To All the Ones I love

5.5K 574 77
                                    

မင်္ဂလာပါ။ ကျွန်တော်ကတော့ မိုးရာသီမှာ ပြန်ပေါ်လာတဲ့ ဆီးနှင်းခဲပါ။ ᐡ⸝⸝> ·̫ ‪<⸝⸝ᐡ

စာတွေရေးနေခဲ့ရင်း Update တွေပေးခဲ့ရင်း စာဖတ်သူတွေနဲ့ ကြိုးတံတားအဆက်အသွယ်လေး ပြတ်တောက်ခဲ့တာ ကြာရောပေါ့။ လွမ်းတယ်ပြောပြီး ပစ်ထားမိပါတယ်။ လာရိုက်ကြပါ နှုတ်ခမ်းနဲ့ 😞

(Arrr That's too cringe heehee[ဟဲဟဲ] လို့ဖတ်)

ဒါလေးကို မွေးနေ့လက်ဆောင်အဖြစ်ရေးပေးမယ်နော်လို့ စာတင်ပြီးမှ ပလော့ထိုင်တွေးခဲ့တာပါ။ ရက်အတော်ကြာမှ အပြင်မထွက်ရတဲ့ကောင်လေးတစ်ယောက်ကို ပုံဖော်ဖို့ကြိုးစားမိတာနဲ့ ရောဂါ အရင်းအမြစ်တွေကို လိုက်တီးခေါက်ရင်း XP (Xeroderma Pigmentosum) အကြောင်းကို တွေ့ပြီး စာတွေရှာဖတ်ရင်းနဲ့ အခြေတည်နိုင်ခဲ့ပါတယ်။ စာက အတိုလည်းဖြစ်၊ အချိန်ကလည်း မမီတော့ အကျဉ်းချုပ်လိုက်ရတာကြောင့် Rare Genetic Disorder XP အကြောင်းအများကြီး ထည့်မရေးလိုက်ရပေမဲ့ စိတ်ဝင်စားစရာကောင်းတာမလို့ ဗဟုသုတအနေနဲ့ အားတဲ့အခါ ရှာဖွေဖတ်ကြည့်ဖို့လည်း တိုက်တွန်းပါရစေ။

အမျိုးမျိုးအထွေထွေ ပြောင်းလဲသွားတဲ့ အခြေအနေမှာ စာရေးတဲ့စိတ်ကို ဦးဆောင်နေတဲ့ ခံစားချက်တွေက ဒီအတောအတွင်း အောက်ဆုံးထိရောက်သွားခဲ့ပါတယ်။ ဘေးဘီကလူတွေက စာရေးဖို့တိုက်တွန်းတဲ့အခါ ဖျစ်ညှစ်ကြိုးစားပြီး ကျွန်တော်ရေးကြည့်ပါသေးတယ်။ မျှော်နေကြတဲ့ လက်ပံတစ်ပွင့် ကိုပေါ့။ တန်းလန်းကြီးထားခဲ့တာကို၊ အဲဒါနဲ့ ရေးကြည့်တော့ စာတွေက လစ်မစ်နဲ့ထွက်လာခဲ့ပါသေးတယ်။ အဲဒီမှာ စပြီး ကျွန်တော် ကွိုင်တက်တာပါပဲ။ စာရေးတဲ့အခါ ဖျစ်ညှစ်ပြီးရေးရတာ သိပ်စိတ်ပျက်စရာကောင်းပါတယ်။ ဒါကတော့ ငါရေးချင်တာမဟုတ်ဘူး၊ ငါလိုချင်တာကလည်း ဒါမဟုတ်ဘူး။ ခံစားချက်တွေ မပါနေတာကို သိလိုက်တဲ့အချိန် ကျွန်တော် ဦးနှောက်ကို သံပရာသီး ညှစ်သလို ညှစ်ဖို့ ကြိုးစားနေတာကို လက်လျော့လိုက်တော့တာပါပဲ။ အစမှာ အရှိန်တွေနဲ့ လက်ပံပင်ဆီ မောင်းခဲ့ပြီးမှ လူသူလေးပါးမရှိတဲ့ ကျောက်ခင်းလမ်းတစ်ဝက်မှာ ဘီးပေါက်သွားတဲ့ကားလေးလိုပေါ့။ ကျွန်တော် အပိုဘီးလေးတော့ လှည့်ယူခိုင်းနေပါတယ်။ ဘီးလေးတပ်ပြီးရင်တော့ ဝူးခနဲ မိုင်ကုန် မောင်းပြီး လက်ပံကောက်လာခဲ့ပါမယ်။ အပိုဘီးလှည့်ယူနေတဲ့ ကျွန်တော့် စိတ်ခံစားချက်တွေကို အမြန်ဆုံးရောက်လာဖို့ မေတ္တာပို့ပေးကြပါ XD (Just kidding) ( ⸝⸝⸝¯ ³¯⸝⸝⸝ )♡

You've reached the end of published parts.

⏰ Last updated: Aug 15, 2024 ⏰

Add this story to your Library to get notified about new parts!

ဩဂုတ်လရဲ့ အဝါရောင်တမ်းချင်းWhere stories live. Discover now