"Phuwin !!""အာ Phi Dunk Phiကျောင်းပြီးသွားထဲက မတွေ့တာအတော်ကြာပြီနော် ဘယ်လာတာလဲ"
"ဟုတ်တယ် Joong နဲ့လာတာ ဒီနေ့ မေဂျာဘောလုံးပွဲမှာ ရန်ဖြစ်တဲ့ ကောင်လေးက Joongညီလေ ရုံးခန်းထဲထိရောက်လို့ လာရှင်းပေးရတာ"
"Aww 1st yearလေးတွေရန်ဖြစ်တာကြားတယ် Phi" ဒီနေ့ ရန်ဖြစ်တာ အကြီးအကျယ်ဆိုတဲ့ အကြောင်းသူများတွေပြောတာကြားတာကလွဲရင် ကျန်တာအားလုံးအတွက် no idea ပဲ
"ဟုတ်တယ် ငါတို့Phuwinလေးလို မလိမ်မာကြဘူး" Phi Dunk ကပြောပြောဆိုဆို Phuwin ခေါင်းလေးအားပုတ်ပေးသည်။
"ဒါနဲ့ Phuwin အကူအညီတောင်းလို့ရမလား"
"ဟုတ်ကဲ့ Phi အားမနာပါနဲ့ အချင်းချင်းပဲကို"
"ဟိုဟာလေ"
"အားမနာပါနဲ့ Phiရဲ့"
"Joong ညီလေးကို စာပြန်ပြပေးပါလား Phuwin လခပေးဆိုလဲ ပေးပါ့မယ် ကူညီပါအုံး"
"အာ Phi တကယ်ကလေ ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်Projectအတွက် အချိန်အရမ်းကုန်နေတာ သူတကယ်သင်ဖို့လူလိုနေတယ် ဆိုရင်တော့ တစ်နေ့နှစ်နာရီလောက် ပြန်ပြပေးနိုင်ပါတယ် လခလဲ မပေးနဲ့ Gem ကိုကြည့်ပေးရင်း စာပြပေးလို့ရတယ် "
"ကျေးဇူးပါ Phuwin ရာ မင်းကအမြဲ Joong နဲ့Phiအတွက် ကယ်တင်ရှင်ပဲ"
"မဟုတ်တာ ကိုယ့်အစ်ကိုတွေပဲ"
"ဒီညနေတစ်ခါထဲ စာပြပေးလိုက်ပါလား"
"ဟုတ်ကဲ့"
"ဒါဆို ညနေPhiလာပို့ပေးမယ်နော် သူ့ကို ဘယ်ပို့ပေးရမလဲ"
" "UNA CAFE" ကော်ဖီဆိုင်လေးကိုပဲ လာခဲ့လေ "
"Okay okay see you "
နှုတ်ဆက်ပြီးထွက်သွားတဲ့ Phi Dunk ရဲ့ကျောပြင်လေးကိုကြည့်ပြီး Phuwin စိတ်ထဲမှာ ထိုကောင်လေးက ထိန်းရသိမ်းရ ပြောရဆိုရ လွယ်ဖို့ပဲ ဆုတောင်းနေမိသည်။----------------------------
ကော်ဖီဆိုင်ထဲတွင်
"Gem မင်းကို ငါဘာပြောထားလဲ တက္ကသိုလ်ရောက်နေပြီ စာကို သေချာလုပ်လို့ ပြောထားတယ်လေ"
"အင်းလေ သိတယ်လေ ဘာလို့လဲ"
"အာရုံစူးစိုက်ပြီးလုပ်လေ မင်းကိုငါဒီအပုဒ်ကိုရှင်းပြနေတာ ဘယ်နှခါရှိပြီလဲ"
"မသိဘူးလေ"
"Gemini!!!"
"မအော်နဲ့လေ"
"မင်းလုပ်တာလေ အော်ရအောင်
စာသေချာနားထောင်မှာလား ဆိုင်က ဝိတ်တာကောင်လေးကိုကြည့်မှာလား""စာနားထောင်ပြီး ကြည့်မှာ"
"မင်းအာ့လိုလုပ်ရင် ငါဒီဆိုင်မှာစာလာမလုပ်တော့ဘူး"
"Sry sry စာသေချာလုပ်မယ် ကတိကတိ"
ညီအစ်ကိုဝမ်းကွဲမို့သာ စာပြပေးရတာ ကိုယ့်စိတ်နဲ့ကိုယ်ဆို သူ့စာပြပေးရမယ့် နှစ်နာရီ အိမ်မှာ Hanabiလေးနဲ့ ဖက်အိပ်နေပြီ ဟူး ငါ့သမီးလေးလွမ်းလိုက်တာ
"Phuwin"
"အာ Phi Dunk လာ "
ဟုတ်သားမေ့နေတာ Phi Dunkနဲ့ သူ့ယောက်ဖလာမှာကို"Phuwin တို့များ သူ့Phiပဲမြင်တယ် စိတ်မကောင်းဘူး ခံစားရတယ်"
"Phi Joong!!"
"ပြောမှသိတယ်"Phi Joongနဲ့Phi Dunk တို့ကသူကို တကယ့်ကို ညီအရင်းလို ဆက်ဆံပေးခဲ့ကြတာ သူအရင်ပထမနှစ်စတတ်တော့ Phi Joongကပဲ သူ့ကို စာပြန်ပြပေးခဲ့တာ အာ့လိုဆိုတော့ တကယ်ဆို Phi Joongက သူ့ညီကို စာပြန်ပြပေးထားလို့ရတာပဲလေ ဘာလို့သူလဲ
"Phuwin ဒါက Pond Joongညီ ဂရုစိုက်ပေးပါအုံး"
"ဟုတ်ကဲ့ Phiတို့ ညီဆို ကျွန်တော့် ညီပါပဲ"
"ဘယ်သူက ခင်ဗျားရဲ့ ညီဖြစ်ချင်မှာလဲ ဖြစ်မယ့်ဖြစ် ခင်ဗျားရည်းစားပေါ့ "
ထိုင်ခုံအသွားသူ့ နားကပ်ပြီး တိုးတိုးပြောသွားတဲ့ စကားအဆုံးမှာ သူ့ရင်ခုန်သံတွေ မြန်လာရသည်။ပထမနေ့တည်းက ဒီလိုဖြစ်နေရင် မင်းတော့ နောက်ရက်တွေ ဘယ်လိုလုပ်မလဲ
Phuwin Tang ရေ လို့ ကိုယ့်ကိုယ်သာ ရေရွတ်နေမိသည်။-----
*Phuwin လေးက final သူ့ကိုကိုက ပထမနှစ်
ဒီထဲမှာ Phuwin က အစ်ကိုသေးသေးလေးပါ*
YOU ARE READING
My Cute Maestro (Complete) (PondPhuwin)
FanfictionPond and Phuwin 🐻🐼 fanfiction I just write for fun