"Sunghoon ဒါမင်းအတွက်မနက်စာလေး"
"အဲ့ခုံပေါ်မှာပဲ တင်ထားလိုက်ကွာ။"
သူစနစ်တကျ ထုပ်ပိုးထားတဲ့ မနက်စာဘူးလေးအား ခုံပေါ်မှာတင်ရင်း ဆောနူတစ်ယောက် ဆောင်ဟွန်းအား
"ဆောင်ဟွန်း အဲဒါဆိုငါတင်ခဲ့လိုက်ပြီနော်"
ဘာစကားမှ ပြန်မရသော်လည်း ဆောနူတစ်ယောက် မိမိခုံသို့ ပြန်လာခဲ့လေသည်။တကယ်တော့ ဆောင်ဟွန်းနဲ့ဆောနူက အထက်တန်းရောက်မှ စတွေ့ကြတာပါ။ဆောနူကကျောင်းပြောင်းကျောင်းသားလေ။စတွေ့တွေ့ချင်းပဲ သဘောကျခဲ့မိတာပေါ့ စာတော်ပြီးရုပ်ကလည်းချောတာကိုး ပတ်ဆောင်းဟွန်းက။မိန်းကလေးတွေနဲ့လည်း သိပ်မရောဘူး။ဒါပေမယ့် သူသူ့ငယ်ချင်းတွေကိုတော့ အတော်လေး ဂရုစိုက်ပြီး ချစ်ပေးရှာတယ်။ဂျေး တို့ ရှင်းဂျယ်ယွန်းတို့က သူ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့။အိမ်တွေကလည်း တစ်လမ်းထဲဆိုတော့ ဘယ်သွားသွား အတူတူပဲ အမြဲတမ်း တွဲပြီးမြင်နေရတာပေါ့သူတို့သုံးယောက်ကို။ဆောနူးတို့ အိမ်က သူတို့နဲ့ လမ်းချင်းကပ်လျက်ပေါ့။ဆောင်ဟွန်းကို တွေ့ချင်ရင် အဲ့လမ်းထဲမှာ ဆောနူတစ်ယောက် စက်ဘီး ပတ်စီးရတာအမော။ဆောနူ အထက်တန်းစမတက်ခင် နွေရာသီကျောင်းပိတ်ရက်မှာပဲ ဆောနူအဖေက ဆုံးသွားခဲ့တယ်။ဆောနူက အဖေချစ်သားလေးဆိုတော့ ၀မ်းနည်းခဲ့ရတာပေါ့။ဒါပေမယ့် ဆောင်ဟွန်းတို့အမေက သတင်းလာမေးရင်းနဲ့ အားပေးစကားပြောပေးသွားရှာတယ်။ဆောနူးလေးက အရမ်း၀မ်းမနည်းပါနဲ့တဲ့။ဆောနူးအတွက် အန်တီတို့ရှိပါသေးတယ်တဲ့။ဆောင်ဟွန်းလည်း ရှိနေတာပဲ အားမငယ်ပါနဲ့တဲ့လေ။အဲ့တုန်းက ဆောင်ဟွန်းက ဘယ်သူဆိုတာ မသိပေမယ့်လို့ပေါ့။အခုတော့ ဆောနူးအဘွားပဲ ရှိတော့တာပေါ့ အိမ်မှာက။အဘွားက ဆောနူးကို အရမ်းချစ်ပေးတော့ စိတ်ထဲ့မှာအားငယ်မှုတွေမရှိတော့ပါဘူး။၀မ်းနည်းစိတ်နဲ့သတိရစိတ်လေးတော့ ကျန်တာပေါ့လေ။
ထားပါတော့လေ ဒါကဆောနူအကန့်ပေါ့။
ဆောနူက သူ့ကိုသဘောကျနေမှန်းသိလို့လားမသိဘူး။ဆောင်ဟွန်းက သူ့အပေါ်ဆို တော်တော်ဆိုးတာ။ဆောနူဆိုတဲ့လူသားလေး တည်ရှိမှန်းကို မသိချင်ယောင်ဆောင်ထားတာပေါ့လေ။
"ဆောင်ဟွန်းနား ဗိုက်ဆာတယ်ကွာ။ဘာစားစရာရှိလဲ။"
အမေးစကားသံနဲ့အတူ အခန်းထဲ၀င်လာတဲ့ ဂျေးတို့သူငယ်ချင်းတစ်စု"ဒီအပေါ်က ထမင်းဘူးယူစားလို့ရတယ်။ငါလည်းမစားဘူးဆိုတော့ "
ဆစ်ခနဲအောင့်သွားသောရင်ဘတ်နဲ့အတူ ဝဲတက်လာသော မျက်၀န်းအိမ်မှ မျက်ရည်စတို့ကို သိမ်းဆည်းထားလိုက်ရင်း မကြားသလိုသာ ဆောနူတစ်ယောက်ဟန်ဆောင်လိုက်မိတော့သည်။
ဆောနူဘက်က အရင်စချစ်မိတဲ့သူပဲလေ။ပိုချစ်တဲ့သူက အရှုံးပဲဆိုတာကိုသိလျက်နဲ့ပေါ့။"အမယ် မင်းက ထမင်းဘူးတွေဘာတွေပြင်လာလို့ပါလား။ဟ အမိုက်စားပဲကွ ထမင်းကိုပုံဖော်ထားသေးတယ် ပင်ဂွင်းပုံလေး။မင်းအဲလိုတွေ ကလေးဆန်တတ်မှန်း မသိခဲ့ရပါလား bro ရာ။"
"ငါ့အကြောင်းလည်းမင်းတို့သိရဲ့သားနဲ့ ငါက အဲလို ကြောင်တောင်တောင်ကလေးကွက်တွေလုပ်မလားကွသူများလာပေးထားတာ။"
"ဒါပေမယ့် စားချင်စဖွယ်လေးကွ။ကြည့်ရတာနဲ့ အရသာရှိမယ့်ပုံလေး လုပ်ထားတာလည်း သပ်သပ်ရပ်ရပ်လေး။ဘယ်သူလာပေးထားတာလဲ"
"ကင်ဆောနူလေ"
"ဆောနူက လာပေးတာပေါ့လေ"
အံ့ဩသံနဲ့အတူ မေးခွန်းထုတ်လာသော ဂျေး
"အေး ဘာဖြစ်လို့လဲ"
"မဖြစ်ပါဘူး ဆောနူက အေးအေးဆေးဆေးနေတတ်တဲ့သူကို အဲလိုလာပေးတာဖြစ်နိုင်ပါ့မလား"
"မယုံရင် သူ့သွားမေးကြည့်ပေါ့"
"ဒါနဲ့ ဘာအကြောင်းမှမရှိဘဲ သက်သက်ကြီးတော့ လာပေးပါ့မလား"
"ဂျေး မင်းကလည်း တုံးရန်ကောကွာ။ဆောင်ဟွန်းကိုသဘောကျနေလို့ပေါ့ကွ။ကိုယ်စိတ်၀င်စားမှုမရှိတဲ့သူတစ်ယောက်ကို ဘယ်သူက အချိန်တွေကုန်ခံ လူအပင်ပန်းခံပြီး လုပ်ပေးမှာလဲ။"
"အေးနော် ဂျယ်ယွန်းပြောတော့လည်း ဟုတ်တာပဲ။"
"အဲဒီတော့ ဆောင်ဟွန်း မင်းဘက်ကရော ဘယ်လိုလဲ"
"ငါစိတ်၀င်စားတဲ့သူရှိတာ မင်းတို့သိပါတယ်။သူတော့မဟုတ်တာ သေချာတယ်"
ဆောနူလည်း သိပါတယ်။သူစိတ်၀င်စားနေတဲ့လူကို ဟီဆွန်းဆိုတဲ့လူပေါ့။ဆောနူတို့ထက် စီနီယာက တစ်နှစ်ကြီးတယ်လေ။ဒီနှစ်ပြီးရင် အထက်တန်းပြီးတော့မယ့်စီနီယာလေ။စီနီယာက အရမ်းနှစ်လိုဖွယ်ကောင်းတာ။သဘောလည်း ကောင်း ခင်ဖို့ကောင်းပြီး လူချစ်လူခင်လည်းများတယ်။အဲလိုလူမျိုးမို့ ဆောင်ဟွန်းတစ်ယောက်သဘောကျမိတာမဆန်းပါဘူး။ဆောနူနားလည်ပါတယ်။ဦးနှောက်ကနားလည်နေပေမယ့်လည်း နှလုံးသားကတော့ နာကျင်ရတာပေါ့။
YOU ARE READING
Unrequited love to mutual love
Fanfictionငါကတော့ သူ့ကိုချစ်လိုက်ရတာ သူကတော့ ငါမဟုတ်တဲ့ အခြားတစ်ယောက်ကိုတဲ့ တကယ်ပါ ခြေကုန်လက်ပန်းကျနေပီ သူ့ကိုချစ်ရတာ လက်လျှော့သင့်ပီထင်တယ် Kim Sunoo အရင်က ငါ့ကိုဆို လိုက်ကပ်နေကျကောင်လေးက အခုတော့ တစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတစ်ယ...