Intro

17 1 0
                                    

ကျွန်တော်နဲ့ညှို့ရဲ့ပထမဦးဆုံးတွေ့ဆုံမှူဟာ
နယ်မြို့ကလေးရဲ့ ဘူတာအိုရုံဟောင်းလေးတစ်ခုမှာပေါ့..။

သိပ်ကိုစွဲမက်စရာကောင်းလွန်းတဲ့ အကြည်ရောင်မျက်ဝန်းတွေအောက်မှာ ကျွန်တော့်ရဲ့အချိန်တွေခဏတာရပ်တန့်ခဲ့ရပါတယ်
တယုတယနဲ့ငေးမောချင်ရလောက်အောင်
ညှို့ရဲ့မျက်ဝန်းတွေဟာ သိပ်လှတာ . .။

2000 ခုနှစ်ရဲ့နွေဦးရာသီ နေ့တစ်နေ့ဟာ
ညှို့အတွက်တော့ သာမန်ရက်တစ်ရက်ထက်မပိုခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ ကမ္ဘာသစ်တစ်ခုစတင်မယ့်နေ့။
ဘဝတစ်ခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားစေမယ့် နေ့ရက်တွေရဲ့အစလို့လည်းပြောလို့ရတယ်။
ကျွန်တော့ဘဝထဲ တစ်ရက်ချင်း တစ်လှမ်းချင်း
တိုးဝင်လာခဲ့တဲ့ညှို့ဟာ စေတန်နတ်ဆိုးအလား။
မကြိုဆိုသင့်မှန်း ကျွန်တော်ဟာနောက်ကျမှ (လွန်စွာနောက်ကျမှ) သိရှိခဲ့ရပါတယ်..။

အဖဘုရားသခင်ရဲ့ကြင်နာမှူနဲ့
အဲ့ဒီနေ့ရက် အချိန်ကိုပြန်သွားလို့ ပြန်လည်ပြင်ဆင်ခွင့်ရှိမယ်ဆိုရင်တောင် ညှို့ရဲ့မျက်ဝန်းတွေအောက်မှာကျရှုံးဖို့ကိုပဲ အထပ်ထပ်အခါခါရွေးချယ်မယ်
အမှတ်မရှိစွာနဲ့ ကျွန်တော်ဟာ နောက်ထပ်တစ်ကြိမ်
ချစ်ရေးဆိုပါမယ် . .
ညှို့မရှိတဲ့နေ့ရက်တွေမှာ မရှင်သန်လိုတာ
ရူးမိုက်မှူတစ်ခုလား စွဲလမ်းမှူလေလား
ဘယ်လိုပဲဆိုကြပါစေ ကျွန်တော့်ရဲ့ရွေးချယ်မှူဟာ သံသရာကမ္ဘာအဆုံးထိ ညှို့တစ်ဦးထဲရယ်ပါပဲ
စေတန်နတ်ဆိုးတွေရဲ့ရက်စက်မှူနဲ့ နောက်ဆုံးအချိန်ထိ ညှို့ရဲ့ရွေးချယ်ရာဟာ ကျွန်တော်မဟုတ်ခဲ့။

ကျွန်တော်နဲ့ညှို့ရဲ့တွေ့ဆုံမှူဟာ ရေစက်လား
ဝဋ်ကြွေးလေလား တဖက်သတ်ချစ်ခြင်းတွေ
ဒီကမ္ဘာမှာဘယ်လောက်များ လောင်ကျွမ်းခဲ့ရပြီးပြီလဲ . .။

ထိုနေ့က ကျွန်တော့်အတွက် ကြယ်တွေကြွေခဲ့ပေမယ့် ညှို့အတွက်တော့ သာမန်ရက်တစ်ရက်သာ . . ။

#ရိုင်း 🦋

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

ညှို့ - NyohWhere stories live. Discover now