parts!

Hawaii's memoriesWhere stories live. Discover now