သုံးနှစ်ကြာခဲ့ပြီပင်။
မိုးရေတွေများကြား လိပ်စာမေးကာ လမ်းပျောက်ခဲ့သည်မှာလည်း သုံးနှစ်ကျော်လောက်ရောပေါ့။ ပြီးတော့ ထိုလူ့အား စ၍ တွေ့ခဲ့သည်မှာလည်း သုံးနှစ်။
သုံးနှစ်အတွင်း ဆွန်းဂွမ်တော်တော်များများ သင်ယူတတ်မြောက်ခဲ့သည်။ ခက်ခဲသော ကာလများတွင် အိမ်ကို သတိရပြီး ပြန်ချင်ခဲ့သော်လည်း တောင့်ခံခဲ့ပြီး နောက်ဆုံးတော့ သူ့လို တောင့်ခံနိုင်ခဲ့သော သင်တန်းသား ဆယ့်နှစ်ယောက်နှင့်အတူ ပွဲဦးထွက်ဖို့ တစ်ရက်သာ လိုတော့သည်ပင်။ သေချာပေါက် ထိုလူဟာလည်း ပွဲဦးထွက်မည့်အထဲ ပါလေ၏။ ဆွန်းဂွမ် ပွဲဦးထွက်ရမည်အား စိတ်လှုပ်ရှားကာ ထိုလူနှင့် အတူဆိုသည့် အတွေးအား တွေးမိလျှင်လည်း ဆယ်ဆခန့် စိတ်လှုပ်ရှားရသည်။ သင်တန်းသားတော်တော်များများက ဆွန်းဂွမ်နှင့် ဆွန်းယောင်းက တစ်ဖွဲ့တည်း ပွဲဦးထွက်နိုင်ရန် မဖြစ်နိုင်ဘူးဟု ခဏခဏပြောကြသော်လည်း အခုအတူဖြစ်သွားတော့ အံ့ဩနေကြ၏။ တချို့ဟာလည်း ဆွန်းဂွမ်စိတ်ခံစားချက်အား ရိပ်မိသယောင် ဖြစ်နေကြ၍ ဘာများ ဆက်ဖြစ်ကြမည်လဲဟူ၍ စောင့်ကြည့်ရန် တေးထားကြသည်ပင်။
"ဆွန်းဂွမ် သွားမယ်လေ။ အဆင်သင့်ဖြစ်ပြီမလား။"
"ဟင် အင်း ဖြစ်ပြီ။"
စိတ်လှုပ်ရှားနေ၍ ဟိုတွေးဒီတွေး တွေးနေသော ဆွန်းဂွမ်အား ဆွန်းချောလ်က အနားလာပြီး ပုခုံးပုတ်ကာ ပြောသည်ကြောင့် ယောင်အမ်းအမ်းနှင့် ဖြေလိုက်၏။ သူ၏ နောက်မှာလည်း ဂျီဟွန်းက ကပ်ပါလျက်သား။ သင်တန်းသား တော်တော်များများ တတွဲတွဲ သူငယ်ချင်း ကိုယ်စီရှိသည်မှာ မဆန်းသော်လည်း သူတို့နှစ်ယောက်ဟာတော့ အလွန်အကျွန်ကို တတွဲတွဲ ဖြစ်လွန်း၏။ ဂျီဟွန်းကလည်း အခြားသူတွေနှင့်သာ စကားသိပ်မပြောပဲ ဆွန်းချောလ်နှင့်တော့ အမြဲ ပြုံးပျော်ပြီး စကားပြောနေသည်မှာ တစ်ယောက်တည်း ဟုတ်ပါရဲ့လားဟု မေးရမည်အထိ။ ဆွန်းဂွမ်မှာလည်း သူတို့နှစ်ယောက်ကို ကြည့်ကာ ဆွန်းယောင်းနှင့်သူလည်း သူတို့လိုမျိုး ဖြစ်လျှင် ကောင်းမည်ဟု အမြဲတွေးမိပါသည်။
YOU ARE READING
Falling For You
Fanfictionခင်ဗျားတစ်ယောက်အပေါ်မှာပဲ ကျွန်တော့်ရဲ့ စိတ်အစုံက ကျရှုံးခဲ့တာ။ Seventeen SoonBoo Fanfic Myanmar