""ဆရာအဲ့လူပါပဲ""
သက်ပိုင်မှူး သူ့အိမ်ထဲမှာအပေါ်ပိုင်းဗလာကို အေပရွန်ဝတ်ရင်းချက်ပြုတ်နေတဲ့ယောကျာ်းကိုလက်ညှိုးထိုးပြရင်းပြောလိုက်တယ်။ရဲအရာရှိက အရှေ့ကိုတတ်လာပေမယ့် သူတို့ဘက်လှည့်လာတဲ့အချိန်မှာ ခြေလှမ်းကရပ်သွားတယ်။
""မိန်းမပြန်လာပြီလား""
တစ်ဖက်လူရဲ့ချိုသာတဲ့စကားသံနဲ့ ချောမောနေတဲ့မျက်နှာကြောင့် သက်ပိုင်မှူးကြောင်သွားသလို လက်ထဲကဓားရဲ့အသွားကိုလက်မနဲ့အသာဖိရင်းပြောနေတဲ့စကားကြောင့်ရဲအရာရှိငယ်လည်း လန့်သွားတယ်။အမေရေ သူကအခုမှအလုပ်ဆင်းကာစ ရဲအရာရှိလေးပါ။ဒီလို ရာဇဝင်အိုးကို သွားပြီးတုတ်နဲ့ထိုးမိစရာလား
""ဒီကရဲအရာရှိကြီးကိုလည်း ကျနော့်မိန်းမကိုအိမ်ပြန်လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်""
""မဟုတ်တာ မဟုတ်တာ"" အရာရှိငယ်က တစ်ဖက်လူရဲ့စကားကိုအတင်းလက်ခါပြကာပြောလာသည်။
""ကျနော့်ကိုစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားလို့ပါ ရဲအရာရှိကြီးကြောင့်သာမဟုတ်ရင်ဘယ်လိုက်ရှာရမှန်းမသိဖြစ်နေမှာ""
""အထူးတလည်မဟုတ်ပါဘူး လမ်းမှာတွေ့တာနဲ့ခေါ်လာခဲ့တာ ကျနော့်အလုပ်လည်းပြီးပြီဆိုတော့ပြန်တော့မယ်နော်""
""လိုက်မပို့တော့ဘူး""
""ဆရာ နေပါဦး""
အတင်းပြန်ပြေးသွားတဲ့ ရဲအရာရှိကြောင့် သက်ပိုင်မှူးတားတာတောင်မမှီတော့ပေ။ဝုန်းခနဲ တံခါးပိတ်သံကကျယ်လောင်စွာ တစ်ဖက်လူကအေပရွန်ကိုချွတ်လိုက်ပြီး သူ့အနားကိုတိုးကပ်လာတယ်။သက်ပိုင်မှူးက တံခါးနဲ့အဲ့လူကြားမှာ။ကျယ်ပြန့်တဲ့ရင်ဖက်က မျက်လုံးရှေ့မှာမို့ အကြည့်လွှဲလိုက်တော့ သူ့မေးစေ့ကိုဆွဲလာကာမော့စေသည်။
""ကျနော့်ကိုပဲ ကြည့်စမ်းပါ""
""မယုတ်မာနဲ့""
သူ့မျက်နှာနား ငုံ့လာတဲ့လူကြောင့် သက်ပိုင်မှူးအမြန်တွန်းလိုက်တော့ သူ့လက်တွေကတစ်ဖက်လူရင်ဖက်ပေါ်မှာ။
YOU ARE READING
Stalker
Short Storyဖတ်ပြီးရင် voteပေးပါ 1 Chapterကို vote50မရရင် အပိုင်းအသစ် ဆက်မတင်ပါဘူး