"အိပူး ထို့အိမ်တွားရာယ် ရာ..မား."
"ကျန့်ကျန့်ကလေးရယ် ရိပေါ်လေးက အိပ်ရာတောင်မနိုးလောက်သေးဘူး"
မနက်စောစော အရုပ်တွေစုထည့်ထားသည့် ခြင်းတောင်းကို လက်သေးသေးလေးတွေဖြင့်မနိုင်မနင်းမကာ ဟိုဘက်အိမ်ကို သွားဆော့ဖို့ကျန့်ကျန့်တစ်ယောက်သူမားမားကိုပူဆာနေတော့သည်။
"ကျန်းကျန်း အိပူးတို့အိမ်တွားချင်ရာယ် ယိုက်ဘို့...ဘို့"
ခြေထောက်သေးသေးလေးတွေဆောင့်ကာ ကျန့်ကျန့်က ဆိုးပြတော့သည်။
ကျန့်ကျန့်ဆိုးပြရင် မားမားက သေချာပေါက်အလိုလိုက်မှာ။"ဟွန့် ပါ့နဲ့တိုင်မာ.."
"ကျန့်ကျန့်ရယ် ခက်ပါလား အခုမှ မနက်6နာရီပဲရှိသေးတာ"
"ကျန်းကျန်း တိဖူး အိပူး ချီ အိပူး အဟင့်..."
မျက်လုံးဝိုင်းဝိုင်းကြီးတွေဆီကနေ မျက်ရည်လုံးလေးတွေက တလှိမ်ါလှိမ့် ဖြတ်ဆင်းသွားသည်။
ကျန်းကျန်းငိုပြနေတော့လည်း မားမားက မျက်ဒေါင့်နီကြီးနဲ့ကြည့်နေတာကြောင့် အမွေးပွ အခင်းပေါ်
ကိုယ်လုံးအိအိလေးနဲ့ လှိမ့်ချပြီး ခြေထောက်တိုတိုတွေက ကန်ထုတ်ပြီး အော်ငိုတော့သည်။" အီး ဟီးးး အိပူး အိပူးဆီတွားချင်ရယ် ဟီးး"
"မနက်စောစော မားမားမရိုက်ချင်ဘူးနော်"
"မား ချိတ်ပုတ်ရီး ဟီး အီး.."
နှပ်ချေးတွေပါ နှာခေါင်းမှာ ကျလာတာကြောင့်
လက်နဲ့ဖိသုတ်ပစ်တယ်။ ပါးအိအိပေါ်မှာ နှပ်ချေးတွေက အတစ်လိုက်မျက်ရည်ကြည်တွေနဲ့ ကျန့်ကျန့်က အခုမနက် မားမား အင်္ကျီလှလှလေး၀တ်ပေးထားပြီး ပါးပေါ်မှာပါ ပေါင်ဒါလေး လိမ်းပေးထားတာတွေ က တစ်စစီ ပျက်ကုန်ပြီး အာပေတူးလေးဖြစ်နေတော့သည်။
အသန့်အရမ်းကြိုက်သည့် ကျန့်ကျန့်လေးက ဟိုဘက်အိမ်က အိပူးဆီသွားချင်လို့ ညစ်ပေအောင်လည်း
လုပ်တက်ပါသေးသည်။"လာ ရေပြန်ချိုး , ရေချိုးပြီးရင် လိုက်ပို့ပေးမယ်"
"ကျန်းကျန်း ရေ ရေ ချိုး"