kiss 💋

317 28 2
                                    

ဘာလုပ်လုပ် လွဲချော်နေသလို မပြည့်စုံသလို ခံစားနေရတာာမို့ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် ထိုင်သောက်နေတဲ့ သူ့ကို သူငယ်ချင်းတွေက သူတို့ချိန်းပြီး ဘောလုံးကန်ကြမှာ ပိုက်ဆံကြေးလိုက်ခဲ့ပါဆိုပြီးခေါ်တာနဲ့ လိုက်မိသည်။ ပိုက်ဆံကြောင့်မဟုတ်ပေမယ့် ဒီတိုင်းပျင်းလို့ ဘောလုံးလိုက်ကန်ရာမှ ဂြိုလ်ဆိုးဝင်တယ်ထင် မတရားညစ်တဲ့ကောင်တွေနဲ့ လာကြုံသည်။

အလှလေးနဲ့မတွေ့ရလို့ ဘူနေတယ်ဆိုမှ ရန်လာစတဲ့ကောင်နဲ့ ကြုံလာတော့ ဒေါသတွေပုံချမိသည်။စိတ်ရှိရှိနဲ့ထိုးရင်း သူငယ်ချင်းလာဆွဲမှ ပြေးရသည်။ ခြေဦးတည့်ရာပြေးရင်း အလှလေးတိုက်ခန်းရှေ့ရောက်လာသည်။ အလှလေးတိုက်ခန်းမှန်း ဘယ်လိုသိလဲဆို စာအတူလုပ်ပြီးပြန်ရင် ညဘက်ကို တစ်ယောက်တည်း ပြန်တဲ့ အလှလေးကို စိတ်မချလို့ နောက်ကနေ လိုက်ပို့ရင်း သူ့တိုက်ခန်းကိုသိသွားတာ

ဘာလို့ တိုက်ခန်းရှေ့ရောက်နေလဲ သူလဲမသိ သူအခန်းကို စိုက်ကြည့်နေတုံး အလှလေးက သူ့ကို ခေါ်လာသည်။သူ့ဒဏ်ရာတွေမမြင်စေချင်လို့ ထွက်သွားမယ်ဆိုမှ "မင်း အခုထွက်သွားရင် နောက်ရက်ငါ့ဆီမလာနဲ့တော့"လို့ သူ့အလှလေးက ဆိုလာသည်။အလှ‌လေး အသံအရဆို သူ့ကို စိတ်ဆိုးနေပုံရတာမို့ သူမထွက်သွားဖြစ်။

သူ့မျက်နာက ဒဏ်ရာတွေမြင်တော့ ဆေးထည့်ပေးချင်သည်ဆိုလာသည်။ဟိုနေ့က ကောင်ရုပ်ကို မြင်လာတော့

"မလိုပါဘူး အစ်ကို့ရဲ့ ရည်းစားကိုပဲ သွားဂရုစိုက်"

"Pond မင်းကို ဘယ်သူက အစ်ကိုမှာရည်းစားရှိတယ်လို့ ပြောလိုက်တာလဲ"

"ခင်ဗျားလေးကို ဟိုနေ့က ဂရုစိုက်နေတဲ့ တစ်ယောက်လေ"

"သူငယ်ချင်းပါ တစ်ခန်းထဲသူငယ်ချင်း စိတ်မဆိုးနဲ့ လာ ဆေးထည့်ပေးမယ် "

အလှလေးမှာ ရည်းစားမရှိဘူး သိရတော့ သူ့စိတ်ထဲ အလုံးကြီးက ဘယ်ရောက်သွားမှန်းမသိ။ဆေးထည့်ပေးလိုက် ဆေးလေးတွေမှုတ်ပေးလိုက်နဲ့ လုပ်နေတဲ့ အလှလေးဟာ တကယ် ဖက်နမ်းချင်စရာ နမ်းချင်စိတ်တွေ ထိန်းချုပ်ပြီး

"အစ်ကို"

"ပြော"

"အစ်ကို့ ကို သဘောကျတယ် မဟုတ်ဘူး အစ်ကို့ကို ချစ်တယ် အစ်ကို့ကိုလိုက်လို့ရမလား"

"ဘာ. . . ဘာ. . . ဘာလို့ လာမေးတာလဲ အာ့လိုမျိုး"

"အာ့ဆို မေးတာမဟုတ်ဘူးဗျာ အသိပေးတာ အခုကစပြီး ကျွန်တော်က အစ်ကို့ကိုစလိုက်တော့မှာ "

"အာ့တော့"

"ဘာဖြစ်ရမှာလဲ အစ်ကိုစိတ်ကို ပြင်ဆင်ထားရမှာပေါ့ ကျွန်တော်က အစ်ကို့ကို စလိုက်မှာလေ ကျွန်တော့်ကိုပြန်ချစ်ဖို့ အစ်ကို့နှလုံးသားလေးကို ပြင်ဆင်ထားပေးတော့"

သူပြောတဲ့စကားတွေကို မျက်လုံးပြူးပြီး နားထောင်နေတဲ့ အလှလေးဟာ ပါးမို့မို့လေးတွေရဲလို့ အရှက်သည်းပြီး သူ့နှုတ်ခမ်းထောင့်က ဒဏ်ရာကို ဆေးထည့်ပေးရင်း နှုတ်ခမ်းလေးဆူကာ မှုတ်ပေးနေသည်။

မသိတော့ဘူး ဥပုသ်စောင့်ရအောင် သူတော်စင်လဲ မဟုတ်ဘူး အသဲယားစရာ အလှလေး မျက်နာလေးနား ကပ်သွားလိုက်တယ် အလှလေးက သတိမထားမိဘူး ထင်တယ်။ နီးကပ်သွားတဲ့ မျက်နာနှစ်ခု နောက်မှာ သူ့နှုတ်ခမ်းတွေကို အလှလေးရဲ့ နှုတ်ခမ်းများဆီ ထိကပ်လိုက်တယ် အား ထွေးထွေးအိအိနှုတ်ခမ်းများ Americano ပဲသောက်တဲ့ အလှလေးရဲ့နှုတ်ခမ်းများက Hazelnut latte  အရသာလေး

ဒီနှုတ်ခမ်းတွေ  ငါ လုံးဝပြန်မလွှတ်ချင်တော့ဘူးးး

--------------------^-------------------------
*ဘာလို့Hazelnutလဲဆို ကျွန်မသောက်ချင်လို့ပါ *

My Cute Maestro (Complete) (PondPhuwin)Where stories live. Discover now