"မောင့်ကလေးလေး ထတော့"
နှစ်ယောက်သားအတွက်ပျော်ဖို့ကောင်းတဲ့
ညလေးတစ်ညဖြစ်ခဲ့သော်လည်း
ပင်ပန်းခံခဲ့ရသည့် ရစ်ခီသည် မနက်ပိုင်းကို
ကျော်လွန်သွားတဲ့အထိ မနိုးသေး။ဂယူဗင်းကလည်း အရင်လိုသာဆို မနှိုးရက်ပေမဲ့ ဒီနေ့တော့
အရေးကြီးသွားစရာရှိသေးသည်။သူ အပြင်သွားတဲ့အချိန် ရစ်ခီနိုးလာသည့်အခါ
တစ်ယောက်တည်းဖြစ်နေတာမျိုးကို
ဂယူဗင်းကမဖြစ်စေချင်၊အထူးသဖြင့်
သူတို့ ပူပူနွေးနွေးအချစ်တိုက်ပွဲလေးတွေဆင်နွှဲပြီး ခြေကုန်လက်ပန်းကျကာအိပ်ပျော်သွားရသည့်
နေ့တွေမျိုးမှာပေါ့။ရစ်ခီသည် အအိပ်မက်သည်။
ဘယ်တော့မှ နှိုးရမလွယ်။
သို့သော် ဂယူဗင်းသည် ရစ်ခီနဲ့ ပတ်သက်ရင် စိတ်ရှည်ပါသည်။ရစ်ခီထံမှ အချစ်ကိုရယူဖို့
နှစ်နှစ်ခွဲနီးပါးကြိုးစားခဲ့ရတုန်းကလည်း
သူသည် တစ်ခါမှမညီးညူခဲ့ပေ။"ဖယ်စမ်း မျက်နှာတွေလာကိုင်မနေနဲ့"
မျက်လုံးတွေအုပ်လုနီးပါးဖြစ်နေသည့် ဆံသား၀ဲ၀ဲလေးတွေကို ဂယူဗင်းက ဖယ်ပေးပြန်တော့
ရစ်ခီဆီကဆူဆူအောင့်အောင်အသံလေးထွက်လာပြန်သည်။"နိုးရင်လည်းထတော့ကွာ မောင့် အစ်ကို ပြန်လာမှာ လေဆိပ်မှာသွားကြိုဦးရမယ်"
"ဟာ ငါမလိုက်ချင်ဘူးလို့ ပြောထားတယ်လေ
အဲတာကြောင့် မနေ့ညက ငါတို့ "ရစ်ခီသည် မျက်လုံးအစုံမပွင့်သေးသော်ငြား
ထထိုင်ကာ ခံပြင်းစွာ ရန်တွေ့လာသည်။
သူ့ စကားတောင်မဆုံးသေး
ဂယူဗင်းကအော်ရယ်လာတော့သည်။
ရစ်ခီသည် မြင်ပြင်းကပ်စွာ ဂယူဗင်း ဗိုက်ကို လက်သီးနဲ့ထိုးချပလိုက်သည်။"နာတယ် ရစ်ခ်ရ၊မင်းကို မောင့်အစ်ကိုနဲ့
မိတ်ဆက်ပေးချင်လို့ပါဆို "ဂယူဗင်းသည် ရစ်ခီ လက်သီးဆုပ်လေးတွေကို
သူ့လက်နဲ့တားပြီး မျက်နှာချင်းဆိုင်အနေအထားအတိုင်း ထထိုင်သည်။ အစ်ကိုအရူး ကင်ဂယူဗင်း
အကြောင်းသိနေတော့လည်း ရစ်ခီမှာ ဒီထက်ပိုပြီး
မငြင်းနိုင်။ မိခင်နဲ့ မိတ်ဆက်ပေးဖို့ထက်
ကင်ဂယူဗင်းက ရစ်ခီကို သူ့အစ်ကိုနဲ့
အရင်မိတ်ဆက်ပေးချင်တယ်ဆိုပြီး ပြောဖူးတာလည်း တစ်ခေါက်၊နှစ်ခေါက်မဟုတ်တော့။
YOU ARE READING
From The Start
FanfictionOnly love can hurt like this Paloma Faith ♥︎ ⇄ ◁◁ 𝚰𝚰 ▷▷ ↻ ⁰⁰'²⁵ ━━●━━───── ⁰²'⁰⁸